Wednesday, June 17, 2026

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက်...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)...

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းမည်၊ ပြည်ထောင်စုလွှတ်တော်နာယက...

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး...

မြန်မာ-တရုတ် မီးရထားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး၊ ကမ္ဘာကျော်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China...

နိုင်ငံတကာပါလီမန်ဆက်ဆံရေး မြှင့်တင်ရေး AIPA နှင့်...

နိုင်ငံတကာပါလီမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ (AIPA) နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ (IPU) တို့ကို ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့...
HomeNewsLocal NewsFATF ၏ အကြံပြချက်အတိုင်းဆောင်ရွက်ခဲ့၍ငွေလွှဲလုပ်ငန်းအဆင့်သတ်မှတ်ချက်...

FATF ၏ အကြံပြချက်အတိုင်းဆောင်ရွက်ခဲ့၍ငွေလွှဲလုပ်ငန်းအဆင့်သတ်မှတ်ချက် တိုးမြှင့်ရရှိလာ

မြန်မာနိုင်ငံအနေဖြင့် FATF ၏ အကြံပြုချက်များကို လုပ်ငန်းစဥ်များ ချမှတ်ဆောင်ရွက်ရာတွင်ငွေလွှဲလုပ်ငန်းနှင့် ပတ်သက်၍ အဆင့်တိုးမြှင့်ရရှိခဲ့ပြီးဖြစ်ကြောင်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကဦးဆောင်၍ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit FIU) နှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ ပူးပေါင်းကျင်းပသော ဆုံးရှုံးနိုင်ခြေမြင့်မားသည့် မှုခင်းများနှင့်ဆက်နွယ်သည့် ငွေကြေးခဝါချမှုအန္တရာယ်များ ဖော်ထုတ်ခြင်း ဆွေးနွေးပွဲ ကို ​ဖေ​ဖော်ဝါရီ ၁၇ရက် ကရန်ကုန်တွင်ပြုလုပ်ရာ ဒေါ်သန်းသန်းဆွေက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ငွေရေးကြေးရေးကဏ္ဍကို အသုံးပြု၍ ငွေကြေးခဝါချမှုအန္တရာယ်တွင်တိုင်းပြည်၏စီးပွားရေးသာမက ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကိုပါထိခိုက်စေမည်​ဖြစ်ကြောင်း၊ Reporting Agencies များနှင့် ငွေကြေးအာဏာပိုင်အဖွဲ့အစည်း(Competent Authorities) သည် ငွေကြေးခဝါချမှု အန္တရာယ်များကိုနားလည်သိရှိပြီး သံသယဖြစ်ဖွယ်အချက်အလက်များကို သတင်းပေးပို့ရန်လိုအပ်ကြောင်း၊နိုင်ငံ၏ပုံရိပ်​ဖော်​ဆောင်ရာတွင် အစိုးရပိုင်းသာမက ပုဂ္ဂလိကဏ္ဍမှလည်းပူး​​ပေါင်းဆောင်ရွက်မှု ပိုမိုအရေးကြီး​ကြောင်း၊ Public – Private အားလုံးအတူတကွ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်ကောင်းမွန်သည့်အကျိုးရလာဒ်များရှိနိုင်မည်ဖြစ်ကြောင်း၊​FATF ကစောင့်ကြည့် ​နေသည့် အချိန်အကန့်အသတ်ရှိခြင်း​နေသဖြင်း အမြန်ဝိုင်းလုပ်ကြရမည်ဖြစ်​ကြောင်းယင်းကပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တားဆီးနှိမ်နင်းရေးဌာန၊ မြန်မာနိုင်ငံဘဏ်များအသင်း ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စာရင်းကိုင်များအသင်း၊ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း၊ ရှေ့နေများအသင်း၊ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းများ၊ အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ရေးလုပ်ငန်းများက ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ (DNFBPs) က ဖော်ထုတ်ရရှိသည့် ငွေကြေးခဝါချမှု အန္တရာယ်များနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံအနေ​ဖြင့် APG အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အား​လျော်စွာ အဖွဲ့ဝင်နိုင်ငံအချင်းချင်းအပြန်အလှန်အကဲဖြတ်ရေးလုပ်ငန်းဆောင်ရွက်စဥ်ကာလအတွင်း အကြံပြုချက် ၄၀ တွင် စံနှုန်းသတ်မှတ်ချက်  ထက်ဝက်ကျော်မကောင်းသည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီတွင် FATF က မြန်မာကို   တိုးတက်မှုများစောင့်ကြည့်မည့်နိုင်ငံနှင့် ဒေသများစာရင်းတွင် ထည့်သွင်းခဲ့ ပြီး အောက်တိုဘာ ၂၁ ရက်တွင် စံနူန်းသတ်မှတ်ချက်မပြည့်မှီ​​သည့်စာရင်းသို့ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ယခုအခါတွင် စံနူန်းသတ်မှတ်ချက် ၂၄ ချက်ပြည့်မှီလာပြီး၊ တရုတ်နိုင်ငံသည်ပင် စံနူန်း ၂၇ ချက်ပဲ ​ကောင်း​နေ​သေးသည်ဟုသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက် ကျန်းမာရေးဝန်ဆောင်မှု မြှင့်တင်ပေးမည့် (၂)ထပ် ဆေးကုသဆောင်သစ် ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့ဆေးရုံဝင်းအတွင်း ဇွန် ၁၆ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်ဦး၊ လူမှုရေးရာဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပြီး ဆေးကုသဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများသည် အဆောက်အဦသစ်အတွင်းရှိ လူနာဆောင်များ၊ ခွဲစိတ်ခန်းများနှင့် သွားနှင့်ခံတွင်းကုသရေးဌာနတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဆေးရုံတက်ရောက်ကုသနေသည့် လူနာများအား...

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းမည်၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌတာဝန်ယူမည်

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union - MPU) ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ MPU ကို ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jang Phang နော်တောင် (ခ)...

မြန်မာ-တရုတ် မီးရထားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး၊ ကမ္ဘာကျော် CRCC သို့ နိုင်ငံတော်သမ္မတ သွားရောက်လေ့လာ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ CRCC သည် ၁၉၄၈ ခုနှစ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ Railway Corps အဖြစ် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ကမ္ဘာ့ထိပ်တန်း အခြေခံအဆောက်အအုံ တည်ဆောက်ရေးကုမ္ပဏီများအနက် တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ လေ့လာရေးခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် CRCC...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071