၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် တစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာ စာစစ်ဌာနများ၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ထုတ်ပြန်ချက်များအရ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဆရာတော်ကြီး ဦးစီးဖွင့်လှစ်တော်မူသည့် IBEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ (၆)ဘာသာဂုဏ်ထူးရှင် (၁)ဦးအပါအဝင် ကျောင်းသား/သူ (၈၈)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို IBEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူ (၁၈၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၆)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၅)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၄)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၉)ဦးတို့အပါအဝင် စုစုပေါင်း ကျောင်းသား/သူ (၈၈)ဦး စာမေးပွဲအောင်မြင်ခဲ့ကြောင်း သိရသည်။
IBEC ကိုယ်ပိုင်အထက်တန်းကျောင်းသည် ပညာရေးနှင့် ကိုယ်ကျင့်တရားဖွံ့ဖြိုးရေးကို အလေးထားသင်ကြားပေးလျက်ရှိပြီး နှစ်စဉ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်ကျောင်းသား/သူများကို မွေးထုတ်ပေးလျက်ရှိကြောင်း သိရသည်။
