Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal NewsKpay သုံးစွဲသူများကို ပစ်မှတ်ထား...

Kpay သုံးစွဲသူများကို ပစ်မှတ်ထား လိမ်လည်မှုများ ပိုမိုများပြာလာ

Kpay သုံးစွဲသူများကို ပစ်မှတ်ထား လိမ်လည်မှုများ ပိုမိုများပြာလာ

ယခုရက်ပိုင်းအတွင်း မြန်မာပြည်တွင်းက Kpay အသုံးပြုကာ ငွေရေး ကြေးရေး သုံးစွဲသူများကို ပစ်မှတ်ထား လိမ်လည်သည့် လိမ်လည်းမှုများ ပိုမိုများပြား လာနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ လိမ်လည်သူများသည် သက်ကြီး ရွယ်အိုများနှင့် နည်းပညာအားနည်းသူများကို ပစ်မှတ်ထားကာ Face book, Viber အစရှိသည့် လူမှုကွန်ရက် စာမျက်နှာများမှ တဆင့်သော်လည်းကောင်း၊ ဖုန်း SMS မှသော်လည်းကောင်း ချဉ်းကပ်၍ လိမ်လည်နေကြခြင်းဖြစ်သည်။

ယင်းသို့ လိမ်လည်ခံရသူများထဲတွင် အချို့တွင် နာ မည်ကြီးသူများနှင့် အနုပညာရှင် အချို့ပါ ဝင်နေကြောင်းလည်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံး ဒုတိယ ဥက္ကဋ္ဌ သရုပ်ဆောင် ဦးဝင်းမြိုင် ယင်းကဲ့သို့ လိမ်လည်ခံရပြီး ၎င်း၏ KPay အတွင်းမှ ငွေကြေးအချို့ ဆုံးရှုံး သွားခဲ့ကြောင်း သိရသည်။

” ဒီအသက်အရွယ်တွေက IT နည်းပညာကို သိပ်ပြီးတော့ လက်လှမ်းမမီကဘူး။ များသောအားဖြင့်က၊ ရုတ်တရက်ကျတော့ သတိလွတ်တယ်။ သတိလွတ်တော့ အဲဒီ ဂဏန်း (၆) လုံးကို ပြောလိုက်မိတယ်။ ကိုယ့်ဆီမှာ K pay ရှိတယ် ၊ Wave pay ရှိတယ် ဆိုရင် သက်ဆိုရာက ကျလာတဲ့ Pin Code ကို ဘယ်သူ့ကိုမှ မပြော မိပါစေနဲ့လို အထပ်ထပ် အခါခါ ပြောချင်တယ်” ဟု ဦးဝင်းမြိုင်က သတိပေးစကား ပြော သည်။

၎င်းအနေဖြင့် Kpay အကောင့်မှ ငွေများ လိမ်လည်ခံရ‌သော်လည်း အကောင့်အတွင်း ငွေအများအပြား ထည့်သွင်းထားခြင်း မရှိသည့်အတွက် ၄၀၀၀၀ ကျပ်သာ ပါသွားကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအတွင်း မိုဘိုင်းဖုန်းအသုံးပြုကာ အသုံး ပြု၍ရသည့် ငွေကြေး သုံးစွဲမှုများကို အသုံးပြုသူ သန်းနှင့်ချီ ရှိနေပြီး ယင်းအသုံးပြုသူများထဲမှ နည်းပညာ အားနည်းသူများကို အဓိက ပစ်မှတ်ထား လိမ် လည်နေကြခြင်းဖြစ်ပြီး အရေးယူနိုင်မှု အားနည်းနေကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

