Wednesday, April 23, 2025

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးထပ်လှုပ်မည်ဟု...

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးမားစွာလှုပ်မည်ဟု TikTok အကောင့်မှတစ်ဆင့် သတင်းမှ-ားလွှင့်ခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဧပြီ ၂၂ ရက်နံနက် ၁၀...

ငလျင်ဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်အစိုးရမှ အစားအစာနှင့်...

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံအစိုးရမှ အစားအစာနှင့် ဆေးဝါပစ္စည်းများကို ယနေ့ ဧပြီ ၂၃ ရက်က ဟနွိုင်းမြို့ရှိ မြန်မာသံရုံးသို့လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ...

ရုရှား၌လက်နက်ရုံပေါက်ကွဲ၊လူ ၄၅၀ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

မော်စကို၊ဧပြီ ၂၃ ရုရှားနိုင်ငံ ဗလာဒီမာအိုဘလက်စ်နယ်မြေ Kirzhach ခရိုင်ရှိ စစ်လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူပေါင်း ၄၅၀ ခန့်ကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။ အင်္ဂါနေ့အစောပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုတွင် လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့်...

တရုတ်မှ Kuaishou ကစွမ်းအားအကြီးဆုံး AI...

တရုတ်ဗီဒီယိုကုမ္ပဏီ Kuaishou Technology သည် ၎င်း၏ ဉာဏ်ရည်တု မမိုဒယ်၏ အဆင့်မြှင့်ဗားရှင်းဖြင့် ဗီဒီယိုထုတ်လုပ်ထားသည့် Kling ဗီဒီယိုကို အင်္ဂါနေ့တွင် ထုတ်ပြခဲ့ပြီး...
HomeNewsLocal NewsFDA Myanmar မှစားသုံးရန်မသင့်သည့်...

FDA Myanmar မှစားသုံးရန်မသင့်သည့် အစားအသောက် ၃၇ မျိုးစာရင်းအား အသိပေးထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA Myanmar)မှ စားသုံးရန်မသင့်သည့် အစားအသောက် ၃၇ မျိုးစာရင်းအား ဖေဖော်ဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။

FDA Myanmar မှထုတ်ပြန်ခဲ့သည့် စားသုံးရန်မသင့်သည့် အစားအသောက် ၃၇ မျိုးတွင် Benzoic acid ၊ Sodium Cyclamate ၊ Residual So2 ၊ Sodium Benzoate ၊ Potassium Sorbate ၊ Potassium Sorbate တို့အားသတ်မှတ်ပမာဏထက်ပိုမိုသုံးစွဲထားခြင်း၊ ခွင့်မပြုဆိုးဆေး Rhodamine B ၊ Orange ll ၊ Auramine O များပါဝင်ခြင်း၊အဏုဇီဝသတ်မှတ်ချက်ဖြင့် ကိုက်ညီမှုမရှိခြင်းတို့ကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။

ယင်း အစားအသောက်များအား ရေရှည်စားသုံးမိပါက အစာအိမ်၊အသည်း၊ကျောက်ကပ်များပျက်စီးနိုင်ခြင်းနှင့်ကင်ဆာရောဂါများဖြစ်ပွားစေနိုင်၍ အသိပေးထုတ်ပြန်ခဲ့သည့် စားသုံးရန်မသင့်သော အစားအသောက် ၃၇ မျိုးအား နောက်ထပ်ကြေညာချက်ထုတ်ပြန်သည်အထိ စားသုံးခြင်းမပြုရန် အသိပေးခဲ့သည်။

ရွှေအုပ်တံဆိပ် မက်မန်းယို၊ ကောင်းဟိန်း တံဆိပ်ဇီးယို၊ ဘုရင်မ တံဆိပ်မက်မန်းသီး(အနီ)၊ ရုပ်ပုံပါ မန်ကျည်းဖလိတ်ပြား၊ 123 တံဆိပ်သရက်ယို၊ Hong Yuan တံဆိပ်ဇီးသီးယို၊ MK တံဆိပ်မက် မန်းသီး(အနီ)၊ ASA(Kisses You)တံဆိပ် Heart Jelly ၊ LANTERN တံဆိပ်(ပုလင်း)Bubble Gum ၊ Fruity တံဆိပ်(ပလတ်စတစ်ခွက်)အချိုရည် တို့ဖြစ်သည်။

ထို့ပြင် ဇမ္ဗူကျော် တံဆိပ်ရှောက်သီးတော်ဖီအစပ်၊ မမော် တံဆိပ်ဇယန်းလက်ဖက်အစို၊ အေးအေးအောင် တံဆိပ်သစ်သီးယိုစုံ၊ New Choice တံဆိပ်မက်မွန်သီးအနီ၊ ABC(rainbow) တံဆိပ်(ပလတ်စတစ်ပုလင်း)စတော်ဘယ်ရီအရသာအချိုရည်၊ ခြင်္သေ့မင်း တံဆိပ်ငရုတ်ဆီ၊ Lucky Tiger တံဆိပ်ငရုတ်ဆီ၊ Sun Light တံဆိပ်(ပလတ်စတစ်ပုလင်း)ကိုလာအရသာအချိုရည်၊ ဇယန်းရွှေတောင် တံဆိပ်ပဲကြီးလှော်၊ အက်ရှင် တံဆိပ်စံဂျူး၊ ကံသာရွှေဇီးလုံးကြီး တံဆိပ်ဇီးသီးပေါင်း၊ ဝါလေး တံဆိပ်မက်မန်းသီးအနီ၊ ဂွန်းဂွန်း တံဆိပ်ပုန်းရည်ကြီး၊ ရုပ်ပုံပါ ခေါက်မုန့်အနီ တို့လည်းပါဝင်သည်ဟု ထုတ်ပြန်ခဲ့သည်။

