Tuesday, July 15, 2025

၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို...

မန္တလေးတိုင်းရှိ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တလေး)တို့ကို ဖြတ်သန်းသွားလာမည့် ၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေးအတွက် ယနေ့ ဇူလိုင်...

ယခုတစ်ပတ်တွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူမရှိခဲ့

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)၏ ဇူလိုင် ၁၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ ယခုတစ်ပတ်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့ကြောင်း...

ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ်အဖြစ်တင်သွင်းသည့် မြန်မာနာနတ်သီးများအား အနောက်တောင်ပိုင်း၏...

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ် သွင်းကုန်အဖြစ်အာတင်သွင်းသည့် မြန်မာနာနတ် သီးများအား အနောက်တောင်ပိုင်း၏ အဓိကမြို့ကြီးများသို့တင်ပို့ရောင်းချသွားမည်ဟု ရွှေလီမြို့ရှိ ကုန်သွယ်ရေးကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးမှပြောကြားထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကအသိပေးခဲ့သည်။ မြန်မာနာနတ်သီးတန်ချိန်(၆...

တရုတ်နှင့်အိန္ဒိယပို၍လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်သင့်–ဟန်ကျန်း

            တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တဖြည်းဖြည်းချင်းမြှင့်တင်သင့်သည်ဟု တနင်္လာနေ့တွင် တရုတ် ဒုတိယသမ္မတ ဟန်ကျန်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာကို ပြောကြားခဲ့သည်ဟု...
HomeArticlesLine Walker 2...

Line Walker 2 ရုပ်ရှင်ရိုက်ကွင်းရောက် တောသားတစ်ယောက်

ကမ္ဘာကျော် ရုပ်ရှင်ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့Shaw Brothers International ရုပ်ရှင်ကုမ္ပဏီကြီး က ရိုက်ကူးတဲ့Line Walker 2 (Operation Midnight Shadow) အက်ရှင်ရုပ်ရှင်ဇာတ်ကားကြီး ရိုက် ကွင်းကို ကျွန်တော် သွားရောက်လေ့ လာဖြစ်ပါတယ်။ ဒီLine Walker 2 (Operation Midnight Shadow) အက်ရှင်ရုပ်ရှင်ဇာတ်ကားကြီးကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဟောင် ကောင်Shaw Brothers Pictures International နှင့်J.Q Pictures တို့ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ပထမ ဦးဆုံး ရိုက်ကူးတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရုပ်ရှင်ရိုက်ကွင်းတွေ ကို သွားရောက်လေ့လာ ဖြစ်ပေမယ့် ကမ္ဘာကျော်ရုပ်ရှင် ရိုက်ကွင်းကိုတော့ မြန်မာနိုင်ငံမှာ ပထမဆုံးကြည့်ရှုလေ့ လာဖြစ်တာပါ။

