Thursday, February 26, 2026

မြန်မာနိုင်ငံတွင် အပျော်တမ်း ဘောလုံးလောက အဆင့်အတန်း...

မြန်မာနိုင်ငံတွင် အပျော်တမ်းဘောလုံးလောက အဆင့်အတန်း မြင့်မားလာစေရန်နှင့် အပျော်တမ်းအဆင့်မှ ပရော်ဖက်ရှင်နယ်အဆင့်သို့ ကူးပြောင်းခြင်းဆိုင်ရာဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။ အဆို ဆွေးနွေးပွဲအတွင်း FIFA ၏...

ပုဂံရှိ ရှေးဟောင်းကျောက်စာများကို RTI နည်းပညာဖြင့်...

ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သည့် ပုဂံတွင် ရှေးဟောင်းကျောက်စာများ ပျက်စီးမှုများ တိုးမြင့်လာနေသဖြင့် မှတ်တမ်းတင်ထိန်းသိမ်းနိုင်ရန် Reflectance Transformation Imaging (RTI) စနစ်ဖြင့် မှတ်တမ်းတင်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း...

ဝါးတရာစက်မှုဇုန်ရှိ ဖော့စက်ရုံ၌ Level 1...

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငမိုးရိပ်လမ်းရှိ ဖော့စက်ရုံ၌ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နံနက် ၁၁ နာရီ ၄၆ မိနစ်ခန့်က...

ပျဉ်းမနား အာဟာရသုခဈေးမီးလေ-ာင်မှု ဆိုင်ခန်းပေါင်း (၂၄၀)...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေး ရွာအုပ်စု၊ ကင်ပွန်းတန်းကျေးရွာရှိ အာဟာရသုခဈေး၏ ရုံအမှတ် (ဂ) မှစတင်ကာ ဖေဖော်ဝါရီ ၂၅ ရက်ည ၈...
HomeNewsLocal NewsMAI နှင့် အင်ဒိုနီးရှားနိုင်ငံ...

MAI နှင့် အင်ဒိုနီးရှားနိုင်ငံ Perkasa Flight School နှင့် Aviation Training & Flying Academy တို့သဘောတူလက်မှတ်ရေးထိုး   လေကြောင်းပညာရေးနှင့် ပရော်ဖက်ရှင်နယ်အလုပ် အကိုင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါသည့်ခြေလှမ်းတစ်ရပ်ဖြစ်ဟု အင်ဒိုနီးရှား သံရုံးတာဝန်ခံပြော

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)နှင့် အင်ဒိုနီးရှားနိုင်ငံ Perkasa Flight School & Aviation Training & Flying Academy (ATFA) Cadet Pilot Program and Cabin Crew Preparatory Program များ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖေဖော်ဝါရီ ၂၄ ရက်က သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံး သံရုံးတာဝန်ခံတက်ရောက်၍ MAI နှင့် အင်ဒိုနီးရှားနိုင်ငံရှိဦးဆောင်လေကြောင်းသင်တန်းအဖွဲ့အစည်းများကြားပူးပေါင်းဆောင်ရွက်မှုသည် လေကြောင်းပညာရေးနှင့် ပရော်ဖက်ရှင်နယ်အလုပ်အကိုင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

MAI နှင့် Perkasa Flight School တို့ကြားသဘောတူညီချက်အရ Pilot Cadetship Program ကိုအကောင် အထည်ဖော်မည်ဖြစ်ကာ MAI ၏ ကျွမ်းကျင်လေယာဉ် မောင်းအရာရှိများကို ရေရှည်အခြေခံဖြင့်ပြုစုပျိုး ထောင်မည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School တွင် Directorate General of Civil Avitation of Indonesia (DGCA) စည်းမျဉ်းစည်းကမ်းများနှင့်အညီ Ab Initio သင်တန်းများကိုသင်ယူရမည်ဖြစ် သည်။

MAI အနေဖြင့် Perkasa Flight School နှင့်ပူးပေါင်းဆောင်ရွက်မှုသည် ပထမဆုံးအပြည်ပြည်ဆိုင်ရာ Pilot Cadet Training မိတ်ဖက်ဖြစ်ရာ မြန်မာ-အင်ဒိုနီးရှားနှစ်နိုင်ငံကြား ရှည်လျားသောလေကြောင်းပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးကို ပိုမိုခိုင်မာစေသည့် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်သည်။

MAI ၏ Chief Executive Officer မှလည်း Cadet Pilot Program စတင်ခြင်းသည် သင်တန်းတစ်ခုသာမက MAI နှင့် မြန်မာနိုင်ငံ၏လေကြောင်းလုပ်ငန်းအနာ ဂတ်ကိုပုံဖော်ရာတွင် အရေးကြီးသောပထမခြေလှမ်းဖြစ်ပြီး လေကြောင်းလုပ်ငန်းတွင် အရည်အချင်းပြည့်မီပြီး တာဝန်ခံစိတ်ရှိသော pilot များအတွက် လိုအပ် ချက်မြင့်တက်လျက်ရှိ၍ ယခုအစီအစဉ်မှ နည်းပညာကျွမ်းကျင်မှုနှင့် စည်းကမ်းစနစ်ပြည့်စုံသည့် pilot များအဖြစ်ပြောင်းလဲပေးနိုင်ရန် ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် MAI သည် Cabin Crew Preparatory Program ကိုအကောင်အထည်ဖော် Aviation Training & Flying Academy (ATFA)နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သဖြင့် လုံခြုံရေးကျွမ်းကျင်မှု၊ ဝန် ဆောင်မှုထူးချွန်မှုနှင့် လုပ်ငန်းဆောင်ရွက်နိုင်စွမ်းတို့ ပြည့်စုံသည့် အနာဂတ် Cabin Crew များကိုပြုစုပျိုး ထောင်သွားမည်ဖြစ်သည်။

