Saturday, August 1, 2026

မန္တလေး-ရန်ကုန် DEMU ရထားအား ခဲဖြင့်ပ-စ်ပေ-ါက်သူ...

နေပြည်တော်၊ ဩဂုတ် ၁ မန္တလေး-ရန်ကုန် ခရီးစဉ် ပြေးဆွဲပေးနေသည့် အမှတ် (၆) DEMU လူစီးအမြန်ရထားအား ဧလာနှင့် သာဝတ္ထိဘူတာအကြား၌ ခဲဖြင့် ပ-စ်ပေ-ါက်ခဲ့သူ...

သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည့် Yangon Galacticos (YG)...

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပလျက်ရှိသည့် Esports World Cup (EWC 2026) ၏ Mobile Legends:...

မြန်မာ့ဆေးဝါးလုပ်ငန်းက ဆေးဝါးအသစ် (၆) မျိုး...

ရန်ကုန်၊ ဩဂုတ် ၁ မြန်မာ့ဆေးဝါးလုပ်ငန်းက ပြည်တွင်းထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ သုတေသနပြု စမ်းသပ်ဆောင်ရွက်ခဲ့သည့် ဆေးဝါးအမယ်သစ် (၆) မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သိရသည်။ သုတေသနအောင်မြင်ခဲ့သည့်...

အခက်အခဲများကို တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု NSPNC...

နေပြည်တော်၊ ဩဂုတ် ၁ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)(AM) တို့၏ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၃၁...
HomeNewsLocal NewsFATF ၏ ထုတ်ပြန်ချက်အပေါ်...

FATF ၏ ထုတ်ပြန်ချက်အပေါ် မြန်မာနိုင်ငံ သဘောထားထုတ်ပြန်

FATF၊ APG နှင့် Egmont Group တို့နှင့် ဆက်လက်ပူးပေါင်းကာ နယ်စပ်ဖြတ်ကျော် ငွေကြေးရာဇဝတ်မှုများ တို-က်ဖျ-က်မည်

နေပြည်တော်၊ ဩဂုတ် ၁

ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ မြန်မာနိုင်ငံဆိုင်ရာ Public Statement ထုတ်ပြန်ချက်အပေါ် မြန်မာနိုင်ငံက သဘောထားပြန်လည်ထုတ်ပြန်ရာတွင် အွန်လိုင်းလိမ်လည်မှုနှင့် ဆိုက်ဘာရာဇဝတ်မှုများကို ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များနှင့် ပူးပေါင်း၍ ဆက်လက်တို-က်ဖျ-က်သွားမည်ဖြစ်ပြီး FATF၊ Asia/Pacific Group on Money Laundering (APG) နှင့် Egmont Group တို့နှင့်လည်း အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

FATF သည် ၂၀၂၆ ခုနှစ် ဇွန် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် Public Statement ၌ မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုများနှင့် ဆိုက်ဘာလိမ်လည်မှုများကြောင့် တရားမဝင်ငွေကြေးစီးဆင်းမှု အန္တရာယ်များ မြင့်မားနေကြောင်း သတိပြုဖော်ပြခဲ့ပြီး ယင်းအန္တရာယ်များကို ထိရောက်စွာ တိုက်ဖျက်ရန်နှင့် နစ်နာသူများ၊ လူကုန်ကူးခံရသူများ၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရန် တိုက်တွန်းထားသည်။

ယင်းထုတ်ပြန်ချက်အပေါ် မြန်မာနိုင်ငံဘက်က ပြန်လည်ရှင်းလင်းရာတွင် ဆိုက်ဘာရာဇဝတ်မှုများသည် ဒေသတွင်း လုံခြုံရေးနှင့် ငွေကြေးစနစ်၏ ယုံကြည်စိတ်ချရမှုကို ထိခိုက်စေကြောင်း အပြည့်အဝ အသိအမှတ်ပြုထားပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် Cryptocurrency များကို တရားဝင် ငွေပေးချေမှုနည်းလမ်းအဖြစ် အသုံးမပြုရန် ၂၀၂၀ ပြည့်နှစ်ကတည်းက ကြေညာထားကြောင်း ဖော်ပြထားသည်။

ထို့ပြင် စုံစမ်းစစ်ဆေးမှုများအရ အွန်လိုင်းလိမ်လည်မှုများမှ ရရှိသော တရားမဝင်ငွေကြေးများသည် Cryptocurrency အဖြစ် ပြောင်းလဲလွှဲပြောင်းပြီး မြန်မာ့ငွေကြေးစနစ်အတွင်း ဝင်ရောက်စီးဆင်းခြင်းမရှိကြောင်း၊ နယ်စပ်ဖြတ်ကျော် ငွေကြေးလွှဲပြောင်းမှုများသည် ပြည်ပငွေကြေးစနစ်များကို အဓိကအသုံးပြုနေသဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများဖြင့်သာ ထိရောက်စွာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ တို-က်ဖျ-က်ရေး ကြီးကြပ်မှုဗဟိုကော်မတီနှင့် အမျိုးသားလိမ်လည်မှုတို-က်ဖျ-က်ရေးဗဟိုဌာန (ASC) တို့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ဖော်ထုတ်ရရှိသည့် နိုင်ငံခြားသားနစ်နာသူများနှင့် တရားမဝင် ဝင်ရောက်လာသူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်း၊ အွန်လိုင်းလိမ်လည်မှုစင်တာများကို ဖျ-က်သိမ်းခြင်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းဖျ-က်ဆီးခြင်းတို့ကို အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာမိတ်ဖက်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် FATF ၏ High-Risk စာရင်း၌ ထည့်သွင်းခံရပြီးနောက် APJG သို့ (၁၇) ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာ တင်သွင်းထားပြီးဖြစ်ကာ သတ်မှတ်ထားသည့် Action Plan (၁၅) ချက်အနက် (၁၃) ချက်ကို ပြီးမြောက်အောင် အကောင်အထည်ဖော်နိုင်ခဲ့ပြီး ကျန်ရှိသည့် (၂) ချက်ကိုလည်း ဆက်လက်ပြီးစီးအောင် ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

