Monday, June 22, 2026

ဗြိတိန်ဝန်ကြီးချုပ် တာဝန်တွေလွှဲပြောင်းပေးဖို့ သူ့အဖွဲ့ စတင်ပြင်ဆင်နေပြီ

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမားရဲ့ နိုင်ငံရေးအဖွဲ့ဟာ အောက်လွှတ်တော်အမတ် အန်ဒီ ဘန်ဟမ် ရဲ့ လူယုံတွေဆီကို တာဝန်တွေ စတင်လွှဲပြောင်းပေးနေပြီလို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး...

နှစ်ပေါင်း ၅၀၀ ကျော် သမိုင်းရှိ...

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တိန်ချုံးမြို့ရှိ စီမိုလာဝ တိုင်းရင်းသားကျေးရွာ (Simola Wa Ethnic Village) သည် နှစ်ပေါင်း ၅၀၀ ကျော်...

ယနေ့တွင် မန္တလေးမြို့၌ ပါချုပ်ဆရာတော်ကြီး အထူးဓမ္မသဘင်...

ယနေ့ (ဇွန် ၂၂) ၌ မန္တလေးမြို့တွင် ပါမောက္ခချုပ်ဆရာတော်ကြီးမှ အထူးဓမ္မသဘင် တရားပွဲ အစီအစဉ် ဟောပြောရန် ရှိသည်ဟု မြို့ခံများထံမှ သိရသည်။ ဓမ္မသဘင်ဆင်ယင်ကျင်းပမည့်နေရာသည်...

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် Express ယာဉ်...

သေဆုံးသူ(၃)ဦးရှိ ရန်ကုန်-မန္တလေးလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံတွင် ယနေ့ မနက်(၃)နာရီဝန်းကျင်တွင်  ရတနာဖြိုး Express ယာဉ်အား နောက်မှ ရွှေမန္တလာ Express ယာဉ်...
HomeNewsLocal NewsGPS စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရာ...

GPS စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရာ သတ်မှတ်လမ်းကြောင်းမှ လွဲချော်သည့် ဆီသယ်ယာဉ်(၂)စီး ဖမ်းဆီးရမိ

ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့သို့ စက်သုံးဆီတင်ဆောင် ထွက်ခွာခဲ့သော်လည်း သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာခြင်းမရှိသည့် ဆီသယ်ယာဉ်(၂)စီးကို GPS စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ဆီသယ်ယာဉ်များတွင် GPS စနစ်တပ်ဆင်ကာ Online Monitoring Center မှတစ်ဆင့် သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာမှု ရှိ၊ မရှိနှင့် စက်သုံးဆီများအား သက်ဆိုင်ရာနေရာများသို့သာ ပို့ဆောင်ခြင်း ရှိ၊ မရှိကို တိုက်ရိုက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ယာဉ်များအနက် ဆီသယ်ယာဉ်အမှတ် 5P/8614 နှင့် နောက်တွဲယာဉ်အမှတ် 1TLR-9177 သည် သီလဝါမှ ကရင်ပြည်နယ် ဘားအံမြို့သို့ စက်သုံးဆီပို့ဆောင်ရန် ထွက်ခွာခဲ့သော်လည်း ကျိုက်ထိုမြို့အနီးတွင် ရပ်တန့်နေကြောင်း GPS မှတစ်ဆင့် တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးခဲ့ရာ စက်သုံးဆီများကို သတ်မှတ်ထားသည့် နေရာသို့ မပို့ဆောင်ဘဲ တရားမဝင် လွှဲပြောင်းရောင်းချခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုက်ထိုမြို့မရဲစခန်းတွင် (ပ)၁၇၃/၂၀၂၆ ဖြင့် အရေးကြီးကုန်စည်များဆိုင်ရာ ဥပဒေပုဒ်မ ၅ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ထို့ပြင် ဆီသယ်ယာဉ်အမှတ် 9D-8840 နှင့် နောက်တွဲယာဉ်အမှတ် TLR-9550 သည် သီလဝါမှ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ စက်သုံးဆီပို့ဆောင်ရန် ထွက်ခွာခဲ့သော်လည်း ကျိုက်ထိုနှင့် ဘီးလင်းမြို့ကြား အလိုတော်ပြည့်ဘုရားအနီးတွင် ရပ်တန့်နေကြောင်း တွေ့ရှိရသဖြင့် စုံစမ်းရှာဖွေခဲ့ရာ မုဒုံမြို့နယ် ဒိုးမားကျေးရွာအနီး မော်လမြိုင်-သံဖြူဇရပ် ကားလမ်းဘေး၌ ယာဉ်မောင်းမရှိဘဲ ရပ်တန့်ထားသည့် ယာဉ်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါယာဉ်အား မုဒုံမြို့မရဲစခန်း၌ ထိန်းသိမ်းထားပြီး ဆက်လက်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အချက်အလက်များအရ ရေနံနှင့် ရေနံထွက်ပစ္စည်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် GPS စနစ်တပ်ဆင်ကာ ကြီးကြပ်စစ်ဆေးသည့် စနစ်အတွင်း ဝင်ရောက်ပြီးမှသာ သယ်ယူပို့ဆောင်ခွင့် လက်မှတ်များ ထုတ်ပေးလျက်ရှိပြီး ယနေ့အထိ ဆီသယ်ယာဉ် စုစုပေါင်း (၅,၁၀၆)စီးတွင် GPS စနစ်များ တပ်ဆင်ကာ စောင့်ကြည့်စစ်ဆေးရေးစနစ်အတွင်း ဝင်ရောက်ပြီးဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗြိတိန်ဝန်ကြီးချုပ် တာဝန်တွေလွှဲပြောင်းပေးဖို့ သူ့အဖွဲ့ စတင်ပြင်ဆင်နေပြီ

