Friday, September 18, 2026

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့်...

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ်...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း...

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊...

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင်...

iPhone 18 စီးရီးသစ် ဝယ်ယူရန်...

စင်ကာပူ၊ စက်တင်ဘာ ၁၈ Apple ၏ iPhone 18 စီးရီးသစ်ကို စတင်ရောင်းချသည့် စက်တင်ဘာ ၁၈ ရက်တွင် စင်ကာပူနိုင်ငံ အော်ချတ်လမ်းရှိ...
HomeInterviewsLGBT တွေရဲ့ ချစ်ခြင်းမှာမှ...

LGBT တွေရဲ့ ချစ်ခြင်းမှာမှ လူတွေ ဘာကြောင့် အပြစ်မြင်ကြသလဲ


ဒီတစ်ပတ်ရဲ့ အထူးအချပ်ပိုကဏ္ဍအဖြစ် ပေါ်ပြူလာဂျာနယ်အနေနဲ့ LGBTတွေရဲ့အချစ်အပေါ်ခံစားမှုတွေ၊ ချစ်ခြင်းမေတ္တာအပေါ်သူတို့ရဲ့အမြင်တွေကိုသိရှိရနိုင်ဖို့စကားဝိုင်းတစ်ခုတင်ဆက်ခဲ့ပါတယ်ဒီစကားဝိုင်းမှာတော့ LGBT အဖြစ်ခံယူ ထားကြတဲ့ JD၊စစ်ပိုးအိမ်၊ ဟန်နီ၊ ငယ်လေး(ရွှေဘိုတို့ပါဝင်ပါတယ်ဒီစကားဝိုင်းကနေတစ်ဆင့် LGBT တွေရဲ့ ချစ်ခြင်းမေတ္တာအပေါ် ခံစားချက်တွေကို သိမြင်ခံစားရမှာပဲဖြစ် ပါတယ်။

စစ်ပိုးအိမ်

အချစ်နဲ့ပတ်သက်ရင် အများ အားဖြင့်တော့ ကံမကောင်းခဲ့တာ တွေချည်းပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်ကလည်း စချစ်ကတည်းက တော့ သူတို့နဲ့တစ်သက်လုံး အတူ တူနေလို့ မရဘူးဆိုတာကိုတော့ သိ ပြီးသားပါ။ ဒီအချိန်အတိုင်းအတာ လေးတစ်ခုမှာပဲပေါ့။ စစ်ပိုးက တအား အချစ်ကြီးတယ်။ ကိုယ်က တအားချစ်ပေးချင်တယ်။ တအား ပေးဆပ်ချင်တယ်။ အဲဒီတော့ အချစ် ကြီးတဲ့လူတွေအားလုံးကလည်း ပိုခံ စားကြရတာပေါ့လေ။ ပတ်ဝန်းကျင် ကြောင့်ရော၊ မိဘတွေကြောင့်ရော အတိုက်အခိုက်တွေမျိုးစုံကတော့ ရှိမှာပဲဆိုတော့လေ။ သူတို့လည်း စိတ်အနှောင့်အယှက်တွေ ရှိမှာပဲ လေ။ တစ်ခါတလေကိုယ်နဲ့ ကြိုက်တဲ့ သူကိုတောင်မှ အားနာမိတယ်။ ကိုယ့် ကြောင့်အပြောခံရတဲ့ဟာမျိုး တွေမှာပေါ့။ အပြင်မှာယောက်ျားနဲ့ မိန်းကလေးနေတဲ့ ပုံစံမျိုး လက်ထပ်တာတို့ ကလေးယူတာ မျိုးတို့ မရနိုင်တဲ့အခါကျတော့ သူ့ ကိုကိုယ်က အားနာတယ်။ ကိုယ်များ အတ္တကြီးနေမိလား ပေါ့။ ကိုယ်နဲ့ တွဲတဲ့အခါ သူ့ကို နှစ်ထားသလိုမျိုး ဖြစ်နေမလား ဆိုပြီး စိတ်မကောင်းဖြစ်ရတယ်။

