ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ကမ်းနီကျေး ရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့်နေအိမ်တစ် လုံးတို့အား KNDO တပ်ရင်း (၆)နှင့် PDF အဖွဲ့ဝင်များမှ ဇန်နဝါရီ ၂၄ ရက်နံနက်ပိုင်းနှင့်ညနေပိုင်းတို့တွင် မီးရှို့ဖျက်ဆီး၍ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးသွားခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။
ဇန်နဝါရီလ၂၄ ရက်နေ့နံနက် ၃ နာရီခန့်က KNDO တပ်ရင်း (၆)နှင့် PDF အဖွဲ့ဝင်များက ကမ်းနီကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယင်းနေ့ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က KNDO တပ် ရင်း(၆)နှင့် PDF အဖွဲ့ဝင်များသည် ကော့ကရိတ်မြို့နယ်၊တံတားဦးကျေးရွာဘက်မှကမ်းနီကျေး ရွာဘက်သို့ ကား ၂ စီးဖြင့်ရောက်ရှိလာခဲ့ပြီး
ကမ်းနီကျေးရွာရှိ နေအိမ် ၁ လုံးအားမီး ရှို့ဖျက်ဆီးကာ ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်း ဆီးခေါ်ဆောင်၍ ကော့ကျိုက်ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။
မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်များမှ ပြစ်မှုကျူးလွန်သူများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးနှင့်နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

