တရုတ်နိုင်ငံ၊ ဟေလုံကျန်းပြည်နယ်၊ ဟာဘင်းမြို့သို့ရောက်ရှိနေသော မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၅ ရက်နံနက်ပိုင်းက Heilongjing Huida Technology Co., Ltd. သို့သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။
မြန်မာနိုင်ငံတော် ယာယီသမ္မတမှ Heilongjing Huida Technology Co., Ltd. မှ AI စနစ်သုံးမြေအခြေအနေတိုင်းတာရေးပစ္စည်းများထုတ်လုပ်လျက်ရှိမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ ရှင်း လင်းတင်ပြမှုများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
ထို့ပြင် Heilongjing Huida Technology Co., Ltd. မှနိုင်ငံတကာ၌ အဆင့်မြင့်စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ မောင်းသူမဲ့စနစ်နှင့် ယာဉ်ယန္တရားများ၏ ဒီဇိုင်းများထုတ်လုပ်လျက်ရှိမှု၊ စိုက်ပျိုးရေးအထောက်အကူပြု Drone များထုတ်လုပ်အသုံးပြုလျက်ရှိမှုတို့ကို ကြည့်ရှုလေ့လာခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတသည် ဟာပင်းမြို့၊ Taiping International Airport မှတစ် ဆင့် စီချွမ်ပြည်နယ် ချန်ဒူးမြို့သို့ထွက်ခွာရာ ဟေလုံးကျန်းပြည်နယ်အစိုးရအဖွဲ့မှ ဒုဝန်ကြီးနှင့် တာ ဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြပြီး ချန်ဒူးမြို့၊ Chengdu Shuangliu International Airport သို့ရောက်ရှိချိန်၌ စီချွမ်ပြည်နယ်အစိုးရအ ဖွဲ့မှ ဒု-ဝန်ကြီးနှင့် တာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။