 

JD

Tomboy တွေနဲ့ ကြိုက်တဲ့မိန်း ကလေးတွေလည်းအဲဒီလိုပါပဲ။မိန်းက လေးအချင်းချင်းကို ရှာကျွေးနေရ တာ ဘယ်လောက်အထိ နာစရာ ကောင်းလဲ။ Tomboy တွေရဲ့ မိဘ တွေကပါလာပြီ။ ဘာကြောင့်လဲ ဆိုတော့ မိန်းကလေးအချင်းချင်းကိုး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့သမီးကို ယောက်ျားလေးလို မမြင်နိုင်ဘူး။ အမှန်ဆို ယောက်ျားလေး လုပ်စာ ထိုင်စားရမယ့်ဘဝကနေ မိန်းကလေး
အချင်းချင်းရှာကျွေးနေရတယ်ဆို တာမျိုးတွေ တွေးမယ်။ လက်ခုပ်ဟာ နှစ်ဖက်တီးမှမြည်တာပါ။ နှစ်ဦးသ ဘောတူကြည်ဖြူလို့ ဘယ်သူက ရှာကျွေးရှာကျွေးပါ။ တစ်ယောက်နဲ့ တစ်ယောက်ကြည်ဖြူလို့ ဖြစ်ကြတဲ့ ကိစ္စလေ။ သူတို့ကသူတို့ဘာသာသူတို့ ကောက်ချက်တွေချကြတယ်။ အဲဒါ က ဒီနှစ်ယောက်မှာ တအားကိုအ ခက်အခဲဖြစ်စေတယ်။ မေတ္တာ စစ်မေတ္တာမှန်နဲ့ ဘယ်လောက်ပဲ ချစ် ချစ် တစ်ချိန်မှာဒါတွေက နင့်အဖေ က ဘယ်လိုပြောတာ နင့်အမေက ဘယ်လိုပြောတာဆိုပြီး ဒါတွေကဖြစ် လာတဲ့ အခါမှာရင်ဆိုင်လာရတယ်။

 

ငယ်လေး(ရွှေဘို)

ငယ့်မှာချစ်သူရှိပါတယ်။ ငယ့်ချစ်သူကလည်း တစ်ခါတလေကျရင် ပတ်ဝန်းကျင်ကပြောတာများတဲ့အခါ သူလည်းခေါင်းရှုပ်ပြီးကိုယ့်ကိုလာ ပြီးတော့ အော်တာမျိုးတွေရှိတယ်။ အဲဒီအခါကျရင်လည်း ကိုယ်ကအမြဲ နားလည်ပေးတယ်။ ဘာကြောင့်နားလည်ပေးလဲဆိုတော့ ကိုယ်က ချစ်နေ တာကိုး။ ကိုယ်ကမှမပြတ် နိုင်တာလေ။ မပြတ်နိုင်တော့လည်း နား လည်ပေးရ တာပေါ့။ အချစ်ကတော့ ပေးရမှချစ်တာမဟုတ်ပါဘူး။ အချစ် ကတော့ အချစ်ပါပဲ။

 

