KIA နှင့် PDF အကြမ်းဖက်အဖွဲ့ဝင်များသည် အောက်တိုဘာ ၂၆ ရက်က စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ရှိ ဌာနဆိုင်ရာအဆောက်အအုံများနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများမှ ဗန်းမောက်မြို့အား ပြန်လည်ထိန်းချုပ်သိမ်းပိုက်ရန် ရှင်းလင်းမှုများပြုလုပ်လျက်ရှိစဥ် ၎င်းတို့က မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်၍ လုံခြုံရေးအဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခံထားရသော ဗန်းမောက်မြို့တွင်းရှိ အဆောက်အအုံများအား မီးအမြန်ဆုံးငြှိမ်းသတ်နိုင်ရေး၊ အခြားအဆောက်အအုံများ မီးကူးစက်မှုမရှိစေရေးတို့အတွက် အကြမ်းဖက်အဖွဲ့များကို ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ဗန်းမောက်မြို့တွင်း၌ အကြမ်းဖက်အဖွဲ့ဝင်များမှ ထပ်မံပြီးအခြားအကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်မှုမရှိစေရေးအတွက်လည်း ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
