Monday, May 4, 2026

ကေတုမတီမြို့ဟောင်း၌ အရှည်ပေ(၂၁၀)ရှိ ရှေး ဟောင်းကျုံးကူးတံတားတည်ဆောက်မည်

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း၌ အ ရှည်ပေ(၂၁၀)ရှိ ရှေးဟောင်းကျုံးကူးတံတားတည် ဆောက်မည်ဖြစ်ရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၃ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ကေတုမတီမြို့ဟောင်း၏ မြောက်ဘက်မြို့ရိုးမော် ကွန်းတံခါးပေါက်နှင့်...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေး ကျန်းမာရေးဝန်ကြီး...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေး ကျန်းမာ‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေးနှင့်...

ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း

ဆဋ္ဌသင်္ဂါယနာတင်ဋီကာကျမ်းစာ ၂၆ အုပ်ကို ကွန်ပျူတာစာမူပြုစုခြင်းလည်း စတင်ဆောင်ရွက်လျက်ရှိ ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာ စာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ ကို မေ ၃ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ...

တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို လာမည့် ပညာသင်နှစ်တွင် ပြန်ဖွင့်မည် ဟု သိရသည်။ လတ်တလော၌ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဒေသတာဝန်ရှိသူများ၊...
HomeNewsFootballMax Energy Futsal...

Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲတွင် RPG FC အသင်း ချန်ပီယံဆု ဆွတ်ခူး

Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ယမန်နေ့ဇူလိုင် (၁၈) ရက် က MFF Futsal Stadium တွင် ကျင်းပခဲ့ရာ RPG FC က 7Brother FC အသင်းကို (၂)ဂိုး(၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ယခုနှစ်အတွက် ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည်။

ပြိုင်ပွဲ ပထမဆု ရရှိခဲ့သော RPG FC အသင်းအား ဆုကြေးငွေ ကျပ်သိန်း (၅၀)ကို အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ‌ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပေးအပ်ခဲ့ပြီး တစ်ဦးချင်းဆုများကိုလည်း ချီးမြှင့်ခဲ့သည်။

ထို့ပြင် ဒုတိယဆု ရရှိသော 7 Brother FC အသင်းအား ဆုကြေး‌ငွေကျပ် သိန်း (၃၀)ကိုလည်းကောင်း ၊ တတိယဆုရရှိခဲ့သော Marga FC အသင်းအား ဆုကြေးငွေ(၁၅)သိန်းကို လည်းကောင်း တာဝန်ရှိသူများက အသီးသီး ဆု‌ပေးအပ်ချီးမြှင်ခဲ့ကြသည်။

ပြိုင်ပွဲကာလတလျှောက် အသန့်ရှင်းဆုံးအသင်းဆုရရှိသော 7 Brother FC အသင်းကိုလည်း အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် (၃) သိန်း ချီးမြှင့်ခဲ့သည့်အပြင် အကောင်းဆုံး ဂိုးသမားဆု ရရှိခဲ့သော 7 Brother FC အသင်းမှ အောင်ကောင်းသန့်အား ဆုကြေးငွေ ကျပ် (၂)သိန်း ထပ်မံချီးမြှင့်ပေးအပ်ခဲ့သည်။

အလားတူ ပြိုင်ပွဲ၌ အကောင်းဆုံး ကစားသမား ဆုရရှိသည့် RPG FC အသင်းမှ ကောင်းထက်ဇော် ကိုလည်း အမှတ်တရ ဆုနှင့် ဆုကြေး ငွေကျပ်(၂) သိန်းကို ပေးအပ်ခဲ့ကြသည်။

MFF Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲကို ဇွန် (၂၂) ရက်တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲတွင် တစ်အုပ်စုလျှင် အသင်း(၅) သင်းဖြင့် အုပ်စု (၁၀)စု ကိုဖွဲ့စည်းကာ ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကေတုမတီမြို့ဟောင်း၌ အရှည်ပေ(၂၁၀)ရှိ ရှေး ဟောင်းကျုံးကူးတံတားတည်ဆောက်မည်

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း၌ အ ရှည်ပေ(၂၁၀)ရှိ ရှေးဟောင်းကျုံးကူးတံတားတည် ဆောက်မည်ဖြစ်ရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၃ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ကေတုမတီမြို့ဟောင်း၏ မြောက်ဘက်မြို့ရိုးမော် ကွန်းတံခါးပေါက်နှင့် ကျုံးရေပြင်အားဖြတ်သန်း၍ အ ရှည်ပေ(၂၁၀)ရှိ ရှေးဟောင်းကျုံးကူးတံတားတည် ဆောက်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ကျုံးနှင့် မြို့ရိုးကြား၌ မြေယာအလှရှုခင်းတို့ကိုဆောင်ရွက်လျက်ရှိသည်။ တိုင်းဝန်ကြီးချုပ်က ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်ရန်၊ LandScaping Design များ ခေတ်မီလှပစေရန်နှင့် ကျုံးကူးတံတားဘယ်/ညာ ကျုံးဆလန်ချောဆက်လက်ပြုလုပ်ရန်တို့ကို မှာကြားခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေး ကျန်းမာရေးဝန်ကြီး မှာကြား

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေး ကျန်းမာ‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေးနှင့် သေဆုံးသူလူနာများထားရှိရာ Mortuary အဆောက်အအုံသစ် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကြိုးစားဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပြည်သူများ လက်လှမ်းမီသည့် ကျန်းမာရေး စောင့်‌‌ရှောက်မှုများကို ပိုမိုရရှိစေရေး၊ လူနာများစောင့်ဆိုင်းရမှု အချိန်ကာလလျော့ကျစေရေး၊ လူနာပြုစုကုသမှုများ ပိုမိုစနစ်ကျစေရေး၊ ပြည်သူမှ စိုက်ထုတ်ကုန်ကျငွေ အတတ်နိုင်ဆုံးလျော့နည်းစေရေးတို့ကို ဆေးရုံတာဝန်ရှိသူများကို မှာကြားခဲ့ကြောင်းလည်း သိရသည်။

ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း

ဆဋ္ဌသင်္ဂါယနာတင်ဋီကာကျမ်းစာ ၂၆ အုပ်ကို ကွန်ပျူတာစာမူပြုစုခြင်းလည်း စတင်ဆောင်ရွက်လျက်ရှိ ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာ စာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ ကို မေ ၃ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇသန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသအမှူးပြုသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာသင်တိုက်ကြီးများမှ ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071