ရှမ်းပြည်နယ်တောင်ပိုင်းရှိ တညင်းကုန်းလက်ကားဈေးကြီးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် Whole Sale Market တစ်ခုကိုတည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)မှ သိရသည်။


အဆိုပါ Whole Sale Market ကို ယခုခုနှစ်ကုန်ပိုင်းအတွင်း ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
” ရှမ်းပြည်နယ်တောင်ပိုင်း မှာ Whole Sale Market ကိုတည်ဆောက်သွားဖို့ရှိပါတယ်။ဒါလေးကို ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရင်းနှီးမြုပ်နှံလိုတဲ့ ကုန်သည်လက်လီ လက်ကားသမားကြီးတွေရော ၊ တစ်ဆင့်ပြန်ရောင်းချလိုသူတွေကို သတင်းစကားပါးလိုပါတယ်။၁၀ နှစ်ပြည့်အထိမ့်အမှတ်အနေနဲ့ ဖွင့်လှစ်သွားမှာပါ” ဟုမြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)မှ အထွေထွေမန်နေဂျာ ဦးရဲထွန်းက ပြောသည်။
ရှမ်းပြည်နယ်မှ စိုက်ပျိုးထုတ်လုပ်သူများက စိုက်ပျိုးထုတ်လုပ်လို့ ထွက်ရှိလာမည့်ထုတ်ကုန်များကို Whole Sale Market ကတစ်ဆင့်ရန်ကုန်မြို့တွင်ရှိသည့် တညင်းကုန်းလက်ကားဈေးနှင့် ချိတ်ဆက်ပြီးထုတ်လုပ်သူနှင့် ရောင်းဝယ်သူ တိုက်ရို-က်ချိတ်ပေးသည့်ဝန်ဆောင်မှုကိုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
