Monday, June 2, 2025

မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန် ၁ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ...

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌...

အထူးဒေသ(၄)မိုင်းလားမြို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့၌ ယနေ့ ဇွန်(၂)ရက်တွင် အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်က ချမှတ်ထားသည့် ပညာရေးမူဝါဒအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကာ မေလ (၂၃)ရက်မှ မေ(၃၁)...

ကော့သောင်းမြို့၌ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် နယ်စပ်ဝင်/ထွက်ဂိတ်အဆောက်အဦးအသစ်ဖွင့်လှစ်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ပေါက်ဂိတ်အဆောက်အဦးသစ်အား ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းက တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုမှ...
HomeNewsLocal NewsKNDP ပါတီအနေဖြင့်  ပြည်နယ်အတွင်း...

KNDP ပါတီအနေဖြင့်  ပြည်နယ်အတွင်း ၌သာ မဲအောင်နိုင်ရေးလုပ်ဆောင်ရန်ပြန်လည် လျာထားဟုဆို

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP )အနေဖြင့် လာမည့်ရွှေးကောက်ပွဲကာလတွင် ပြည်နယ်အတွင်း ၌သာ မဲအောင်နိုင်ရေးလုပ်ငန်းများလုပ်ဆောင်သွားရန် ပြန်လည်လျာထားကြောင်း ယင်းပါတီဥက္ကဖြစ်သူ မန်းအောင်ပြည်စိုးက ယနေ့တွင် ပေါ်ပြူလာနယူးစ်သို့ပြောသည်။

KNDP ပါတီအနေဖြင့် ယခင်က နိုင်ငံတဝှမ်း မဲအောင်နိုင်ရေးအတွက် မှတ်ပုံတင်ထားသည့်ပါတီတစ်ခုဖြစ်ပြီး၊ နစက ၏ ၂၀၂၃ ရွေးကောက်ပွဲအတွက်  ပါတီမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များထုတ်ပြန် ပြီးနောက်ပိုင်း ယင်းသို့ ပြောင်းလဲရန်လျာထားခြင်းဖြစ်သည်ဟုဆိုသည်။

“ကျွန်တော်တို့ နဂိုကတော့တစ်ပြည်လုံး အခုကတော့ တစ်ပြည်လုံးအနေနဲ့မလွယ်ဘူးထင်တယ်။ အခုကတော့ ပြည်နယ်အတွင်းဘဲ လုပ်ဖြစ်ဖို့များပ့တယ်။ ပါတီအနေနဲ့တစ်နေရာတည်းဝင်ရင်လည်း ပါတီထောင်ထားတာ သိပ်အဓိပ္ပါယ်မရှိဘူးလေ။  ပြည်နယ်အတွင်း ဝင်ပြိုင်လို့ရမယ့်နေရာတွေက်ုတော့ လုပ်ရမှာပေါ့။ “ဟု ရှင်းပြသည်။

လက်ရှိတွင် ပါတီ မှတ်ပုံတင်ခြင်းအတွက် ယခုရက်ပိုင်းအတွင်း ပါတီတွင်း အစည်းအဝေးတစ်ရပ်ကို ကျင်းပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ရွေးကောက်ပွဲပြုလုပ်ပါက ကရင်ပြည် နယ်အတွင်းရှိနေရာစုံတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုရှိနေကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဉက္ကဌ မန်းအောင်ပြည်စိုးက ယခင်က ပြောကြားထား သည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအနေဖြင့် ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ  ၁၁ နေရာတွင် လေးနေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၆ နေရာတွင် ငါးနေရာ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၁ နေရာတွင် ၆ နေရာတို့တွင် ဝင်ရောက်အရွေးခံခဲ့သော်လည်း နေရာတစ်ခုမှရွေးချယ်ခံရခြင်းမရှိဘဲ ရရှိခဲ့သည့် မဲအရေအတွက်မှာမူ ဆိုးဆိုးရွားရွားမဖြစ်ခဲ့ပေ။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအား ကရင်ပါတီ သုံးပါတီ ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်ပြီး၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွှတ်သောကရင်အမျိုးသားဒီမိုကရက်တစ်ပါတီတို့ဖြင့် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၂၂ရက်တွင်  တည်ထောင်ထားခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန် ၁ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်း ဝင်များက ရေဝင်ရောက်လျက်ရှိသည့် နေအိမ်များ ၌နေထိုင်သူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ ကူညီရွှေ့ပြောင်းပေးရာ၌ သီတာတံတား၊ ကြက်ပေါင်ခြံရပ်ကွက်၊ အောင်တံတား(လယ်ကုန်း-ကြက်ပေါင်ခြံအစပ်)၊ အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်းအနီး၊ မနောဥပိန် တံတား(အ နောက်လယ်ကုန်း-ကြက်ပေါင်ခြံအစပ်)နှင့် ကျွန်း ပင်သာစက်လှေဆိပ်တို့တွင် ရေဘေးရှာဖွေကယ် ဆယ်ရေးစုရပ်အဖြစ်ထားကာ...

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌ မလေးရှားအသင်းကို ထိုက်တန်စွာအနိုင်ယူပြီးနောက် ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ (၃)ယောက်တွဲပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အုပ်စုတွင်းပွဲစဥ်များတွင် အိမ်ရှင်တရုတ်နိုင်ငံအသင်း၊ မလေးရှားနိုင်ငံအသင်းတို့ကိုအနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း လာအိုနိုင်ငံအသင်းကိုအနိုင်ယူခဲ့ပြီးနောက် ဗိုလ်လုပွဲစဥ်တွင် မလေးရှားနိုင်ငံအသင်းကို ထပ်မံအနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထူးဒေသ(၄)မိုင်းလားမြို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့၌ ယနေ့ ဇွန်(၂)ရက်တွင် အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်က ချမှတ်ထားသည့် ပညာရေးမူဝါဒအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကာ မေလ (၂၃)ရက်မှ မေ(၃၁) ရက်အထိကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ပြီး ယခု ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွင်း ယခင်နှစ်ထက် သင်ကြားရေးပိုင်းများ တိုးတက်လာအောင်ပြင်ဆင်၍ ထူးချွန်သည့် လူရည်ချွန်များမွေးထုတ်ပေးသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။ ယခုစာသင်နှစ်အတွက် မေ(၃၁)ရက်က ကျောင်းအပ်နှံရေး အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အထူးဒေသ(၄) သက် ဆိုင် ရာဌာနများမှ ကိုယ်စားလှယ်များ၊ ဆရာဆရာမများတက်ရောက်ခဲ့ကြသည်။ မိုင်းလားမြို့ အခြေခံပညာကျောင်းများရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071