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမားရဲ့ နိုင်ငံရေးအဖွဲ့ဟာ အောက်လွှတ်တော်အမတ် အန်ဒီ ဘန်ဟမ် ရဲ့ လူယုံတွေဆီကို တာဝန်တွေ စတင်လွှဲပြောင်းပေးနေပြီလို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး The Guardian သတင်းစာက ဖော်ပြထားပါတယ်။ ဒီလှုပ်ရှားမှုဟာ ဗြိတိန်နိုင်ငံမှာ အာဏာလွှဲပြောင်းမှုတစ်ခု မကြာခင် ဖြစ်လာတော့မယ်ဆိုတာကို ပြသနေတာပါ။ သတင်းစာရဲ့ အဆိုအရ လန်ကတ်စတာ နယ်စားမြေဆိုင်ရာ အဓိပတိ(Chancellor of the Duchy of Lancaster)ဖြစ်တဲ့ ဒါရင် ဂျုံးစ်ဟာ ဘန်ဟမ်အဖွဲ့ရဲ့ အဓိကလူတစ်ယောက်ဖြစ်တဲ့ ဗြိတိန်သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်း လူဝစ် ဟိတ်ဂ်...

နှစ်ပေါင်း ၅၀၀ ကျော် သမိုင်းရှိ စီမိုလာ(ဝ တိုင်းရင်းသားကျေးရွာ)၊ မြန်မာ-တရုတ် ယဉ်ကျေးမှုဆက်နွယ်မှုကို ထင်ဟပ်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တိန်ချုံးမြို့ရှိ စီမိုလာဝ တိုင်းရင်းသားကျေးရွာ (Simola Wa Ethnic Village) သည် နှစ်ပေါင်း ၅၀၀ ကျော် သမိုင်းကြောင်းရှိသော ရှေးဟောင်းဝတိုင်းရင်းသားကျေးရွာတစ်ရွာဖြစ်ပြီး ယနေ့အချိန်အထိ မူလတိုင်းရင်းသား ယဉ်ကျေးမှုများကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည့် ကျေးလက်ခရီးသွားလုပ်ငန်း အောင်မြင်သည့် နေရာတစ်ခုအဖြစ် ထင်ရှားလျက်ရှိသည်။ အဆိုပါကျေးရွာသည် တိန်ချုံးမြို့ စန်ကျားကျေးရွာ (Sanjia Village) ၊ ကျုံးကျိုင်းအုပ်စု (Zhongzhai) တွင် တည်ရှိပြီး တိန်ချုံးမြို့လယ်မှ ၁၃ ကီလိုမီတာခန့်နှင့် တိန်ချုံးလေဆိပ်မှ ၅ ကီလိုမီတာခန့်သာ...

ယနေ့တွင် မန္တလေးမြို့၌ ပါချုပ်ဆရာတော်ကြီး အထူးဓမ္မသဘင် တရားပွဲ ဟောပြောရန် ရှိ

ယနေ့ (ဇွန် ၂၂) ၌ မန္တလေးမြို့တွင် ပါမောက္ခချုပ်ဆရာတော်ကြီးမှ အထူးဓမ္မသဘင် တရားပွဲ အစီအစဉ် ဟောပြောရန် ရှိသည်ဟု မြို့ခံများထံမှ သိရသည်။ ဓမ္မသဘင်ဆင်ယင်ကျင်းပမည့်နေရာသည် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၂ လမ်း၊ ၁၂၃*၁၂၄ လမ်း ဖြစ်သည်။ ကျင်းပမည့် အချိန်သည် ညနေ လေးနာရီမှ စတင်ကာ ကျင်းပမည် ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071