Line Walker 2 (Operation Midnight Shadow) ကို မြန်မာ နိုင်ငံမှာ ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၂၆ ရက်နေ့ထိ ရန်ကုန်မြို့လယ်ခေါင် အပါအဝင် ရန်ကုန်မြို့ရဲ့ နေရာ များစွာနဲ့ ရွှေတိဂုံစေတီတော်၊ ဆူး လေစေတီတော်အနီးမှာလည်း ရိုက် ကူးခဲ့ပါတယ်။ ကျွန်တော် Line Walker 2 (Operation Midnight Shadow)အက်ရှင်ရုပ်ရှင်ဇာတ်ကား ကြီး ရိုက်ကွင်းကို မမြင်ဖူးလို့ ကြည့် ချင်တာထက် ပညာသင်ယူချင်တာ ကြောင့် သွားကြည့်ဖြစ်ပါတယ်။ ရန် ကုန်မြို့လယ်ခေါင် ရိုက်ကွင်းတိုင်းမှာ နေ့တိုင်းနီးပါး သွားရောက်ကြည့်ဖြစ် လေ့လာဖြစ်တာတွေထဲက ကျွန်တော့် အတွက် ပညာရတဲ့ အချက်အလက် အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကြိုတင်ပြင်ဆင်မှု ကောင်းခြင်း။
Line Walker 2 (Operation Midnight Shadow) အက်ရှင်ရုပ် ရှင်ဇာတ်ကားကြီးဟာ မရိုက်ကူးခင် ကတည်းက Pre Production ကို သေချာ စနစ်တကျ လုပ်ထားတာကို လေ့လာ သိရှိရပါတယ်။ ဇာတ်ကား ရိုက်ကူးရင် လိုအပ်ချက်များ မရှိ အောင် ထောင့်စေ့စေ့ သေချာ တွေး ပြီး စီမံလုပ်ဆောင်သွားတာကို တွေ့ ရပါတယ်။ ဇာတ်ကားမရိုက်မီ လို အပ်မယ့် ပစ္စည်းများ၊ ရိုက်ကူးမယ့် နိုင်ငံရဲ့ ယဉ်ကျေးမှုအခြေအနေ၊ ရိုး ရာ ဓလေ့များ၊ ဝတ်စား ဆင်ယင်မှု များ၊ ရိုက်ကူးမယ့် နေရာ ဒေသများ ကို ကြိုတင်လေ့လာပြင်ဆင်ပြီး လို အပ်ချက်များ မရှိရလေအောင် သေ ချာပြင်ဆင်ခဲ့လို့ မြန်မာနိုင်ငံရဲ့ ဇာတ် ဝင်ခန်းများဟာ အခက်အခဲ မရှိ အောင်မြင်စွာ ရိုက်ကူးနိုင်ခဲ့ပြီ ဖြစ်ပါ တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန် တော်တို့ဟာ ဘာအလုပ်ပဲ လုပ်လုပ် မလုပ်ခင်မှာ ကြိုတင်ပြင်ဆင်မှု Planning ကောင်းကောင်းချတတ်ဖို့ လိုအပ်ပါတယ်။

(၂) ပြဿနာများကို ကောင်းစွာဖြေ ရှင်းနိုင်ခြင်း။
Line Walker 2 (Operation Midnight Shadow) အက်ရှင် ရုပ်ရှင်ဇာတ်ကားကြီး မရိုက်မီ မြန်မာ နိုင်ငံက တာဝန်ရှိလူကြီးမင်းများနဲ့ တွေ့ဆုံညှိနှိုင်း အစည်းအဝေးပေါင်းများစွာကျင်းပပြီး အခက်အခဲအ တားအဆီးများစွာကို အကောင်းဆုံး ကျော်ဖြတ် ဖြေရှင်းနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရက်ရှည်လမ်းပိတ်ပြီး ဇာတ်ကားရိုက်ကူးတာ ပထမဆုံးဆို တော့ ကားလမ်းတွေပိတ်တယ်၊ သွား လာရေးခက်ခဲပြီ၊ မြန်မာရုပ်ရှင်ဒါ ရိုက်တာ၊ သရုပ်ဆောင် မင်းသား၊ မင်းသမီးအချို့ကလည်း ငါတို့ရိုက် ရင်ရော အခုလိုလမ်းပိတ်ရိုက်ခွင့်ပေး မလား၊ သေနတ်အစစ်တွေ ကိုင်ပြီး ပစ်ခွင့်၊ ရိုက်ခွင့်ပေးမလားဆိုပြီးပြော စကားတွေကို ဘာမှပြန်လည်တုန့် ပြန်ပြောဆိုမနေဘဲ မိမိလုပ်ရမယ့် အလုပ်ကိုသာ အကောင်းဆုံး၊ အဆင် အပြေဆုံးဖြစ်အောင် သေချာဂရုစိုက် လုပ်ဆောင်သွားတာတွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်Line Walker 2 (Operation Midnight Shadow) အဖွဲ့သားအားလုံးဟာ ဖြစ်လာမယ့် အခက်အခဲ၊ အတားအဆီးများ၊ ပြဿနာများကို ကြိုတင်တွက်ဆ ထားပြီး ပြဿနာများကို အကောင်း ဆုံး ၊ အလှပဆုံး ဖြေရှင်းသွားနိုင်ပါ တယ်။ ဒီအချက်ကြောင့်ပဲ ရုပ်ရှင်ချစ် ပရိသတ်တွေဟာLine Walker 2 (Operation Midnight Shadow) အက်ရှင်ရုပ်ရှင် ဇာတ်ကားကြီးကို ပိုမိုအားပေးတဲ့အနေနဲ့ လာရောက် ကြည့်ရှုသူတွေ တစ်နေ့တခြားများ များလာတာ တွေ့ရပါတယ်။Line Walker 2 (Operation Midnight Shadow) အဖွဲ့သားတွေကိုလည်း လေးစားအားကျချီးကျုးကြပါတယ်။ ဒီအချက်ကိုကြည့်ရင် ဖြစ်ပေါ်လာ မယ့် ပြဿနာများ ဘယ်လိုကြုံနိုင် မလဲ၊ ပြဿနာများကို ဘယ်လို ရင် ဆိုင်ဖြေရှင်းမလဲဆိုတာကို ကျွန် တော့်အလုပ်မှာလည်း ပြန်လည် အသုံးချလို့ ရသွားပါတယ်။