ဟန်နီ

LGBTတွေရဲ့ချစ်ခြင်းမှာမှဘာကြောင့်လူတွေက အပြစ်မြင်နေ ကြတာလဲ။ LGBTတွေက မချစ်ရ တော့ဘူးလား။ ဝမ်းမနည်းရတော့ဘူးလား။ ဒါက လှောင်စရာလည်း မဟုတ်သလို ပြောင်စရာလည်း မဟုတ်ဘူးလေ။ ကိုယ် ကသူ့ကိုပေးပြီးတော့ချစ်တာလား၊ ကိုယ်ကသူ့ကိုရပြီးတော့ချစ်တာလား။ အချင်းချင်းကြည်နူးနေဖို့ အချင်းချင်းနားလည်မှု ရှိနေဖို့ အချင်းချင်း ပြေလည်နေဖို့ ကအဓိကပဲ။ အချင်းချင်းသာနား လည်မှုရှိနေမယ် ပြေလည် နေမယ် ဆိုရင် အဆင်ပြေတာပဲလေ။ တော်ရုံတန်ရုံပတ်ဝန်းကျင်နဲ့ တိုက်ခိုက် တဲ့အချိန်မှာဘာပဲပြောပြော ကိုယ့်ဘေးနားမှာ လက်တစ်စုံရှိနေဖို့က အရေးကြီးတယ်လေ။ ညီမတို့ဆိုရင်လည်း သူ့လည်းကိုယ့်ချစ်တယ်ကိုယ်လည်း သူ့ချစ်တယ်။ ချစ်လွန်းလို့လည်း ပုံမှန်ထက်ကို ပိုပြီးတော့ တိုက်ခိုက်ကြတယ်။ ဟန်နီတို့ဆိုရင် ပုံတက်ပြီးတဲ့အခါမှာ တအားအပြောခံရတယ်။ LGBTတွေ ဂေးတွေ အခြောက်ကအခြောက် လိုမနေဘူး။ LGBT တွေရဲ့အချစ်ရေး အပေါ်မှာ တအားကြီးပြောကြတယ်။ စပ်စုကြတယ်။ ဝေဖန်ကြတယ်။ Request တစ်ခုကတော့ မိဘတွေအနေနဲ့ ပတ်ဝန်းကျင်ကဘယ်လိုပဲ ပြောပြော မိဘဆိုတဲ့နောက်ကအုတ် တံတိုင်းကြီးသာရှိခဲ့ရင် သူတို့ လေးတွေမှာ မှီတည်ရာလေးတစ်ခုရှိတော့ တအားအားရှိတာပါ။

လင်းအက္ခရာ၊

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့် ယာဉ်/ယန္တရား ၈ စီး ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ် စုစုပေါင်း ၉၂ ဒသမ ၆၉၉၅ တန်၊ ယာဉ်/ယန္တရား ရှစ်စီးနှင့် သက်ဆိုင်သူ ရှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်ထုတ်လုပ်မှုနှင့် သစ်တောသယံဇာတများ တရားမဝင် ထုတ်ယူသုံးစွဲမှုများကို တားဆီးဖော်ထုတ်နိုင်ရေးအတွက် ပြည်သူအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း (၁,၀၀၀) လှူဒါန်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သီတ ဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)တွင်လှူဒါန်းရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဥပဿကာအဖြစ်ဆောင်ရွက်ပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးအေးကျော်ထံ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် သီတဂူဆရာတော်ကြီးထံ ဧရာဝတီတိုင်းဝန်ကြီးချုပ်ကဂုဏ်ပြုလွှာပြန်လည်ဆပ်ကပ်ခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့က သီတဂူဆရာတော်ကြီးအား ဝါဆိုသင်္ကန်းဆပ်ကပ်ပြီး သီတဂူမျက်စိအလှူတော်အတွက်အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊ ထိခိုက်ဒ-ဏ်ရာရသူမရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင် ထိခိုက်ဒ-ဏ်ရာရရှိသူ မရှိကြောင်း သိရသည်။ ပထမဖြစ်စဉ်မှာ နံနက် ၁၂ နာရီခွဲခန့်က ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် “ရွှေလရောင်” အဝေးပြေးခရီးသည်တင်ယာဉ်သည် ကျွဲကောသီးအိတ်များ တင်ဆောင်လာစဉ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၇/၆ အရောက်၌ အရှိန်မထိန်းနိုင်ဘဲ အတွင်းယာဉ်ကြောနှင့် ကပ်လျက်ရှိသည့် မြေသားလမ်းပုခုံးပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း အဝေးပြေးခရီးသည်တင်ယာဉ်မှာ ပျ-က်စီးမှုအချို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071