ထို့ပြင် UNODC ၏ ၂၀၂၅ ခုနှစ် ဧပြီလ အစီရင်ခံစာအရ Online Scam ကွန်ရက်များသည် အရှေ့တောင်အာရှကိုကျော်လွန်၍ အာဖရိက၊ တောင်အမေရိက၊ ပစိဖိတ်နှင့် အရှေ့အလယ်ပိုင်းဒေသများအထိ ဖြန့်ကြက်လှုပ်ရှားနေပြီး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများသည်လည်း ယင်းကွန်ရက်များ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ထောက်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် FATF၊ APG နှင့် Egmont Group တို့နှင့် ဆက်လက်ပူးပေါင်း၍ ဥပဒေနှင့် စည်းမျဉ်းမူဘောင်များကို ပိုမိုအားကောင်းစေကာ နယ်စပ်ဖြတ်ကျော် ဘဏ္ဍာရေးရာဇဝတ်မှုများကို ထိရောက်စွာ တို-က်ဖျ-က်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိဆောင်ရွက်ချက်များနှင့် ရရှိခဲ့သည့် တိုးတက်မှုများကို အနာဂတ် အကဲဖြတ်သုံးသပ်မှုများတွင် ထည့်သွင်းစဉ်းစားပေးရန် လေးစားစွာ တောင်းဆိုထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေး-ရန်ကုန် DEMU ရထားအား ခဲဖြင့်ပ-စ်ပေ-ါက်သူ လူငယ်နှစ်ဦးကို ဖမ်းဆီးအရေးယူ

နေပြည်တော်၊ ဩဂုတ် ၁ မန္တလေး-ရန်ကုန် ခရီးစဉ် ပြေးဆွဲပေးနေသည့် အမှတ် (၆) DEMU လူစီးအမြန်ရထားအား ဧလာနှင့် သာဝတ္ထိဘူတာအကြား၌ ခဲဖြင့် ပ-စ်ပေ-ါက်ခဲ့သူ လူငယ်နှစ်ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၅၆ မိနစ်ခန့်တွင် အမှတ် (၆) အစုန် မန္တလေး-ရန်ကုန် DEMU ရထားသည် ဧလာဘူတာနှင့် သာဝတ္ထိဘူတာအကြား မိုင်တိုင်အမှတ် ၂၁၂/၂၀ နှင့် ၂၁ အကြားသို့ အရောက် ရထားလမ်း အရှေ့ဘက်ခြမ်းမှ...

သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည့် Yangon Galacticos (YG) အသင်း MSC 2026 ဗိုလ်လုပွဲသို့ တက်ရောက်

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပလျက်ရှိသည့် Esports World Cup (EWC 2026) ၏ Mobile Legends: Bang Bang Mid Season Cup (MSC 2026) ပြိုင်ပွဲကြီးတွင် မြန်မာကိုယ်စားပြု Yangon Galacticos (YG) အသင်းသည် ဖိလစ်ပိုင်အသင်းကြီးဖြစ်သော Team Falcons PH ကို အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ယူကာ Grand Final (ဗိုလ်လုပွဲ) သို့ ပထမဆုံးအကြိမ် တက်ရောက်သွားပြီ...

မြန်မာ့ဆေးဝါးလုပ်ငန်းက ဆေးဝါးအသစ် (၆) မျိုး သုတေသနစမ်းသပ်အောင်မြင်

ရန်ကုန်၊ ဩဂုတ် ၁ မြန်မာ့ဆေးဝါးလုပ်ငန်းက ပြည်တွင်းထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ သုတေသနပြု စမ်းသပ်ဆောင်ရွက်ခဲ့သည့် ဆေးဝါးအမယ်သစ် (၆) မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သိရသည်။ သုတေသနအောင်မြင်ခဲ့သည့် ဆေးဝါးများတွင် ဆီးချိုရောဂါကုသဆေး (၂) မျိုး၊ ကိုယ်ခံအားကျဆင်းမှုကူးစက်ရောဂါ (HIV) ကုသဆေး (၁) မျိုး၊ အရိုးအကြောအဆစ်ရောဂါကုသဆေး (၁) မျိုး၊ ကင်ဆာရောဂါကုသဆေး (၁) မျိုးနှင့် မေ့ဆေး (၁) မျိုးတို့ ပါဝင်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့ရှိ မြန်မာ့ဆေးဝါးလုပ်ငန်း သုတေသနဌာနတွင် ယမန်နေ့က ကျင်းပသည့် အခမ်းအနား၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071