သြစတြေးလျ အစိုးရအနေဖြင့် HIV ၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါတို့ကို တို-က်ဖျ-က်ရာတွင် အထောက်အကူဖြစ်စေရန် (၃)နှစ်တာကာလအတွက် ထပ်တိုးဒေါ်လာ (၂၆၆) သန်းပေးအပ်ကာ the Global Fund to Fight AIDS, Tuberculosis and Malaria ၏ လုပ်ငန်းများကို ဆက်လက်ပံ့ပိုးလျက်ရှိကြောင်း သိရသည်။
တီဘီရောဂါသည် ကမ္ဘာ့လူအေ-သဆုံးနိုင်ဆုံးကူးစက်ရောဂါဖြစ်သလို HIV ပိုးကူးစက်ခံရမှု အသစ်များအားလုံး၏ လေးပုံတစ်ပုံနီးပါးကလည်း အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသတွင်ဖြစ်သည်။
မြန်မာနိုင်ငံသည် ဒေသတွင်းရှိ တီဘီရောဂါဆိုင်ရာ အကြီးဆုံးဝန်ထုပ်ဝန်ပိုးများရှိနေသည့် တစ်နိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ်က မြန်မာနိုင်ငံတွင် တီဘီရောဂါကြောင့် သေဆုံးသူ (၅၀,၀၀၀) နီးပါးရှိခဲ့ကြောင်း သိရသည်။
သြစတြေးလျ၏ အကူအညီသည် ပိုမိုအားကောင်းသည့် ကျန်းမာရေးစနစ်များဖြစ်ရန် မြှုပ်နှံခြင်း၊ လူမှုအသိုက်အ ဝန်းများ ဆေးကုသမှုဆီ လက်လှမ်းမီရရှိရန် ကူညီခြင်းဖြင့် မြန်မာနိုင်ငံအပါအဝင် အဆိုပါရောဂါများကို တိုက်ဖျက်မည့် ကမ္ဘာလုံးဆိုင်ရာဆောင်ရွက်ကြိုးပမ်းမှုတွင် အထောက်အကူပြုမည်ဖြစ်သည်။
ယင်းအစီအစဉ်အရ ၂၀၀၂ ခုနှစ်မှ စတင်ကာ ဒေသတွင်းနိုင်ငံများမှ အသက်ပေါင်း (၂၆.၅)သန်းကျော်နှင့် တစ်ကမ္ဘာလုံးရှိ အသက်ပေါင်း (၆၅)သန်းကျော်တို့ကို ကယ်တင်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါတို့ကြောင့် ေ-သဆုံးမှုနှုန်းကိုလည်း ကမ္ဘာတလွှား၌ (၆၀) ရာခိုင်နှုန်းကျော် လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။
