လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည် ဂျပန်ဘာသာအရည်ချင်းစစ်စာမေးပွဲ(JLPT)စာမေးပွဲအတွက် တစ်ဦးချင်း လျှောက်ထားသူများအနေဖြင့် စာဖြေဌာနများတွင် ခုံနေရာထပ်မံတိုးမြင့်ချထားနိုင်မည်ဖြစ်ခြင်းကြောင်း လျှောက်လွှာလက်ခံကာလကို တိုးမြှင့်ထားကြောင်း JPLT စာမေးပွဲကျင်းပရေးကော်မတီက ယနေ့ ဩဂုတ်လ (၁၈)ရက်တွင် အသိပေးကြေညညာထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ(၁၄)ရက်က လျှောက်လွှာများကို နောက်ဆုံးလက်ခံထားခဲ့ပြီးနောက် ယခုချိန်တွင် လျှောက် ထားမှုများကို တိုးမြှင့်လက်ခံမည်ဖြစ်ခြင်းကြောင့် ဩဂုတ် (၂၁)ရက်နှင့် (၂၂)ရက်များတွင် ထပ်မံလျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
စာဖြေဌာန နှင့် ထိုင်ခုံအရေအတွက်များအတိုင်းလက်ခံမည်ဖြစ်ခြင်းကြောင့် သတ်မှတ်ထားသည့် level အလိုက် ထိုင်ခုံအရေအတွက်ပြည့်ပါက လျှောက်လွှာလက်ခံခြင်းကို ပိတ်သိမ်းမည်ဖြစ်ကြောင်းလည်း စာမေးပွဲကျင်းပရေးကော်မတီက အသိပေးထားသည်။
လျှောက်ထားနိုင်မည့် အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံဂျပန်ပညာသင်ဟောင်းအသင်း(MAJA) တွင် အသိပေးထားသည်။
