Friday, February 14, 2025

မုံရွာမြို့တွင် နှစ်(၁၁၀)ပြည့် မြန်မာနိုင်ငံ ကလေ-းများနေ့အခမ်းအနားများကျင်းပ

နှစ်(၁၁၀)ပြည့် မြန်မာနိုင်ငံ ကလေ-းများနေ့ ပျော်ပွဲရွှင်ပွဲကို ဖေဖော်ဝါရီလ (၁၃)ရက် နံနက်(၈)နာရီက မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ကျင်းပသည်။ ပျော်ပွဲရွှင်ပွဲကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး...

ရွှေကုက္ကိုလ်က အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို ကရင်နယ်ခြားစောင့်တပ် က...

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် ခြေကုတ်ယူကာ လုပ်ဆောင်နေသည့် အွန်လိုင်းငွေလိ-မ်လည်သည့် ကျားဖျန့်လုပ်ငန်းများအား ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက် ဖမ်းဆီးမှုများကို...

Myanmar National League 2024-25...

Myanmar National League 2024-25 ပွဲစဉ် Week-19 ပွဲစဉ်များ ပြီးဆုံးချိန်အထိ အများဆုံး သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသူမှာ ရန်ကုန်ယူနိုက်တက်အသင်း...

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ထိန်းထားနိုင်ရန် တရုတ်ကြိုးပမ်းနေ

ပေကျင်း၊ဖေဖော်ဝါရီ ၁၂ ပြင်းထန်လာသည့် တရုတ်-အမေရိကန်ကုန်သွယ်ရေးအားပြိုင်မှုများအကြား ၌ မြေစာပင်ဖြစ်မည့်အရေးကို စိုးရိမ်ပူပန်နေကြသည့်ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များကို သိမ်းသွင်းနိုင်ရန်အတွက် တရုတ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တည်ငြိမ်စေမည့်အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တနင်္လာနေ့က ဝန်ကြီးချုပ်လီချင်ဦးဆောင်သည့် နိုင်ငံတော်ကောင်စီအစည်းအဝေးတွင်...
HomeInternationalICC ကို ပိတ်ဆို့အရေးယူရန်...

ICC ကို ပိတ်ဆို့အရေးယူရန် အမေရိကန် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်

ဂါဇာတွင် အစ္စရေးက ထိုးစစ်ဆင်‌နေခြင်းနှင့်ပတ်သက်၍ ဝန်ကြီးချုပ် နေတန်ယာဟုအား ဖမ်းဝရမ်းထုတ်ခဲ့သည့် နိုင်ငံတကာရာဇ၀တ်တရားရုံး(ICC)အား လက်တုံ့ပြန်သည့်အနေဖြင့် ICC ကို ပိတ်ဆို့အရေးယူရန် အမေရိကန် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်သည်။

အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် အစ္စရေးနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဟောင်း ယို့ဗ်ဂဲလန့် တို့အပေါ် ဖမ်းဝရမ်းထုတ်မှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) အား ပိတ်ဆို့အရေးယူမည့် ဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ကွန်ဂရက်အောက်လွှတ်တော်ရှိ ဥပဒေပြုအမတ်များသည် “တရားမဝင် တရားရုံး တန်ပြန်ရေးအက်ဥပဒေ” ကို မဲပေးသူ ၂၄၃ အနက် ထောက်ခံမဲ ၁၄၀ က အစ္စရေးကို အခိုင်အမာထောက်ခံသည့်အချက်ကိုပြသည့်အ‌နေဖြင့် ကြာသပတေးနေ့တွင် အတည်ပြုခဲ့‌ခြင်းဖြစ်သည်။

ဒီမိုကရက်အမတ် လေးဆယ့်ငါးဦးသည်လည်း ယင်းဥပဒေကြမ်းကို ထောက်ခံရာတွင် ရီပတ်ဘလီကန်အမတ်များနှင့် ပူးပေါင်းခဲ့သည်။ ရီပတ်ဘလစ်ကန်အမတ်တစ်ဦးကမျှ ကန့်ကွက်မဲမပေးခဲ့ကြချေ။

ယခုဥပဒေမူကြမ်းသည် ယခုလအစောပိုင်းက ရီပတ်ဘလစ်ကန်အများစု ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် အမေရိကန်အထက်လွှတ်တော်သို့ ဦးတည်သွားနေပြီဖြစ်သည်။