(၃) ပရော်ဖက်ရှင်နယ် ပီသခြင်း။
ဒီဇာတ်ကားမှာ ပါဝင်သူများ ဟာ ဒါရိုက်တာ၊ ငွေထုတ်သူ၊ မင်း သား၊ မင်းသမီး၊ ဇာတ်ပို့ဇာတ်ရံမှ သည် အောင်ခြေသိမ်း တာဝန်ယူရသူ စက်မှုသမားများ၊ သန့်ရှင်းရေးသမား များအထိ အားလုံးကို မိမိတာဝန်ယူ ထားတဲ့ နေရာများမှာ ကျွမ်းကျင်မှု ရှိပြီး ပရော်ဖက်ရှင်နယ် ပီသစွာ အ လုပ်လုပ်သွားတာကို တွေ့မြင်ရပါ တယ်။ လူအင်အားတစ်ရာကျော် နှစ်ရာနီးပါး ရုပ်ရှင်အဖွဲ့သားများဟာ ရိုက်ကွင်းမတည်မီကနေ ရိုက်ကွင်း ပြီးလို့ ပစ္စည်းသိမ်း အိမ်ပြန်ချိန်ထိ မပင်မပန်း၊ ရန်ကုန်နေပူပူကြီး အောက်မှာ စိတ်ကြိုက်ဇာတ်ဝင် ခန်းပုံ မရမချင်း အထပ်ထပ်လေ့ကျင့်၊ အထပ်ထပ် ရိုက်ကူး ( တချို့ ဆူးလေ ဘုရားအနီး သေနတ်ပစ်ခန်း၊ လူဆိုး ဖမ်းခန်းဆို မနက်ကတည်းက ရိုက် နေတာ နေ့လယ် ၂ နာရီ၊ ၃ နာရီ ထိ ထပ်ခါထပ်ခါ ရိုက်ကူးနေတာ တွေ့ရ) နေတာဟာ ဒါရိုက်တာက လည်း ပရိုပီသစွာ ဇာတ်ဝင်ခန်း မ ကောင်းမချင်း ပြန်ရိုက်ခိုင်းခြင်း၊ သရုပ်ဆောင် မင်းသား၊ ဇာတ်ပို့ ဇာတ်ရံများဟာလည်း ဒါရိုက်တာ ခိုင်းတဲ့အတိုင်း အချိန်ပေးပြီး စိတ် ရှည်စွာ ထပ်ခါထပ်ခါ သရုပ်ဆောင် ရိုက်ကူးပေးနေတာကို တွေ့ရပါ တယ်။ မိမိတာဝန်ယူထားတဲ့ တာဝန်၊ ရာထူးအလိုက် ပရော်ဖက်ရှင်နယ် ပီသစွာ အလုပ်လုပ်ပေးဖို့ ကျွန်တော် တို့ လူ့အဖွဲ့အစည်းမှာလည်း လိုအပ် နေပြီဆိုတာ သိလိုက်ရပါတယ်။ ကျွန် တော်လည်း ပရိုပီသဖို့ အများကြီး ကြိုးစားသင်ယူနေရဦးမယ်။

