Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeNewsLocal NewsGrand Royal အရက်ချက်စက်ရုံယနေ့နံနက်...

Grand Royal အရက်ချက်စက်ရုံယနေ့နံနက် ၇ နာရီတွင် မီးငြိမ်းသွားခဲ့

ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်၊လိပ်ပုတ်ကျေးရွာ အုပ်စု၊အမှတ်(၄)လမ်းမကြီးပေါ်ရှိ Grand Royal အရက်ချက်စက်ရုံ၌ ဇန်နဝါရီ ၁၃ ရက်နေ့လည်ပိုင်းမှစတင်၍ လောင်ကျွမ်းခဲ့သည့် မီးလောင်မှုဖြစ်စဥ်အား နာရီပေါင်းများစွာငြှိမ်းသတ်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၄ ရက်(ယနေ့)နံနက် ၇ နာရီတွင် မီးငြိမ်းသွားခဲ့သည်ဟု သိရသည်။

Grand Royal အရက်ချက်စက်ရုံမီးလောင်မှုအား သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ် ဖွဲ့ဝင်များ(စုစုပေါင်း ၅၅၀ ဦး)၊ရန်ကုန်တိုင်းအတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ၊ကြက်ခြေ နီအသင်းဝင်များက ၁၅ နာရီခွဲကြာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်သည် ဇန်နဝါရီ ၁၃ ရက်နေ့လည် ၃ နာရီ ၂၉ မိနစ်၌ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေ့လည် ၃ နာရီ ၄၁ မိနစ်တွင် Level 3 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၈ နာရီ ၃၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်နံနက် ၇ နာရီ၌ မီးငြိမ်းသွားခဲ့သည်သဖြင့် စုစုပေါင်းမီးငြှိမ်းသတ်ချိန် ၁၅ နာရီခွဲကြာမြင့်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

မီးလောင်မှုတွင် စက်ရုံရှိ RF 96% အရက်ဆီဂါ လန် (၅၀၀၀၀)ဆံ့ Tank (၃)လုံး၊ RF 50% အရက်ဆီလီတာ (၂၀၀၀၀)ဆံ့ Tank (၆)လုံးနှင့်ဂိုဒေါင် (၃)လုံးမီးလောင်ကျွမ်းလျက်ရှိပြီး မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်စဉ် ညနေ ၅ နာရီခွဲတွင် စက်ရုံအတွင်းမှပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ထို့ပြင် မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်အများအပြားတွင် အရေပြားအပူလောင်သည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့်အင်းစိန်ပြည်သူ့ဆေးရုံကြီးတို့၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

“မီးလောင်တဲ့အချိန်ပေါက်ကွဲတာပါဖြစ်တော့ ပိုဆိုးတာပေါ့ ညကမီးထိန်းနိုင်ပြီးတာတောင် အပြီးတိုင်မီးငြိမ်းသွားဖို့ကိုတော်တော်ကြိုးစားခဲ့ရတယ် ပျက်စီးမှုကတော့အများကြီးပဲ ၂၀၂၃ ခုနှစ်ရဲ့ နှစ်စမှာအကြီးဆုံးမီးလောင်မှုပဲ လူနာတင်ကားတွေ မီးသတ်ကားတွေအများကြီးပဲ ကျွန်နော်ဆိုရင် အခုအသံသိပ်မထွက်နိုင်ဘူး မီးခိုးတွေကရှူမိတယ် မီးအပူဒဏ်ပြင်းတော့ လည်ပင်းတွေနာနေတယ်”ဟု ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးတွက်ချက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice Showcase-2025) ကျင်းပမည်

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား လက်ဆင့်ကမ်း ပညာပေးသူများအဖြစ် ရွေးချယ်ခန့်အပ်ခြင်းအစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ လူဦးရေ ၈ သန်းကျော်ရှိသော ရန်ကုန်တိုင်း ဒေသကြီးတွင် ဆန်အမျိုးအစားများ၊ အရည်အသွေးများ၊ အမှတ်တံဆိပ်များနှင့် ဈေးနှုန်းများ မျိုးစုံစွာ ကွဲပြား များပြားလာသည်နှင့်အမျှ ရန်ကုန်မြို့ သူမြို့ သားများ - အထူးသဖြင့် အလုပ် များသော အိမ်ရှင်မများနှင့် လူငယ်လူလတ်ပိုင်း...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ ၁၀ ဘီလီယံအထိ နစ်နာကြေးပေးရန် ဒေါ်နယ်လ် ထရမ့် တရားစွဲပြီ

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့် မိန့်ခွန်းကို ဘီဘီစီ (BBC)သတင်းဌာနမှ တည်းဖြတ်ပြင်ဆင်မှုနှင့်ပတ်သက်၍ ထရမ့်က တရားစွဲဆိုခဲ့ရာ နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀ ဘီလီယံအထိ တောင်းဆိုထားသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ထုတ်လွှင့်ခဲ့သည့် Panorama အစီအစဉ်တွင် သူ၏မိန့်ခွန်းကို ဘီဘီစီက “ရည်ရွယ်ချက်ရှိရှိ၊ အငြိုးတကြီး၊ လှည့်ဖြားသည့်သဘောဖြင့်” တည်းဖြတ်ခဲ့သည်ဟု ထရမ့်က စွပ်စွဲထားသည်။ တနင်္လာနေ့ ညနေပိုင်းက တင်သွင်းခဲ့သည့် တရားစွဲဆိုမှုတွင်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071