ထိုသို့ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံတကာအသိအမှတ်ပြုလေ ကြောင်းပညာရေးနှင့် အသက်မွေးဝမ်းကျောင်းအခွင့် အလမ်းများရရှိစေရန် စနစ်တကျလမ်းကြောင်းများဖန်တီးပေးနိုင်မည်ဖြစ်သည်။

ထို့ပြင် MAI နှင့် M Hospitality & Tourism Institute (MHTi)တို့ပူးပေါင်း၍ MAI & MHTi Airliner Ground Internship Program (Second Batch) Graduation Ceremony ၌ သင်တန်းပြီးဆုံးအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ(၁၇)ဦးအား ဂုဏ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံတွင် အပျော်တမ်း ဘောလုံးလောက အဆင့်အတန်း မြင့်မားလာစေရန်နှင့် အပျော်တမ်းအဆင့်မှ ပရော်ဖက်ရှင်နယ်အဆင့်သို့ ကူးပြောင်းခြင်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

မြန်မာနိုင်ငံတွင် အပျော်တမ်းဘောလုံးလောက အဆင့်အတန်း မြင့်မားလာစေရန်နှင့် အပျော်တမ်းအဆင့်မှ ပရော်ဖက်ရှင်နယ်အဆင့်သို့ ကူးပြောင်းခြင်းဆိုင်ရာဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။ အဆို ဆွေးနွေးပွဲအတွင်း FIFA ၏ Talent Development Scheme (TDS) အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သ ည့် "အရည်အချင်းရှိသူတိုင်းအခွင့်အရေးရရှိစေရန်" (Every talent gets a chance) ရည်ရွယ်ခြင်းဖြစ်ပြီး အချက်အလက်အခြေပြုဂေဟစနစ်အားဆန်းစစ်ခြင်း (Data- Driven Ecosystem Analysis)၊ကျောင်းတွင်း ဘောလုံးအားကစားကဏ္ဍကို အကောင်အထည်ဖော်ခြင်း (Implementation of Schools' Football)၊ အပျော်တမ်းအဆင့်မှ...

ပုဂံရှိ ရှေးဟောင်းကျောက်စာများကို RTI နည်းပညာဖြင့် မှတ်တမ်းတင်ထိန်းသိမ်းမှု ဆောင်ရွက်နေ

ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သည့် ပုဂံတွင် ရှေးဟောင်းကျောက်စာများ ပျက်စီးမှုများ တိုးမြင့်လာနေသဖြင့် မှတ်တမ်းတင်ထိန်းသိမ်းနိုင်ရန် Reflectance Transformation Imaging (RTI) စနစ်ဖြင့် မှတ်တမ်းတင်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။ အဆိုပါ ကျောက်စာများမှာ နှစ်ကာလကြာမြင့်စွာ တည်ရှိနေခဲ့ခြင်းကြောင့် ကြံ့ခိုင်မှု လျော့နည်းလာခြင်း၊ သဘာဝရာသီဥတုဒ-ဏ်ခံရခြင်းနှင့် ပွန်းတီးပျ-က်စီးမှုများ ဖြစ်ပေါ်လာလျက်ရှိသည်။ ထိုသို့ ပျ-က်စီးမှုများကြောင့် ရေးထွင်းထားသည့် စာလုံးများ မရှင်းလင်းတော့သည့်အခြေအနေများ ဖြစ်ပေါ်လာနိုင်သဖြင့် ခေတ်မီနည်းပညာတစ်ရပ်ဖြစ်သော RTI စနစ်ကို အသုံးပြုကာ အသေးစိတ်ဓာတ်ပုံမှတ်တမ်းတင်ခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။ လုပ်ငန်းဆောင်ရွက်ရာတွင် ပထမဦးစွာ ကျောက်စာများအား...

ဝါးတရာစက်မှုဇုန်ရှိ ဖော့စက်ရုံ၌ Level 1 အဆင့်မီး လောင်မှု တစ်နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငမိုးရိပ်လမ်းရှိ ဖော့စက်ရုံ၌ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နံနက် ၁၁ နာရီ ၄၆ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များနှင့် အ ရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြသဖြင့် မွန်းတည့် ၁၂ နာရီ ၄၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုသည် စက်ရုံရှေ့တွင်စုပုံထားသော ဖော့ဘူး၊ စက္ကူပုံးများလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ပင်မစက်ရုံသို့ကူးစက်လောင်ကျွမ်းခဲ့ခြင်းမရှိကြောင်း သိရသည်။ ထို့ကြောင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071