အမေရိကန် နိုင်ငံသား သို့မဟုတ် မဟာမိတ်နိုင်ငံတစ်ခု၏ နိုင်ငံသားတစ်ဦးကို စုံစမ်းစစ်ဆေးရန်၊ ဖမ်းဆီးထိန်းသိမ်းခြင်း သို့မဟုတ် တရားစွဲဆိုရန် ကြိုးပမ်းရာတွင် သက်ဆိုင်ရာ နိုင်ငံမှတရား‌ရေးဌာန၏ အခွင့်အာဏာကို အသိအမှတ်မပြုသော ICC ၏ ဆောင်ရွက်ချက်များကို ကူညီပေးသည့် နိုင်ငံခြားသားတိုင်းအား ပိတ်ဆို့အရေးယူရန် အဆိုပါ ဥ‌ပဒေတွင်အဆိုပြုထားသည်။

အမေရိကန်နှင့် အစ္စရေးနှစ်နိုင်ငံစလုံးသည် ICC ကို ထူထောင်ရာတွင် အ‌ခြေခံထားသည့် Rome Statute ကို သဘောတူလက်မှတ်ရေးထိုးထားခြင်းမရှိချေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့တွင် နှစ်(၁၁၀)ပြည့် မြန်မာနိုင်ငံ ကလေ-းများနေ့အခမ်းအနားများကျင်းပ

နှစ်(၁၁၀)ပြည့် မြန်မာနိုင်ငံ ကလေ-းများနေ့ ပျော်ပွဲရွှင်ပွဲကို ဖေဖော်ဝါရီလ (၁၃)ရက် နံနက်(၈)နာရီက မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ကျင်းပသည်။ ပျော်ပွဲရွှင်ပွဲကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာမြို့ နန္ဒဝန်မူလတန်းကြိုကျောင်းမှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ ၂၀၂၅-ခုနှစ် မြန်မာနိုင်ငံ ကလေ-းများနေ့ အကြောင်းကိုစစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်ကရှင်းလင်းပြောကြားပြီး နန္ဒဝန်မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်များကဂုဏ်ပြုကြစို့၊ဘယ်လိုက၊ လက်တွဲညီညာနေ့၊ ပြည်ထောင်စုပျော်ပွဲ၊ ရှမ်းအိုးစည်၊ ကစားဖော်များ၊ ရခိုင်ပြည်နယ်အလည်သွား၊ ကရင်ဒုံးယိမ်းအကတို့ဖြင့် ကပြသီဆိုဖျော် ဖြေကြသည်။ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်နှင့် တာဝန်ရှိသူများက နန္ဒဝန်မူလတန်းကြိုကျောင်းမှ...

ရွှေကုက္ကိုလ်က အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို ကရင်နယ်ခြားစောင့်တပ် က ဝင်ရောက်ဖမ်းဆီးမှုစတင်

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် ခြေကုတ်ယူကာ လုပ်ဆောင်နေသည့် အွန်လိုင်းငွေလိ-မ်လည်သည့် ကျားဖျန့်လုပ်ငန်းများအား ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက် ဖမ်းဆီးမှုများကို ယနေ့ နံနက်ပိုင်းတွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အဆိုပါတပ်၏ တာဝန်ရှိသူများထံမှ သိရသည်။ ယနေ့ ဖေဖေါ်ဝါရီ (၁၄) ရက် နံနက် (၆) နာရီအချိန်မှစတင်ကာ ရွှေကုက္ကိုလ်ဒေသရှိ ကျားဖျန့်လုပ်ငန်းများအား ဝင်ရောက်စီးနင်းကာ စစ်ဆေးဖမ်းဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ " မနက် (၆) နာရီလောက်မှာ စလုပ်တာပါ"...

Myanmar National League 2024-25 ပွဲစဉ်တလျှောက် သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသည့် တိုက်စစ်မှူး ရန်ကျော်ထွေး

Myanmar National League 2024-25 ပွဲစဉ် Week-19 ပွဲစဉ်များ ပြီးဆုံးချိန်အထိ အများဆုံး သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသူမှာ ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ရန်ကျော်ထွေးဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီ၏ ဖေဖေါ်ဝါရီ (၁၃) ရက်တွင် အသိပေးထားသည်။ ရန်ကျော်ထွေးသည့် ပြီးခဲ့သည့် Week -18 ပွဲစဉ် ပြီးဆုံးချိန်မှစတင်၍ သွင်းဂိုး (၁၃)ဂိုးဖြင့် ဦးဆောင်နေခြင်းဖြစ်ပြီး၊ လာမည့် Week -20 ပွဲစဉ်ကို ဖေဖော်ဝါရီ (၁၄)ရက်၌ စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ အသင်းများအလိုက်လက်ကျန်ပွဲစဉ် သုံးပွဲစီ ကစားရန်သာ ကျန်ရှိသည်။ အလားတူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071