Tuesday, May 20, 2025

ကုန်သွယ်မှု မြှင့်တင်ရန်၊ ရာဇဝတ်မှု တိုက်ဖျက်ရန်...

အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားအကြီးဆုံးနှစ်နိုင်ငံသည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကိုမြှင့်တင်ခဲ့ကြပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်နှင့် ဆိုက်ဘာရာဇဝတ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ရန် ထိုင်းနှင့်...

နိုင်ငံတစ်ခုတိုးတက်ရေးအတွက် စီးပွားရေးအား ကောင်းရန်လို

နိုင်ငံတစ်ခုတိုးတက်ရေးအတွက် စီးပွားရေးအား ကောင်းရန်လိအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မေ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "...

လားရှိုးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းအချို့ မေ (၂၂)...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းအချို့တွင် ကျောင်းအပ်လက်ခံမှုများကို ယခုလ မေ (၂၂)ရက်မှ စတင်၍ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်ဟု ဒေသအခြေစိုက် ကိုယ်ပိုင်အထက်တန်းကျောင်း တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို...

ပင်းပက် သံမဏိစက်ရုံလည်ပတ်ရေး အပြီးသတ်လုပ်ငန်းဆောင်ရွက်နေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) လည်ပတ်နိုင်ရေးအတွက် အပြီးသတ်စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း သိရသည်။ လက်ရှိတွင် စက်များတပ်ဆင်ရေးလုပ်နိုင်ရန်အတွက် ရုရှားနိုင်ငံ...
HomeNewsLocal NewsKNDP ပါတီအနေဖြင့်  ပြည်နယ်အတွင်း...

KNDP ပါတီအနေဖြင့်  ပြည်နယ်အတွင်း ၌သာ မဲအောင်နိုင်ရေးလုပ်ဆောင်ရန်ပြန်လည် လျာထားဟုဆို

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP )အနေဖြင့် လာမည့်ရွှေးကောက်ပွဲကာလတွင် ပြည်နယ်အတွင်း ၌သာ မဲအောင်နိုင်ရေးလုပ်ငန်းများလုပ်ဆောင်သွားရန် ပြန်လည်လျာထားကြောင်း ယင်းပါတီဥက္ကဖြစ်သူ မန်းအောင်ပြည်စိုးက ယနေ့တွင် ပေါ်ပြူလာနယူးစ်သို့ပြောသည်။

KNDP ပါတီအနေဖြင့် ယခင်က နိုင်ငံတဝှမ်း မဲအောင်နိုင်ရေးအတွက် မှတ်ပုံတင်ထားသည့်ပါတီတစ်ခုဖြစ်ပြီး၊ နစက ၏ ၂၀၂၃ ရွေးကောက်ပွဲအတွက်  ပါတီမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များထုတ်ပြန် ပြီးနောက်ပိုင်း ယင်းသို့ ပြောင်းလဲရန်လျာထားခြင်းဖြစ်သည်ဟုဆိုသည်။

“ကျွန်တော်တို့ နဂိုကတော့တစ်ပြည်လုံး အခုကတော့ တစ်ပြည်လုံးအနေနဲ့မလွယ်ဘူးထင်တယ်။ အခုကတော့ ပြည်နယ်အတွင်းဘဲ လုပ်ဖြစ်ဖို့များပ့တယ်။ ပါတီအနေနဲ့တစ်နေရာတည်းဝင်ရင်လည်း ပါတီထောင်ထားတာ သိပ်အဓိပ္ပါယ်မရှိဘူးလေ။  ပြည်နယ်အတွင်း ဝင်ပြိုင်လို့ရမယ့်နေရာတွေက်ုတော့ လုပ်ရမှာပေါ့။ “ဟု ရှင်းပြသည်။

လက်ရှိတွင် ပါတီ မှတ်ပုံတင်ခြင်းအတွက် ယခုရက်ပိုင်းအတွင်း ပါတီတွင်း အစည်းအဝေးတစ်ရပ်ကို ကျင်းပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ရွေးကောက်ပွဲပြုလုပ်ပါက ကရင်ပြည် နယ်အတွင်းရှိနေရာစုံတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုရှိနေကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဉက္ကဌ မန်းအောင်ပြည်စိုးက ယခင်က ပြောကြားထား သည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအနေဖြင့် ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ  ၁၁ နေရာတွင် လေးနေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၆ နေရာတွင် ငါးနေရာ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၁ နေရာတွင် ၆ နေရာတို့တွင် ဝင်ရောက်အရွေးခံခဲ့သော်လည်း နေရာတစ်ခုမှရွေးချယ်ခံရခြင်းမရှိဘဲ ရရှိခဲ့သည့် မဲအရေအတွက်မှာမူ ဆိုးဆိုးရွားရွားမဖြစ်ခဲ့ပေ။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအား ကရင်ပါတီ သုံးပါတီ ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်ပြီး၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွှတ်သောကရင်အမျိုးသားဒီမိုကရက်တစ်ပါတီတို့ဖြင့် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၂၂ရက်တွင်  တည်ထောင်ထားခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကုန်သွယ်မှု မြှင့်တင်ရန်၊ ရာဇဝတ်မှု တိုက်ဖျက်ရန် ထိုင်းနှင့် အင်ဒိုနီးရှား သဘောတူ

အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားအကြီးဆုံးနှစ်နိုင်ငံသည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကိုမြှင့်တင်ခဲ့ကြပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်နှင့် ဆိုက်ဘာရာဇဝတ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ရန် ထိုင်းနှင့် အင်ဒိုနီးရှားတို့ ကတိပြုခဲ့ကြသည်။ တနင်္လာနေ့က ဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာနှင့် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုတို့အကြား ထိုင်းအစိုးရအိမ်တော်၌ အဆင့်မြင့်အရာရှိအဆင့် တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့အပြီးတွင် နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတိုးမြှင့်လိုက်ကြောင်း ကြေညာခဲ့သည်။ မေလ ၂ ရက်က ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော ၁၀ ကြိမ်မြောက် ပူးတွဲကော်မရှင်အစည်းအဝေးတွင် သဘောတူခဲ့သည့် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးသည် နှစ်နိုင်ငံ ဆက်ဆံရေးနှင့်...

နိုင်ငံတစ်ခုတိုးတက်ရေးအတွက် စီးပွားရေးအား ကောင်းရန်လို

နိုင်ငံတစ်ခုတိုးတက်ရေးအတွက် စီးပွားရေးအား ကောင်းရန်လိအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မေ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံတစ်ခုတိုးတက်ဖို့အတွက် စီးပွားရေးအရအားကောင်းဖို့လိုအပ်ပါတယ်။ အဲ့လို စီးပွားရေးအားကောင်းအောင်ဆောင်ရွက်ဖို့အတွက် အစိုးရတစ်ရပ်အနေနဲ့ တာဝန်ရှိပါတယ်။ နိုင်ငံရဲ့ GDP ဟာ အိမ်နီးချင်းနိုင်ငံတွေထက်လျော့နည်းနေတာကြောင့် မိမိတို့အနေနဲ့ အခုထက်ပိုမိုကြိုးပမ်း ဆောင်ရွက်သွားရဦးမှာဖြစ်ပါတယ်"ဟု နစကဥက္ကဋ္ဌကပြောသည်။ ထို့ကြောင့် အစိုးရအနေဖြင့် မူဝါဒကိုသာချမှတ်ပေးမည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်များမှအောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကာ အလုပ်လုပ်နိုင်အောင်ဖန်တီးပေးရန်နှင့် တို-က်တွန်းပေးရန်မှာ အစိုးရတွင်တာဝန်ရှိပြီး မိမိတို့အနေဖြင့် ချေးငွေများထုတ်ပေးခြင်း၊ လိုအပ်သည်များ ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ "...

လားရှိုးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းအချို့ မေ (၂၂) ရက်တွင် ကျောင်းအပ်လက်ခံမည်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းအချို့တွင် ကျောင်းအပ်လက်ခံမှုများကို ယခုလ မေ (၂၂)ရက်မှ စတင်၍ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်ဟု ဒေသအခြေစိုက် ကိုယ်ပိုင်အထက်တန်းကျောင်း တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ယခု ပညာသင်နှစ်အတွက် ကိုယ်ပိုင်အထက်တန်းကျောင်းအချို့တွင် KG တန်းမှ G 12 အထိ အတန်းအားလုံးကို မေလ (၂၂) ရက်မှစတင်လက်ခံမည်ဖြစ်ပြီး ဘော်ဒါဆောင်နေထိုင်လိုသည့် ကျောင်းသား/သူများကိုလည်း G 3 မှ G 12 အထိ ဖွင့်လှစ်သွားမည်ဖြစ်သည့်အပြင် နေ့တက်ကျောင်းကားများကိုလည်း စီစဉ်ပေးမှုများလည်းရှိကြောင်း ဆိုသည်။ " ကျွန်တော်တို့ အစိုးရကျောင်းတွေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071