Tuesday, August 4, 2026

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ –...

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄...
HomeInternationalICCကို ပိတ်ဆို့အရေးယူမှုများ ချမှတ်သည့်...

ICCကို ပိတ်ဆို့အရေးယူမှုများ ချမှတ်သည့် အမိန့်တစ်ရပ် ထရမ့်လက်မှတ်ရေးထိုး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး(ICC) အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်သည့် သမ္မတအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။

“ရောမစာချုပ်အရ တည်ထောင်ခဲ့သည့် ခုံရုံးတစ်ရပ်ဖြစ်သော အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး(ICC) သည် အမေရိကန်၏ နီးစပ်သည့်မိတ်ဖက် အစ္စရေးတို့အား မတရားပြီး အခြေအမြစ်မရှိသော လုပ်ရပ်များကို ဆောင်ရွက်ခဲ့ကြောင်း ကျွန်ုပ်၊ အမေရိကန်ပြည်ထောင်စု၏သမ္မတ ဒေါ်နယ်ဂျေ ထရမ့်တွေ့ရှိရသည်။ ICC သည် တရားဝင်အခြေခံဟူ၍မရှိဘဲ အမေရိကန်နှင့် ၎င်း၏မိတ်ဖက်များဖြစ်သည့် အစ္စရေးနိုင်ငံတို့မှ ပုဂ္ဂိုလ်များအား စုံစမ်းစစ်ဆေးရန် လုပ်ငန်းစဉ်ကို စတင်ခဲ့ပြီး၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုနှင့် ယခင်ကာကွယ်ရေးဝန်ကြီး ယိုဗ် ဂါလန့်တို့အား မတရားသော ဖမ်းဆီးမှုများ ထုတ်ခဲ့သည်ဟု ကျွန်ုပ်၊ အမေရိကန်ပြည်ထောင်စု၏သမ္မတ ဒေါ်နယ်ဂျေ ထရမ့် သိရသည်။”

“အမေရိကန်နိုင်ငံသည် ICC ၏ မည်သည့်လုပ်ရပ်ကိုမဆို ပြတ်ပြတ်သားသား ကန့်ကွက်ပြီး၊ ကျွန်ုပ်တို့၏ မိတ်ဖက်နိုင်ငံများအနေဖြင့်လည်း အမေရိကန်၊ အစ္စရေးနှင့် အခြားမိတ်ဖက်နိုင်ငံများအပေါ် ICC ၏ စွပ်စွဲမှုများကို ကန့်ကွက်ရန် မျှော်လင့်ထားပါသည်။ အမေရိကန်နိုင်ငံသည် တာဝန်ယူမှုနှင့် ငြိမ်းချမ်းစွာ နိုင်ငံတကာအစဉ်အလာကို ထိန်းသိမ်းပါမည်ဟု ကတိကဝတ်ပြုထားသော်လည်း၊ ICC နှင့်တကွ ရောမစာချုပ်ဝင် နိုင်ငံများအနေဖြင့်လည်း အမေရိကန်နှင့် အခြားနိုင်ငံများ၏ ဆုံးဖြတ်ချက်များကို လေးစားရမည်ဖြစ်ကာ၊ ၎င်းတို့၏ အကြီးအကဲများအား ICC ၏ စွပ်စွဲမှုများအောက်သို့ မရောက်ရှိစေရန် လုပ်ဆောင်ရမည်ဖြစ်သည်။”

“အမေရိကန်နိုင်ငံသည် ICC ၏ မတရားသောလုပ်ရပ်များအတွက် တာဝန်ရှိသူများအား ထိရောက်သော အရေးယူမှုများ ချမှတ်သွားမည်ဖြစ်ပြီး၊ အဆိုပါ အရေးယူမှုများတွင် ပစ္စည်းဥစ္စာများနှင့် ငွေကြေးများကို ပိတ်ဆို့ခြင်း၊ ICC အရာရှိများ၊ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့်ကို ရပ်ဆိုင်းခြင်းတို့ ပါဝင်နိုင်သည်။ ထိုသူများအား အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့်ပြုခြင်းသည် အမေရိကန်၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်ပါသည်။”

