Wednesday, May 6, 2026

လျှပ်စစ်ဓာတ်အားဖူလုံစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

ဒေသအလိုက် လျှပ်စစ်ဓာတ်အားဖူလုံစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၆ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ မှာကြားခဲ့ခြင်းဖြစ်သည်။ " လျှပ်စစ်ဓာတ်အားကို...

ဝယ်လိုအားရှိသည့် မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီကို ဈေးကွက်လိုအပ်ချက်အတိုင်းပြည့်မီအောင်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်...

ဝယ်လိုအားရှိသည့် မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီကို ဈေးကွက်လိုအပ်ချက်အတိုင်းပြည့်မီအောင်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၆ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် ပေါ်ဆန်းမွှေးဆန်သည်...

Miss Grand Myanmar ပြိုင်ပွဲ...

လတ်တလော ဖြစ်ပေါ်နေသော အငြင်းပွားမှုများကြောင့် Miss Grand Myanmar ပြိုင်ပွဲ၏ ဆက်လက်ကျင်းပရန် ကျန်ရှိနေသည့် Preliminary Competition နှင့် Grand...

မြန်မာ-နီပေါ နှစ်နိုင်ငံ ပညာရေးမူဝါဒနှင့် သုတေသနကဏ္ဍများတွင်...

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် နီပေါနိုင်ငံ၏ ထိပ်သီး Think Tank အဖွဲ့အစည်းတစ်ခုဖြစ်သည့် Nepal Development Research Insti tute...
HomeNewsLocal NewsMFF၏ ၂၀၂၄-၂၀၂၈ခုနှစ် သက်တမ်းအတွက်...

MFF၏ ၂၀၂၄-၂၀၂၈ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်အသစ် (၁၉)ဦးဖြင့် ရွေးချယ်ဖွဲ့စည်း

မြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ်၏ ၂၀၂၄- ၂၀၂၈ ခုနှစ်အတွက် အလုပ်အမှုဆောင်အသစ်ရွေးချယ်ပွဲကို ယနေ့ မတ်လ (၃၀) ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ၊ နိုဗိုတယ်ရန်ကုန်မက်စ် ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ၊ အလုပ်အမှုဆောင်အသစ် (၁၉)ဦးအား ဆန္ဒမဲပေးစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်း ခဲ့ပြီးဖြစ် ကြောင်း သိရသည်။

အလုပ်အမှုဆောင်အသစ်ရွေးချယ်ရာ၌ တာဝန်ယူဆောင်ရွက်ရမည့် ကဏ္ဍများအလိုက် ရွှေးချယ်တင်မြှောက်ခဲ့ကြခြင်းဖြစ်ပြီး၊ ဥက္ကဋ္ဌအဖြစ် ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးပြည့်ဖြိုးတေဇ၊ ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာခင်စောဦးတို့ရွေးချယ်ခံခဲ့ရသည်။

ထို့အတူ အထက်မြန်မာပြည် ကိုယ်စားလှယ် ဦးကျော်စွာထွန်း၊ အထက်မြန်မာပြည်ကိုယ်စားလှယ် ဦးလအောင်၊ အထက်မြန်မာပြည်ကိုယ် စားလှယ် ဦးစောငြိမ်း၊ အောက်မြန်မာပြည်ကိုယ်စားလှယ် ဒေါက်တာ ထက်ခိုင်ဝင်း၊ အောက်မြန်မာပြည် ကိုယ်စားလှယ် ဦးဝင်းကိုကို၊ အောက်မြန်မာပြည်ကိုယ် စားလှယ် ဦးသင်းမောင်စိုးတို့ ရွေးချယ်ခံခဲ့ရသည်။

ထို့အပြင် မြန်မာနေရှင်နယ်လိဂ်(၁) ကိုယ်စားလှယ် ဦးဇော်မင်းသိန်း၊ မြန်မာနေရှင်နယ်လိဂ်(၁) ကိုယ် စားလှယ် ဦးလှကျော်ဝင်း၊ မြန်မာ နေရှင်နယ်လိဂ်(၁) ကိုယ်စားလှယ် ဦးကျော်ဦးမြန်မာ နေရှင်နယ်လိဂ်(၂) ကိုယ်စားလှယ် ဦးထောင်ထှာထန်း၊ နည်းပြကိုယ်စားလှယ် ဦးစိုးမြတ်မင်း၊ ကစားသမား ကိုယ်စားလှယ် ဦးသီဟစည်သူ၊ အမျိုးသမီးဘော လုံး ကိုယ်စားလှယ် ဒေါ်သိန်းသိန်းအေး၊ ဒိုင်ကိုယ်စားလှယ် ဦးလှတင့်
ဖူဆယ်နှင့်သဲသောင်ပြင် ကိုယ် စားလှယ် ဦးဝင်းသော်စုစုပေါင်း(၁၉)ဦးတို့အားရွေးချယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ MFF Elective Congress 2024 သို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်နှင့် အာဆီယံဘောလုံး အဖွဲ့ချုပ်တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူများ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အထူဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊၂၀၁၉- ၂၀၂၃ သက်တမ်း တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အလုပ် အမှုဆောင်များ၊ ၂၀၂၄-၂၀၂၈ သက် တမ်းအတွက် ဝင်ရောက်ရွေးချယ်မည့် ကိုယ်စားလှယ်လောင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်(၁)၊ မြန်မာနေရှင်လိဂ်(၂)၊ ဖူဆယ်လိဂ်နှင့် အမျိုးသမီးလိဂ်တို့မှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ-MFF