(၄)Team Work ကောင်းခြင်း။
Line Walker 2 (Operation Midnight Shadow) အဖွဲ့သား အားလုံးဟာTeam Work ကောင်း ကောင်းနဲ့ အလုပ်ကိုအလုပ်နဲ့ တူ အောင် သေချာစီစဉ်ဆောင်ရွက် လုပ်ဆောင်သွားတာ တွေ့ရပါတယ်။ အဖွဲ့သားအားလုံးဟာ ညီညီညွတ် ညွတ်၊ နားလည်မှုရှိရှိ လုပ်သွားတာ တွေ့ရပါတယ်။ တရုတ်လူမျိုးတွေ ဖြစ်ပေမယ့် မြန်မာလူမျိုးတွေနဲ့ အတူ အကောင်းဆုံး နားလည်မှု ရှိရှိ လုပ် ဆောင်သွားတာက တကယ်ချီးကျူး စရာပါ။ ကြုံတွေ့ဖြစ်ပေါ်လာတဲ့ အမှားအယွင်း အခက်အခဲတွေကို အ ကောင်းဆုံး ဆွေးနွေးတိုင်ပင် ဆောင် ရွက်သွားတာ တွေ့ရပါတယ်။ ဒီအ ချက်ကလည်း ကျွန်တော်တို့ လူ့အ ဖွဲ့အစည်းအတွက် တကယ်လိုအပ် နေပါတယ်။ တစ်ဦးကောင်း၊ တစ် ယောက်ကောင်း မဟုတ်ဘဲ အများ နဲ့အတူ အကောင်းဆုံး အလုပ်လုပ် ပြဖို့၊ ဘေးထိုင်ဘုမပြောဘဲအတူ ပါဝင်လုပ်ဆောင်ဖို့ လိုအပ်နေပါ တယ်။ (ရိုက်ကွင်းပြီးချိန်မှာလည်း သူတို့ ရှုပ်ထားတာတွေကို ပြန် လည်သိမ်းဆည်းပေးသလို လာ ကြည့်တဲ့ ပရိသတ်တွေစားပြီး လွှင့် ပစ်တဲ့အမှိုက်တွေ၊ ဆေးလိပ်တိုတွေ ကအစ သေချာသိမ်းပေးသွားပါ တယ်။)

(၅) ငွေကြေး၊ အချိန်နဲ့ လူများကို စီမံခန့်ခွဲမှု ကောင်းခြင်း။
အလုပ်တစ်ခုခု လုပ်ပြီဆိုရင် ငွေကြေး၊ အချိန်နဲ့ လူများကိုအ ကောင်းဆုံး အသုံးချစီမံနိုင်ဖို့ လို အပ်ပါတယ်။ ဒါမှလည်း အလုပ်ဟာ အောင်မြင်ပြီးမြောက်မှာပါ။Line Walker 2 (Operation Midnight Shadow) ဇာတ်ကားဟာ မရိုက်ကူး
ခင်ကတည်းက ကုန်ကျမယ့် ကုန်ကျ စရိတ်များကို သေချာတွက်ချက်ထား ပါတယ်။ အသုံးစရိတ်အပြင် ဖျက်ဆီး စရိတ်များ၊ တည်းခိုစရိတ်၊ စားစရိတ် များ၊ ရိုက်ကူးရေးစရိတ်များကို အ သေးစိတ် တွက်ချက်ထားပြီး ရရှိ ထားတဲ့ ငွေကြေးဘက်ဂျက်အတိုင်း အချိန်နဲ့ လူများကို သေချာစီမံခန့်ခွဲ ဆောင်ရွက်သွားနိုင်ပါတယ်။ သေ နတ်အစစ်တွေ ငှားရမ်း အသုံးပြုတာ၊ ဖျက်ဆီးမယ့် ကားတွေကို ဝယ်ယူ အသုံးပြုတာ၊ ရဟတ်ယာဉ် ငှားရမ်း တာ၊ ကရိန်းကား ငှားရမ်းတာ စတဲ့ ကုန်ကျစရိတ်ကိုပါ သေချာထည့် သွင်း တွက်ချက်ထားတာကိုလည်း လေ့လာအတုယူသင့်ပါတယ်။ ရုပ်ရှင် ရိုက်တာပဲ အတုတွေ သုံးပြီး ငွေကြေး ခြွေတာနိုင်ပေမယ့် ကားအစစ်တွေကို ဖျက်ဆီးတာ၊ မီးရှို့တာတွေဟာ အ စစ်ကို အတုလုပ်ပြီး ရုပ်ရှင်မှာ အစစ် အဖြစ်မြင်ရအောင် လုပ်သွားတာဟာ လေးစားအားကျစရာ ကောင်းပါ တယ်။ ငွေကြေးကိုလည်း အမှန် တကယ် ကုန်သင့်ကုန်ထိုက်တာကို သာအသုံးပြုပြီး မလိုအပ်တဲ့အပိုကုန် ကျစရိတ် မရှိအောင်၊ နည်းအောင် သေချာစိစစ်ထားတာကိုလည်း လေ့ လာသိရပါတယ်။