“ထို့ကြောင့်၊ ICC ၏ မည်သည့်လုပ်ရပ်ကိုမဆို စုံစမ်းစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် တရားစွဲဆိုခြင်းတို့သည် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒအတွက် ထူးခြားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်ဟု ကျွန်ုပ်၊ အမေရိကန်ပြည်ထောင်စု၏သမ္မတ ဒေါ်နယ်ဂျေ ထရမ့်က သတ်မှတ်လိုက်သည်” ဟု ထရမ့်က သူ၏ သမ္မတအမိန့်တွင် ဖော်ပြခဲ့သည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က၊ ICC ၏ Pre-Trial Chamber သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုနှင့် ယခင်ကာကွယ်ရေးဝန်ကြီး ယိုဗ် ဂါလန့်တို့အား ပါလက်စတိုင်းနယ်မြေ၊ ဂါဇာကမ်းမြှောင်ဒေသတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်မှ ၂၀၂၄ ခုနှစ် မေလ ၂၀ ရက်အထိ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက်ဟုဆိုကာ ဖမ်းဆီးရန် ဝရမ်းများ ထုတ်ခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးသည် လူသ–တ်မှု၊ ညှဉ်းပ-န်းနှိ-ပ်စက်မှုနှင့် အခြားလူမဆန်သော လုပ်ရပ်များအတွက် တရားခံဖြစ်နိုင်ပြီး၊ စစ်ပွဲနည်းဗျူဟာအဖြစ် ပြည်သူများအား ရည်ရွယ်ချက်ရှိရှိ အငတ်ဘေးကျရောက်စေမှုအတွက်လည်း တာဝန်ရှိသည်ဟု ICC က စွပ်စွဲထားသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လကလည်း၊ ထရမ့်သည် သူ၏ ပထမသမ္မတသက်တမ်းအတွင်း အလားတူသမ္မတအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သေးကာ၊ ICC အဖွဲ့ဝင်များအား ကန့်သတ်ပိတ်ဆို့မှုများ ချမှတ်ရန် ခွင့်ပြုခဲ့သည်။ ထို့နောက် ဂျိုးဘိုင်ဒန်အစိုးရတက်လာသည်တွင် ထရမ့်၏ ပထမသက်တမ်းအတွင်းက ချမှတ်ခဲ့သော ICC အပေါ် ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆ ရက်တွင် ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံအစိုးရ ပြည်သူ့ဆက်ဆံရေးဌာနက ကြေညာလိုက်ပါတယ်။ ဒီခရီးစဉ်ဟာ ဦးမင်းအောင်လှိုင် သမ္မတ ရာထူးတာဝန်ယူပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ပထမဆုံး တရားဝင်သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား နီးကပ်တဲ့ အိမ်နီးချင်း ဆက်ဆံရေးကို ဖော်ပြနေတဲ့အပြင် လုံခြုံရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေနဲ့...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ ဆင်ဘိုကုန်းရပ်ကွက်၊ စိမ်းမြောက်(ပေ ၆၀ လမ်း)၊ အောင်ချမ်းသာရပ်ကွကနှင့် အုတ်ကျင်းရပ်ကွက်များအတွင်းသို့ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ရင်းချောင်းရေမြင့်တက်ပြီး ချောင်းဘေးတစ်လျှောက်ရှိနေအိမ်များအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် ရပ် ကွက်များရှိ နေအိမ်များအတွင်းနှင့် နမ့်ရင်းချောင်းဘေးတွင်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး စည်းညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့လာရောက်ဂါရဝပြုတွေ့ဆုံ   တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်နေဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက နိုင်ငံ တော်အစိုးရသစ်လက်ထက်တွင် တိုင်း ပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ် နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန် သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဒုတိယဥက္ကဋ္ဌဦးကျောက်ကော်အန်းတိို့သည် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိ ဋ္ဌာန်ချမှတ်၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအားလုံးကိုဖိတ်ခေါ်ဆွေး နွေးလျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071