မြန်မာအက်ဂရိုအိတ်(စ်)ချိန်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MAEX) နှင့်
တညင်းကုန်းလက်ကားစျေးသူ/စျေးသားများ၏ “စတုတ္တအကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်အလှူတော်”ကို ယမန်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ သိရသည်။
ယနေ့တွင် အင်းစိန်မြို့နယ် ခရေပင်လမ်း၊ အောက်မင်္ဂလာဒုံလမ်း၊ ဗဟိုလမ်း၊ လှိုင်မြစ်လမ်း၊ ဘုရင့်နောင်လမ်း၊ ပုလဲလမ်းတို့တွင် စုပေါင်းမဟာဘုံကထိန်များကို စည်ကားသိုက်မြိုက်စွာလှည့်လည်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၃၁ ရက် သောကြာနေ့ နံနက်၉း၀၀ နာရီတွင် မြန်မာအက်ဂရိုအိတ်(စ်)ချိန်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်နှင့် တညင်းကုန်းလက်ကားစျေးကြီး မှဈေးသူဈေးသား မိသားစုများ၏ “စတုတ္တအကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ” အခမ်းအနားကို တညင်းကုန်း စျေးကြီးအတွင်း ကျင်းပပြုလုပ်မည်ဖြစ်သည်။
ယခုနှစ်မဟာဘုံကထိန်တွင် ရန်ကုန်မြို့အတွင်းဘုန်းကြီးကျောင်းများမှ ပင့်သံဃာ(၄၂)ပါးအား
ပဒေသာပင် (၄၄)ပင်- (ခန့်မှန်း)အားမဲဖောက်လှူဒါန်းခဲ့ပြီး ပင့်သံဃာများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊တရားနာဧည့်ပရိတ်သတ်များအားနေလည်စာဖြင့်ကျွေးမွေးဧည်ခံခြင်း၊ တညင်းကုန်းစျေးဝန်းစျေးရုံ(၁+၃)ကြား၊ စျေးရုံ(၂+၄)ကြား စတုဒီသာ မဏ္ဍပ်ထိုး၍ထမင်းဟင်းတို့ဖြင့် ကျွေးမွေးဧည်ခံမည်ဖြစ်ကြောင်း သိရသည်။
