Wednesday, December 17, 2025

မန္တလေးတွင် နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရန် စီစဉ်နေပြီး...

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ည နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မန္တလေးတိုင်းအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင်...

အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်ချိန် တိုးမြှင့်

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်ထားသည့် အာကာသပြတိုက်(ရန်ကုန်)သို့ လာရောက် ကြည့်ရှုလေ့လာသူများပြားလွန်းသည့်အတွက် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် အချိန်တိုးမြှင့်၍ ဖွင့်လှစ်လျက်ရှိကြောင်း အာကာသပြတိုက်(ရန်ကုန်)...

မြို့နယ် (၇၂) မြို့တွင် ရွေးကောက်ပွဲတတိယပိုင်း...

ရွေးကောက်ပွဲတတိယပိုင်းကို မြို့နယ် (၇၂) မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခြင်း ဖြစ်သည်။ ကချင်ပြည်နယ်၊...

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊...

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊ ဆုံးဖြတ်ရာတွင် ရှင်းလင်းပြီး ပြည့်စုံသောအချက်အလက်များ ပါဝင်နိုင်စေရန် နိုင်ငံတော်နှင့်အခွန်ထမ်းများအတွက် တရားမျှတသော အခွန်အယူခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပေါ်ပေါက်လာစေရန်အတွက်...
HomeNewsLocal NewsICJ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်အမျိုးသားအကျိုးစီးပွားအား...

ICJ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်အမျိုးသားအကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်ရန် အ စွမ်းကုန်ကြိုးပမ်း၍ လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်ကို ဆက်လက်ဆောင်ရွက်သွားမည်ဟုအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးပြော

ICJ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်အမျိုးသားအကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်ရန် အ စွမ်းကုန်ကြိုးပမ်း၍ လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်ကို ဆက်လက်ဆောင်ရွက်သွားမည်ဟု
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးပြော

 

အပြည်ပြည်ဆိုင်ရာတရားရုံးက မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်လွှာအား ပယ်ချကြောင်းဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံ၏ ကနဦးကန့်ကွက် လွှာသည် ဥပဒေကြောင်းအရ၊ အချက်အလက်ကြောင်းအရ ပြည်စုံခိုင်လုံမှုရှိသည်ကို ယုံကြည်သည်ဟု ရေးသားထား၍ မိမိတို့တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်ချက်များကို အပြည်ပြည်ဆိုင်ရာတရားရုံးကပယ်ချခဲ့သည်ကို စိတ်ပျက်မိသည်ဟု ရေးသားထားသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာတရားရုံး၏ တရားသူ ကြီးတစ်ဦးဖြစ်သည့် Judge Xue Hanqin မှအ ပြည်ပြည်ဆိုင်ရာတရားရုံးက တရားစီရင်ခွင့်ရှိကြောင်းနှင့်ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခွင့်ရှိကြောင်း ဆုံးဖြတ်ချက်အား ကန့်ကွက်မဲပေးခဲ့ပြီးကွဲလွဲသည့် သုံးသပ်ဆုံးဖြတ်ချက်ကို တင်သွင်းခဲ့သည်ဟု ထုတ်ပြန်ရေးသားထားသည်။

အလားတူ တရားရုံးအနေဖြင့် အဆိုပါကိစ္စရပ်အ ပေါ် အဆုံးအဖြတ်ပေးခဲ့ပြီးဖြစ်ကာ ယင်းဆုံး ဖြတ်ချက်သည် အပြည်ပြည်ဆိုင်ရာဥပဒေ၏ အ ရင်းအမြစ်ဖြစ်သွားမည်ဖြစ်ပြီး နောင်လာမည့်အ မှုများအတွက် သာဓကအမှု ဖြစ်သွားမည်ကို မြန် မာနိုင်ငံအနေဖြင့် သတိပြုမိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် စာချုပ်အားလက်ခံအတည်ပြုစဉ်ကကြေညာခဲ့သည့် ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုပြီး စာချုပ်တွင်ပါရှိသည့် ကတိကဝတ်များအား မည်သည့်အခါမျှ ဖောက်ဖျက်ကျူးလွန်ခြင်းမရှိဘဲ လေးစားလိုက် နာလျက်ရှိသည်။

အလားတူ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်ရန် အစွမ်းကုန်ကြိုးပမ်းလျက် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်ကို ဆက်လက်ဆောင် ရွက်သွားမည်ဟု အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တင်ပြထားသည့်အမှုနှင့်ပတ် သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံးက စီရင်ခွင့်မရှိကြောင်း၊ဂမ်ဘီယာနိုင်ငံသည် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ကနဦးကန့်ကွက်လွှာအချက် ၄ ချက်အား မြန်မာနိုင်ငံက တင်သွင်းခဲ့သည်။

ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အတွက်အမည်ခံ၍ ဤအမှုကိစ္စကို တရားစွဲဆိုတင်သွင်းခဲ့ခြင်းဖြစ်၍ အမှုအ သွားအလာအားလုံး၏ အမှန်စင်စစ်တရားစွဲဆိုသည့် တရားလိုသည် နိုင်ငံတကာအဖွဲ့အစည်းဖြစ်သော အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖြစ်သည်။

ဂမ်ဘီယာနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် လူမျိုး သုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင် ငံတကာသဘောတူစာချုပ်၏ အပိုဒ် ၉ အရ နစ်နာသည့်နိုင်ငံမဟုတ်၍ အမှုကိုတရားစွဲဆိုနိုင်သည့် အနေအထားမရှိကြောင်း ဒုတိယကန့်ကွက်လွှာအ နေဖြင့်တင်သွင်းခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံမှ စာချုပ်၏ အပိုဒ် ၈ အား ခြွင်းချက်ပြုထားခြင်းကြောင့် ဂမ်ဘီယာနိုင်ငံအ နေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရား စွဲဆိုခြင်းမပြုနိုင်ကြောင်းလည်း တင်သွင်းခဲ့သည်။

အလားတူ မြန်မာနိုင်ငံနှင့်ဂမ်ဘီယာနိုင်ငံကြားတွင် အငြင်းပွားမှု တစ်စုံတစ်ရာမရှိ၍ ၎င်း၏ လျှောက်ထားချက်ကို အပြည်ပြည်ဆိုင်ရာတရား ရုံးအနေဖြင့် လက်မခံသင့်ကြောင်း ကန့်ကွက်လွှာများတင်သွင်းခဲ့သည်။

အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိမြန်မာနိုင်ငံ ၏ကိုယ်စားလှယ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်နှင့်အလှည့်ကျကိုယ်စားလှယ် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည် ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တို့ဦး ဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များက နိုင်ငံတကာရှေ့နေများနှင့်အတူ တက်ရောက်ချေ ပလျှောက်လဲခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးတွင် နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရန် စီစဉ်နေပြီး လုံခြုံရေးသတိ၊ အသိဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရမည်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ည နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မန္တလေးတိုင်းအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင် နှစ်သစ်ကူးပြောင်းခြင်းကို နိုင်ငံသူနိုင်ငံသားများက ညဉ့်နက်သန်းခေါင်းယံအထိ စောင့်ဆိုင်း၍ နှစ်သစ်ကိုကြိုဆိုခြင်းအထိမ်းအမှတ် ပျော်ရွှင်ဖွယ်ရာများနှင့်အတူ ကြိုဆိုကြကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောသည်။ မန္တလေးမြို့တွင် နှစ်သစ်ကူးကြိုဆိုခြင်း၏ အနှစ်သာရကို မန္တလေးမြို့သူမြို့သားများ၊ ပြည်သူလူထုအား မြူးကြွသည့် ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ အေးချမ်းပျော်ရွှင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲနိုင်မည့် အစီအစဉ်များ၊ နှစ်သစ်ကူး Countdown ကို အတူရေတွက်ခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းတိုကို...

အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်ချိန် တိုးမြှင့်

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်ထားသည့် အာကာသပြတိုက်(ရန်ကုန်)သို့ လာရောက် ကြည့်ရှုလေ့လာသူများပြားလွန်းသည့်အတွက် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် အချိန်တိုးမြှင့်၍ ဖွင့်လှစ်လျက်ရှိကြောင်း အာကာသပြတိုက်(ရန်ကုန်) မှသိရသည်။ အာကာသပြတိုက် (ရန်ကုန်)ကို စတင်ဖွင့်လှစ်ချိန်မှာ အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ လာရောက်လေ့လာသူ များပြားလာခြင်းကြောင့် ဒီဇင်ဘာလ ၁၃ ရက်မှစပြီး စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင်...

မြို့နယ် (၇၂) မြို့တွင် ရွေးကောက်ပွဲတတိယပိုင်း ကျင်းပမည်

ရွေးကောက်ပွဲတတိယပိုင်းကို မြို့နယ် (၇၂) မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခြင်း ဖြစ်သည်။ ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် (ဒီဇင်ဘာ၁၆ရက်) က တွေ့ဆုံရာ၌ ထိုကဲ့သို့ပြောကြားခြင်း ဖြစ်သည်။ ထိုနည်းတူ ကြားဖြတ်ရွေးကောက်ပွဲအဖြစ် ကျန်ရှိမည့် မြို့နယ်၅၆မြို့နယ်ကိုလည်း အတတ်နိုင်ဆုံး ရွေးကောက်ပွဲ ပြုလုပ်ပေးရန် စီစဉ်ရည်ရွယ်ထားသည်ဟုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။ လက်ရှိ၌ အထွေထွေရွေးကောက်ပွဲ ပထမပိုင်းကို ၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၈ရက်၌ စတင်ပြုလုပ်တော့မည် ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071