ယနေ့ အောက်တိုဘာလ(၉)ရက် နံနက်ပိုင်းက အသက် (၇၀) နှစ်အထက် လက်ရွေးစင်ကစားသမားဟောင်းကြီးများအပါအဝင် ကန်တော့ခံ ပုဂ္ဂိုလ်(၁၂၄)ဦးအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဝါကျွတ်ဂါရဝပြု ကန်တော့ခဲ့ကြကြောင်း သိရသည်။
ဝါကျွတ်ဂါရဝပြုကန်တော့ပွဲတွင် ကန်တော့ခံသက်ကြီးပုဂ္ဂိုလ်တစ်ဦးလျှင် ကျပ် (၃) သိန်းစီနှင့် မြန်မာ့လက်ရွေးစင် အသင်းဂျာစီများဖြင့် ကန်တော့ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို MFF Futsal Stadium တွင် ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ မြန်မာနေရှင်နယ်လိဂ် ကော်မတီဝင်များ၊ ကလပ်အသင်းပိုင်ရှင်များ၊ ဖူဆယ်ကော်မတီနှင့်ဖူဆယ်လိဂ်အဖွဲ့ဝင်များ၊ နည်းပြများ၊ မြန်မာ့လက်ရွေးစင် ကစားသမားများနှင့် ဝန်ထမ်းများမှ ဂါရဝါပြု လက်ဆောင်များဖြင့် ဝါကျွတ်ကန်တော့ခဲ့ကြခြင်းဖြစ်သည်။
ထို့နောက် ကန်တော့ခံပုဂ္ဂိုလ်ကြီးများ ကိုယ်စား မြန်မာ့လက်ရွေးစင်ဟောင်း ဦးစိုးမြင့်မှ ဆုံးမသြဝါဒစကား ပြောကြားခဲ့ပြီးနောက် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှ အမှတ်တရစကားပြောကြားခဲ့သည်ဟု သိရသည်။
