ရန်ကုန်၊ စက်တင်ဘာ ၅
Fire Dragon International Futsal Cup 2026 ပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် သုဝဏ္ဏအားကစားကွင်း၌ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများမှ နည်းပြချုပ်များက အသင်းအခြေအနေများနှင့် ပြိုင်ပွဲအတွက် ပြင်ဆင်ထားမှုများကို ပြောကြားခဲ့သည်။
အုပ်စု (က) တွင် ပါဝင်သည့် YCDC Dream Team နည်းပြချုပ်က ပြိုင်ပွဲမှတစ်ဆင့် လာမည့်ရာသီအတွက် အတွေ့ အကြုံကောင်းများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အလားတူ TG United နည်းပြချုပ် ဦးကျော်ဇင်ညွန့်ကလည်း ယခုနှစ်တွင် လူငယ်ကစားသမားများဖြင့် အသင်းဖွဲ့စည်းထားပြီး ပြိုင်ပွဲမှတစ်ဆင့် အတွေ့ အကြုံကောင်းများ ရရှိရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။
အုပ်စု (ခ) တွင် ပါဝင်သည့် YRG FC၊ BlackPearl United Academy၊ MIU FC နှင့် M2K FC တို့မှ နည်းပြချုပ်များကလည်း ပြိုင်ပွဲမှတစ်ဆင့် ကစားသမားများအတွက် အတွေ့အကြုံကောင်းများ ရရှိစေရန်နှင့် အသင်းအနေဖြင့် အကောင်းဆုံးရလဒ်ရရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းများနှင့်အတူ အင်ဒိုနီးရှား၊ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အသင်းများလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