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လျှပ်စစ်ဓာတ်အားဖူလုံစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

ဒေသအလိုက် လျှပ်စစ်ဓာတ်အားဖူလုံစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၆ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ မှာကြားခဲ့ခြင်းဖြစ်သည်။ " လျှပ်စစ်ဓာတ်အားကို ဒေသအလိုက်ဖူလုံစေရေးအ တွက် လက်ရှိအချိန်မှာ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းတွေက်ု မိမိတို့ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရပါမယ်"ဟု နိုင်ငံတော်သမ္မတက မှာကြားသည်။ ထို့ပြင် အပူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကိုလည်းဆောင်ရွက်ရမည်ဖြစ်ကာ လျှပ်စစ်ဓာတ်အားများ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် စိစစ်ဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့အတူ စက်သုံးဆီများအား တတ်နိုင်သမျှထိန်းသိမ်းဆောင်ရွက်ထားနိုင်ကာ ဆီသိုလှောင်မှုများနှင့် ဖြန့်ခွဲမှုများစနစ်တကျဖြစ်စေရေးအတွက်လည်းဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတကမှာကြားခဲ့သည်။ ထို့ပြင် တာဝန်ရှိသူများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ သ ဘာဝဓာတ်ငွေ့များဖြန့်ဖြူးရာတွင်လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေးဆောင်ရွက်ရန်လိုအပ်မှု၊ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် သန်လျင်ရေနံချက်စက် ရုံအားပြန်လည်တည်ဆောက်အဆင့်မြှင့်တင်လျက်ရှိမှု၊...

ဝယ်လိုအားရှိသည့် မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီကို ဈေးကွက်လိုအပ်ချက်အတိုင်းပြည့်မီအောင်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

ဝယ်လိုအားရှိသည့် မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီကို ဈေးကွက်လိုအပ်ချက်အတိုင်းပြည့်မီအောင်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၆ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် ပေါ်ဆန်းမွှေးဆန်သည် နိုင်ငံတကာဈေးကွက်တွင်နာမည်ရပြီးဖြစ်၍ ဈေးကွက်လို အပ်ချက်ရှိသည့်ပို့ကုန်တစ်ခုဖြစ်ရာ မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည့်နည်းတူ မြန်မာနိုင်ငံမှထွက်ရှိသည့် ကော်ဖီသီးနှံသည်လည်းဝယ်လိုအားရှိပြီးဖြစ် သည်ဟု ပြောသည်။ "ဒါ့ကြောင့် ဈေးကွက်လိုအပ်ချက်ရှိပြီး ဝယ်လိုအားရှိတဲ့ မြန်မာ့ပေါ်ဆန်းနဲ့ မြန်မာ့ကော်ဖီကို အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်ဖို့နဲ့ ဈေးကွက်လိုအပ်ချက်အတိုင်း ပြည့်မီအောင်တင်ပို့နိုင်ဖို့ကြိုးပမ်းဆောင်ရွက်ရပါမယ်"ဟု နိုင်ငံတော်သမ္မတက မှာကြားသည်။ ထို့ပြင် နိုင်ငံတော်၏ စီးပွားရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုအား ပေးပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ကုန်...

Miss Grand Myanmar ပြိုင်ပွဲ ကျန်ရှိပွဲများ အကန့်အသတ်မရှိ ရွှေ့ဆိုင်း

လတ်တလော ဖြစ်ပေါ်နေသော အငြင်းပွားမှုများကြောင့် Miss Grand Myanmar ပြိုင်ပွဲ၏ ဆက်လက်ကျင်းပရန် ကျန်ရှိနေသည့် Preliminary Competition နှင့် Grand Final ပြိုင်ပွဲများကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ယနေ့ မေ ၆ ရက်နေ့တွင် တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြိုင်ပွဲဝင် တာချီလိတ် အလှမယ်တစ်ဦးမှ မယ်သီလရှင် ဝတ်စုံဖြင့် ယှဉ်ပြိုင်ခဲ့မှုအပေါ် လူမှုအသိုင်းအဝိုင်းအတွင်း ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့် ဆက်စပ်နေသည်ဟု သိရသည်။ Miss Grand Myanmar...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071