(၆) ခေတ်မီ နည်းစနစ်များကို အသုံး ပြုခြင်း။
Line Walker 2 (Operation Midnight Shadow) ဇာတ်ကား ရိုက်ဖို့အတွက် အကောင်းစား ခေတ် မီ ကင်မရာများသုံးခြင်း၊ ရိုက်ကူးပြီး ဇာတ်ဝင်ခန်းကို ချက်ချင်းကြည့်ပြီး မကောင်းပါက ပြန်ရိုက်ခြင်း၊ အသံ ဖမ်းစနစ် ကောင်းခြင်း စတာတွေကို မြင်တွေ့ရပါတယ်။ ကျွန်တော်က ရုပ် ရှင်ရိုက်ကူး ပစ္စည်းများအကြောင်းကို သေချာ နားမလည်ပေမယ့် ခေတ်မီ နည်းစနစ်များကို သေချာအသုံးပြု ထားတယ်ဆိုတာတော့ သိပါတယ်။ ဒီအချက်တော့ ခေတ်မီနည်းစနစ်ကို တကယ်နားလည်သူ ပညာရှင်တွေ ရေးသားပြရင် ကောင်းပါမယ်။ ရိုက် ကွင်းကြည့်ပြီး ကျွန်တော့်အတွက် ပညာရတာကတော့ ဘယ်အလုပ်မဆို လူအပြင် ခေတ်မီ နည်းပညာ၊ နည်း စနစ်တွေကို တတ်သိပညာရှင်တွေနဲ့ တိုင်ပင်ပြီး အကောင်းဆုံး အသုံးပြု သင့်တယ်ဆိုတာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ လုပ်ငန်းခွင်မှာလည်း ခေတ်မီ နည်းစနစ်တွေ၊ နည်းပညာ တွေကို အကောင်းဆုံး အသုံးချဖို့ လို အပ်ကြောင်း၊ ခေတ်မီနည်းပညာ၊ နည်းစနစ်တွေ အကြောင်းကို မသိ သေးရင် သိရှိ တတ်သိပညာရှင်တွေ နဲ့ တိုင်ပင်ဆွေးနွေးသင့်ကြောင်း၊ လူ ငယ်တွေ ဝါသနာပါရင်လည်း ခုလို ခေတ်မီနည်းစနစ်တွေ၊ နည်းပညာ တွေကို ငယ်ရွယ်ချိန်မှာ ပညာသင် ယူထားသင့်ကြောင်း အကြံပြုပြော ကြားပါရစေ။Line Walker 2 (Operation Midnight Shadow) ရုပ်ရှင် ရိုက်ကွင်းကြည့်ပြီးနောက် ကျွန်တော်ထပ်တွေးမိတာကတော့ ကျွန်တော် ပညာတွေအများကြီးသင် ရဦးမယ်ဗျ။

ညိုသစ်ငယ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071