စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သော ဇွန် ၂ ရက်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား IBEC ဆရာတော်က နွေးထွေးစွာကြိုဆိုနှုတ်ဆက်တော်မူခဲ့သည်။