MEVM မဲပေးစက်များသည် ရွေးကောက်ပွဲအတွက် အရေးကြီးသည့် ကြီးကြပ်ကန့်သတ်ပစ္စည်းများဖြစ်၍ ထားသိုထိန်းသိမ်းရာ၌လုံခြုံမှုရှိရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက ဇွန် ၂ ရက်တွင်ကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ပြင်ဆင်ထိန်းသိမ်းခြင်းသင်တန်းဖွင့်ပွဲ၌ပြောကြားခဲ့ခြင်းဖြစ်သည်။
မဲပေးစက်များကို သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ ပျ-က်စီးထိ ခိုက်မှုမဖြစ်အောင်စနစ်တကျထားသိုထိန်းသိမ်းရန်၊ ခြောက်လတစ်ကြိမ် စဉ်ဆက်မပြတ်ပုံမှန်စစ်ဆေးရန်လည်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ကော်မရှင်အဖွဲ့ခွဲရုံးအသီးသီးရှိ ဝန်ထမ်းများ မြန်မာအီလက်ထရောနစ်မဲပေးစက်များနှင့်ပတ်သက်၍ ကျွမ်းကျင်မှုရှိစေရန် မဲပေးစက်စစ် ဆေးပြုပြင်ထိန်းသိမ်းမှုများကို ကိုယ်တိုင်စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ကာ သင်တန်းသား/သူ (၁၀၀) ဦးကို ဇွန် ၂ ရက်မှ ဇွန် ၂၆ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။
