နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) တွင် ပြုလုပ်နေသည့် ကြားနာမှုကို ရင်ဆိုင်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်နေကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ICJ တွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဥပဒေ သက်သေအထောက်ထားများနှင့်အညီ ရင်ဆိုင်ကြိုးပမ်းနေမှုများကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဂုဏ်ပြုထောက်ခံကြောင်းလည်း ဖော်ပြထားသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့၏တရားဥပဒေအအပေါ် ယုံကြည်မှုအပြည့်အဝဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဖြေရှင်းဆောင်ရွက်နေမှုများကိုလည်း ပြည်သူများနှင့်အတူ တစ်သားတည်ရပ်တည်လျက်ရှိကြောင်း ဖော်ပြထားသည်။
နိုင်ငံတကာအမြင်တွင် အထင်မြင်လွဲမှားစေသည့် လုပ်ကြံစွပ်စွဲမှုများကိုလည်း ကန့်ကွက်ကြောင်း ဖော်ပြထားသည်။