” မြန်မာနိုင်ငံမှာ Wave Money, Kpay, AYA Pay, CB Pay စဖြင့်ပေါ့ အဲဒါသုံးတဲ့သူတွေ သန်းနဲ့ချီရှိတယ်။ အဓိက အလိမ်ခံနေရတဲ့သူတွေက နည်းပညာ မကျွမ်းကျင်တဲ့သူတွေ၊ ကျေးလက်နေ ပြည်သူတွေနဲ့ သက်ကြီးရွယ်အိုတွေကပေါ့။ ရန်ကုန် မန္တလေးလို မြို့ကြီးတွေက လူတွေလည်း ပါတော့ ပါတယ်။ အလိမ်ခံရတဲ့သူတွေ မှာ တချို့ဆို တော်တော် နစ်နာကြရတယ်။ ဒါပေမဲ့ အရေးယူနိုင်မှုကြတော့ တော် တော် အားနည်းတယ်။ ပါသွားရင် ဆုံးတာက များတယ်”ဟု နည်းပညာကျွမ်းကျင်သူ ကိုကျော်စွာစိုးက သုံးသပ်ပြောဆိုသည်။

အဆိုပါ လိမ်လည်မှုများမှာ ပြီးခဲ့သည့် နှစ်များအတွင်းကတည်းက ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး Wave Money သုံးစွဲသူများ အများဆုံး အလိမ်ခံခဲ့ရသော်လည်း ယခု ရက်ပိုင်းအတွင်း Kpay သုံးစွဲသူများကြား လိမ်လည်ခံရမှု ခပ်စိပ်စိပ် ဖြစ်ပွားနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရန်ကုန်မြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးအား FB မက်ဆင်ဂျာမှ တဆင့် KPay မှ တာဝန်ရှိသူ ယောင်ဆောင်ကာ လိမ်လည်ရန် ကြိုးပမ်းမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

” မှတ်ပုံတင် နံပါတ်လာတောင်းတယ်။ မ‌ပေးရင် အကောင့်ကို တစ်လ ပိတ်မယ်တဲ့။မယုံလို့မ​ပေးလိုက်ဘူး။ အားမရသေးလို့ ဘဏ်ကို သွားပြီးမေးကြည့်တော့ သမီးတို့ဆီက ပို့တာ မဟုတ်ဘူး။ အန်တီမပေးလိုက်တာ ကံ ကောင်းတယ်လို့ ပြန်ပြောတယ်။ အဲဒီလို အလိမ်ခံနေရတာ အများကြီးလို့ ပြောတယ်” ဟု အဆိုပါ အမျိုးသမီးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။သူမအား လိမ်လည်​တောင်းဆိုထားသည့် SS ကိုပုံတွင်ကြည့်ရူ့နိုင်ပါသည်။

အဆိုပါ လိမ်လည်မှုများ မကြုံရစေရန် သက်ဆိုင် ရာ ကုမ္ပဏီနှင့် ဘဏ်တာဝန်ရှိသူများအနေဖြင့် အ သိပညာ ဖြန့်ဝေမှုများကို ပိုမိုကျယ်ပျံ့စွာ လုပ် ဆောင်သင့်ပြီး အလွယ်တကူ တိုင်ကြားနိုင်ရန် ဆောင်ရွက်ပေးခြင်း ၊ လျှင်မြန်စွာ တာဝန်ယူဆောင်ရွက်ပေးခြင်းတို့ကို အားစိုက် လုပ်ဆောင်ပေးသင့်ကြောင်းလည်း ကျွမ်းကျင်သူများက အကြံပြု ပြောကြားသည်။

“အခုနောက်ပိုင်း နေ့စဉ်ရက်ဆက် ကြားလာရတာပဲ။ တာဝန်ရှိတဲ့သူတွေ ဘက်က အသိပညာပေးတဲ့ကိစ္စတွေကို ပိုပြီးကျယ်ကျယ်ပျံ့ပျံ့ဖြစ်အောင် နည်းလမ်းရှာသင့်တယ်။ မသိတဲ့နားမလည်တဲ့သူတွေ မခံရအောင်ပေါ့။ ပါသွားပြီဆိုရင်လည်း ဘယ်လို ပြန်ရအောင်လုပ်မလဲ။ လိမ်တဲ့သူရဲ့ လိုကေးရှင်းကို ရှာပြီး အမြန် အကောင့်ပိတ် ပစ်တာမျိုးပေါ့ ၊ ဒါမျိုးတွေကို ဖိဖိစီးစီးပို လုပ်သင့်တယ် ” ဟု ကိုကျော်စွာစိုးက ပြောသည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071