Tuesday, June 3, 2025

မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန် ၁ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ...

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌...

အထူးဒေသ(၄)မိုင်းလားမြို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့၌ ယနေ့ ဇွန်(၂)ရက်တွင် အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်က ချမှတ်ထားသည့် ပညာရေးမူဝါဒအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကာ မေလ (၂၃)ရက်မှ မေ(၃၁)...

ကော့သောင်းမြို့၌ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် နယ်စပ်ဝင်/ထွက်ဂိတ်အဆောက်အဦးအသစ်ဖွင့်လှစ်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ပေါက်ဂိတ်အဆောက်အဦးသစ်အား ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းက တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုမှ...
HomeNewsLocal NewsKSPP ပါတီအနေဖြင့် နိုင်ငံရေးပါတီအဖြစ်ဆက်လက်ရပ်တည်ရန်ဆုံးဖြတ်၊...

KSPP ပါတီအနေဖြင့် နိုင်ငံရေးပါတီအဖြစ်ဆက်လက်ရပ်တည်ရန်ဆုံးဖြတ်၊ ဖက်ဒရယ်ဒီမိုကရေစီထွန်းကားရေးနှင့် အမျိုးသားသင့်မြတ်ရေး ဆောင်ရွက်မည်ဟုဆို

ကချင်ပြည်နယ် အခြေစိုက်ပါတီ တစ်ခုဖြစ်သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီအနေဖြင့် ဒုတိယအကြိမ် ညီလာခံကို ဖေဖေါ်ဝါရီလ(၂)ရက်မှ (၃) ရက်အထိ ကျင်းပခဲ့သည်။

အဆိုပါ ညီလာခံသို ကချင်ပြည်နယ် ဒေသအသီးသီးမှ ညီလာခံကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ခဲ့ကြောင်း ပါတီကထုတ်ပြန်ထားသည်။

ပါတီ ဒုတိယအကြိမ် ညီလာခံမှတဆင့် ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့သစ်ကို ညီလာခံကိုယ်စားလှယ်များ၏ သဘောတူညီချက်ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် ပါတီညီလာခံမှတဆင့် ကချင်ပြည်နယ် ပြည်သူ့ပါတီ တည်တံ့ခိုင်မြဲရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပိုမိုထွန်းကားရေးနှင့် အမျိုးသား သင့်မြတ်ရေးအတွက် ရိုးသားဖြောင့်မတ်စွာ သယ်ပိုးကြရန်အတွက် သဘောတူညီမှု ရရှိ‌ခဲ့ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီက သတင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၆) ရက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (၂၀၂၃) အရ ကချင်ပြည်နယ် ပြည်သူ့ပါတီ အပါအဝင် နိုင်ငံရေးအရ ဆက်လက်ရပ်တည်လိုသည့် နိုင်ငံရေးပါတီများအနေဖြင့် ရက်ပေါင်း (၆၀) အတွင်း ပြန်လည်ကာ ပါတီမှတ်ပုံတင်ရန် လိုအပ်နေပြီး မှတ်ပုံမတင်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက်ဖျက်သိမ်းခံရမည်ဖြစ်သည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် ပါတီများအနေ ဖြင့် ပါတီဝင် အင်အား (၁၀၀၀) ကို ပါတီ မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစကာ ရက်ပေါင်း (၉၀) အ တွင်း စည်းရုံးရမည်ဖြစ်ပြီး ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစကာ ရက်ပေါင်း (၁၈၀) အတွင်း မိမိပါတီ အခြေ စိုက်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်အား လုံး၏ (၅) မြို့နယ်တွင် ပါတီရုံးခန်း ဖွင့်လှစ်ရမည်ဖြစ် ကြောင်း ပြဌာန်းထားသည်။

ပါတီမုတ်ပုံတင်ခြင်း ကိစ္စနှင့် ရွေးကောက်ပွဲ ကိစ္စရပ်များအား မေးမြန်းရန် ကချင်ပြည်နယ် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာထံ ပေါ်ပြူလာနယူး(စ်)က ဆက်သွယ်‌ ခဲ့သော်လည်း အဆက်သွယ်မရရှိ​သေး​ပေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန် ၁ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်း ဝင်များက ရေဝင်ရောက်လျက်ရှိသည့် နေအိမ်များ ၌နေထိုင်သူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ ကူညီရွှေ့ပြောင်းပေးရာ၌ သီတာတံတား၊ ကြက်ပေါင်ခြံရပ်ကွက်၊ အောင်တံတား(လယ်ကုန်း-ကြက်ပေါင်ခြံအစပ်)၊ အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်းအနီး၊ မနောဥပိန် တံတား(အ နောက်လယ်ကုန်း-ကြက်ပေါင်ခြံအစပ်)နှင့် ကျွန်း ပင်သာစက်လှေဆိပ်တို့တွင် ရေဘေးရှာဖွေကယ် ဆယ်ရေးစုရပ်အဖြစ်ထားကာ...

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌ မလေးရှားအသင်းကို ထိုက်တန်စွာအနိုင်ယူပြီးနောက် ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ (၃)ယောက်တွဲပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အုပ်စုတွင်းပွဲစဥ်များတွင် အိမ်ရှင်တရုတ်နိုင်ငံအသင်း၊ မလေးရှားနိုင်ငံအသင်းတို့ကိုအနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း လာအိုနိုင်ငံအသင်းကိုအနိုင်ယူခဲ့ပြီးနောက် ဗိုလ်လုပွဲစဥ်တွင် မလေးရှားနိုင်ငံအသင်းကို ထပ်မံအနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထူးဒေသ(၄)မိုင်းလားမြို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့၌ ယနေ့ ဇွန်(၂)ရက်တွင် အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်က ချမှတ်ထားသည့် ပညာရေးမူဝါဒအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကာ မေလ (၂၃)ရက်မှ မေ(၃၁) ရက်အထိကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ပြီး ယခု ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွင်း ယခင်နှစ်ထက် သင်ကြားရေးပိုင်းများ တိုးတက်လာအောင်ပြင်ဆင်၍ ထူးချွန်သည့် လူရည်ချွန်များမွေးထုတ်ပေးသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။ ယခုစာသင်နှစ်အတွက် မေ(၃၁)ရက်က ကျောင်းအပ်နှံရေး အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အထူးဒေသ(၄) သက် ဆိုင် ရာဌာနများမှ ကိုယ်စားလှယ်များ၊ ဆရာဆရာမများတက်ရောက်ခဲ့ကြသည်။ မိုင်းလားမြို့ အခြေခံပညာကျောင်းများရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071