စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ ကာရာအိုကေ(KTV)ဆိုင်များကို သြဂုတ်လ (၁၉) ရက်က စည်းကမ်းနှင့်အညီဆောင်ရွက်ခြင်း ရှိ/မရှိ ကြီးကြပ်ရေးကော်မတီက ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ခန္တီးမြို့နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီက ခန္တီးမြို့ပေါ်ရှိ ကာရာအိုကေ(KTV)ဆိုင်များကို စစ်ဆေးရာ တွင် သတ်မှတ်ချိန်ကျော်လွန်၍ ဆိုင်ဖွင့်ခြင်း ရှိ/မရှိ၊ အသံဆူညံ၍ ပတ်ဝန်းကျင်အား အနှောက်အယှက်ပြုခြင်း ရှိ/မရှိ၊ ခို-က်ရန်ဖြစ်ပွားခြင်း ရှိ/မရှိများ စစ်ဆေးခဲ့ခြင်း ဖြစ်သ ည်။
ထို့ပြင် ဆိုင်တွင်းမူးယစ်ဆေးဝါးများ သုံးစွဲခြင်း ရှိ/မရှိ၊ ဖြန့်ချိရောင်းချခြင်း ရှိ/မရှိ၊ အမျိုးသမီးများဖြင့် မြူဆွယ်ခြ င်း ရှိ/မရှိ၊ ရာဇဝတ်မှုကျူးလွန်သူများ ခိုအောင်းခြင်း ရှိ/မရှိ စသည့် ကိစ္စရပ်များ မပေါ်ပေါက်စေရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
