လျန်ဇူး ပြတိုက်၏ဗိသုကာပုံစံသည် နာမည်ကျော် ဗြိတိသျှ ဗိသုကာပညာရှင် ဒေးဗစ်ချစ်ပါဖီးလ်က ဒီဇိုင်းထုတ်ထားသည့်အဆောက်အအုံပုံစံဖြစ်သည်။ခေတ်ပုံစံပြတိုက်ထဲမှ Liangzhu ရှေးဟောင်းယဉ်ကျေးမှုများ၊ သုတေသနနှင့် ပြခန်းများပါဝင်သည့် ရှေးဟောင်းသုတေသန ပြတိုက်ဖြစ်သည်။
လျန်ဇူးသည်လွန်ခဲ့သော နှစ်ပေါင်း ၅,၀၀၀ ခန့်က တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့ပြနေရာ၊ မြို့ရိုးနှင့် ရေစီမံခန့်ခွဲမှုစနစ်တို့ကောင်းမွန်မှုကြောင့် ကမ္ဘာပေါ်တွင် လူသိများသောရှေးဟောင်းမြို့တော်ဖြစ်သည်။
လူ့သမိုင်း အစောပိုင်း မြို့ပြယဉ်ကျေးမှု၏ ထင်ရှားသော စံနမူနာတစ်ခုအဖြစ် ရပ်တည်နေပြီး တရုတ်ရှေးဟောင်းသုတေသနပညာရှင်များက “တရုတ်နိုင်ငံ၏ ပထမဆုံးသောမြို့တော်” အဖြစ် ချီးကျူးခဲ့သည်။
၂၀၁၉ ခုနှစ် ဇူလိုင်လတွင် လျန်ဇူးရှေးဟောင်းမြို့တော်အား ကမ္ဘာ့အမွေအနှစ်စာရင်းတွင် အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့သည်။
ဟန်ကျိုး သည် နိုင်ငံ၏ ပထမဆုံး “Hangzhou Tourism Large Language Model” ကို တီထွင်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်နိုင်ရန်၊ မြို့ပြခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုကို အကောင်းဆုံးဖြစ်အောင်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး လုပ်ငန်း အဆင့်မြှင့်တင်ခဲ့သည်။
ထိုသို့ မြှင့်တင်ရန် ရည်ရွယ်သော “Hangxiaoyi” ဉာဏ်ရည်တု အေးဂျင့်စီမံချက်ကို လုပ်ဆောင်လျက်ရှိသည်။
လျန်ဇူးပြတိုက်နှင့် လျန်ဇူး ရှေးဟောင်းမြို့တော်နေရာတွင် လာရောက်ကြည့်ရှုသူများကိုမြို့အနှံ့ နေရာပေါင်း ၄၀,၀၀၀ ကျော်ကို လွှမ်းခြုံပြသထားပြီး မာလ်တီမီဒီယာအသုံးပြု အပြန်အလှန်ဆက်သွယ်မှုများဖြင့် စိတ်ဝင်စားအောင်ခင်းကျင်းထားသည်။
Liangzhu VR Grand Space စီမံချက်ဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၅,၀၀၀ သက်တမ်းရှိ လျန်ဇူးယဉ်ကျေးမှုများကို အဲ့ဒီခေတ် ရောက်သွားသကဲ့သို့ ခံစားသက်ဝင်နိုင်အောင် နည်းပညာသုံးထားသည်။ အဆိုပါ ပရောဂျက်သည် virtual reality (VR) နှင့် augmented reality (AR) နည်းပညာများ၊ 5G အပါအဝင် ခေတ်မီနည်းပညာများကို ရှေးဟောင်းသုတေသနပညာရှင်များ၏ လမ်းညွှန်ချက်ဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ VR မျက်မှန်တပ်ဆင်ထားသည့် ဧည့်သည်များသည် ရှေးဟောင်းမြင်ကွင်းများ၊ လှုပ်ရှားနေသည့် ကျောက်စိမ်းရုပ်ထုများ၊ ရွာများ၊ နန်းတော်များ ၊ရေပေးဝေမှုစနစ်များကို လက်တွေ့နှင့် မကွာခြားဘဲ ခံစားသက်ဝင်နိုင်မည် ဖြစ်သည်။