အရီးလေး တံဆိပ်အောင်လံပုန်းရည်ကြီး၊ မေပုလဲ တံဆိပ်မက်မန်းသီးအနီ၊ မေပုလဲ တံဆိပ်သစ်သီးယို၊ ရွှေဒင်္ဂါး တံဆိပ်သာကူချောင်း၊ ထူးရှယ် တံ ဆိပ်ငါးပိ၊ Thailand စာသားပါ(ပလတ်စတစ်ပုလင်း)ယိုးဒယားငါးပိရည်၊ Thailand စာသားပါ (ပလတ်စတစ်အိတ်)ကြက်ကြောလုံး၊ TP Food တံဆိပ်ကြက်ကြောလုံး၊ City Food Squid တံဆိပ် ရေဘဝဲချောင်း၊ Thailand စာသားပါ(ပလတ်စ တစ်အိတ်)ပုဇွန်လုံး၊ Shenglong တံဆိပ်ပုဇွန်လုံး၊တရုတ်စာသားပါ(ပလတ်စတစ်အိတ်)ပုဇွန်လုံးနှင့် Thailandစာသားပါ(ပလတ်စတစ်အိတ်)တို့ဟူးတို့ကိုလည်း စားသုံးရန်မသင့်ကြောင်း FDA Myanmar ကအသိပေးထုတ်ပြန်ခဲ့သည်။

အစားအသောက်ထုတ်လုပ်၊ဖြန့်ဖြူး၊ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများ၊ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ ခွင့်ပြုအစားအသောက်ထပ်ဖြည့်ဓာတုပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်တို့အား လိုက်နာခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ အရေးယူခံရမည်ဟု အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးထပ်လှုပ်မည်ဟု TikTok တွင်သတင်းမှ-ားလွှင့်ခဲ့သူ ဂျွန်မိုးသဲကိုဖမ်းဆီး

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးမားစွာလှုပ်မည်ဟု TikTok အကောင့်မှတစ်ဆင့် သတင်းမှ-ားလွှင့်ခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဧပြီ ၂၂ ရက်နံနက် ၁၀ နာရီက မုံရွာမြို့တွင် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဂျွန်မိုးသဲသည် အများပြည်သူအထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ မဟုတ်မမှန်ရေးသားဖော်ပြခဲ့သည်ကို ဖော်ထုတ်သိရှိခဲ့ရသဖြင့် ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မုံရွာမြို့၌ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် အကြိမ်(၂၀)ခန့်လိုက်ပါဆောင်ရွက်ခဲ့သဖြင့် မုံရွာနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က...

ငလျင်ဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်အစိုးရမှ အစားအစာနှင့် ဆေးဝါးများလှူဒါန်း

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံအစိုးရမှ အစားအစာနှင့် ဆေးဝါပစ္စည်းများကို ယနေ့ ဧပြီ ၂၃ ရက်က ဟနွိုင်းမြို့ရှိ မြန်မာသံရုံးသို့လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အစားအစာနှင့်ဆေးဝါးပစ္စည်းများအား ဗီယက်နမ်နိုင်ငံဆိုင်ရာ ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Juan Carlos Fernandes Juarez ကပေးအပ်လှူဒါန်းရာ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးစိုးကိုကိုမှလက်ခံရယူ၍ ကျေးဇူးတင်မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့ပြင် ဒါကာမြို့ရှိ Parbatya Bhikkhu Sangha Bangladesh (PBSB)နှင့် စေတနာရှင်များစုပေါင်း၍ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် တာကာ(၁၄၀၀၀၀၀)ကို...

ရုရှား၌လက်နက်ရုံပေါက်ကွဲ၊လူ ၄၅၀ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

မော်စကို၊ဧပြီ ၂၃ ရုရှားနိုင်ငံ ဗလာဒီမာအိုဘလက်စ်နယ်မြေ Kirzhach ခရိုင်ရှိ စစ်လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူပေါင်း ၄၅၀ ခန့်ကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။ အင်္ဂါနေ့အစောပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုတွင် လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် ခရိုင်အတွင်း အရေးပေါ်အခြေအနေ ကြေငြာထားရကြောင်း အုပ်ချုပ်ရေးမှူး၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အရေးပေါ်ရွှေ့ပြောင်းရသူများထဲတွင် ရုရှားတပ်ဖွဲ့တစ်ဖွဲ့မှ တပ်သားများ၊ရွာ ၇ ရွာနှင့် နွေရာသီအပန်းဖြအိမ် ၁၂ လုံးမှပြည်သူများပါဝင်သည်ဟုသိရသည်။ အရေးပေါ်ရွှေ့ပြောင်းရသူများကို လိုအပ်သည့်အရာအားလုံးကိုထောက်ပံ့ပေးထားပြီး အများစုသည် ယာယီစခန်းများ၌နေနေကြသော်လည်း အချို့ကမူ ဆွေမျိုးများထံသွားနေနေကြသည်ဟုလည်း အာဏာပိုင်များကဆိုသည်။ ‌ပေါက်ကွဲမှုဖြစ်ပွားရခြင်းမှာ လက်နက်သိုလှောင်ရုံ၌ မီးလောင်ခြင်းကြောင့်ဖြစ်ပြီး အဓိကအားဖြင့် ပေါက်ကွဲစေသောပစ္စည်းများနှင့်လုပ်ကိုင်နေစဉ်အတွင်း လုံခြုံရေးစီမံချက်များပေါ့လျော့ခြင်းကြောင့်လည်းပါသည်ဟုဆိုသည်။ Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071