Thursday, May 15, 2025

သဘာဝဘေးကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော

သဘာဝဘေအန္တရာယ်ကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မှာကြားသည်။ ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက သဘာဝဘေးအန္တ ရာယ်ကြောင့်ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများလျော့...

ငလျင်ဘေးသင့်ပြည်သူများအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဆက်လက်ရောင်းချပေးနေ

ငလျင်ဘေးသင့် ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက် လက်ရောင်းချပေးနေသည်။ ယနေ့ မေလ...

ဆီးရီးယားကိုအရေးယူမှုရုပ်သိမ်းမည်၊ ဆော်ဒီနှင့် ဒေါ်လာ ၆၀၀...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် အင်္ဂါနေ့က သူ၏ ပင်လယ်ကွေ့ခရီးစဉ်ကို အံ့အားသင့်ဖွယ် ကြေညာချက်ဖြင့် စတင်ခဲ့ရာတွင် အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယားနိုင်ငံအပေါ် ကာလကြာရှည် ပိတ်ဆို့အရေးယူထားမှုကို ရုပ်သိမ်းကာ...

အာဆီယံဆက်ဆံရေး မြှင့်တင်ရန် ပေတုံတန် ဗီယက်နမ်သွားမည်

အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်နှင့် ချစ်ကြည်ရင်းနှီးမှု တည်‌ဆောက်ရန်အတွက် ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာသည် မေလ ၁၅ ရက် နေ့မှ မေလ...
HomeNewsLocal NewsFATF ၏ အကြံပြချက်အတိုင်းဆောင်ရွက်ခဲ့၍ငွေလွှဲလုပ်ငန်းအဆင့်သတ်မှတ်ချက်...

FATF ၏ အကြံပြချက်အတိုင်းဆောင်ရွက်ခဲ့၍ငွေလွှဲလုပ်ငန်းအဆင့်သတ်မှတ်ချက် တိုးမြှင့်ရရှိလာ

မြန်မာနိုင်ငံအနေဖြင့် FATF ၏ အကြံပြုချက်များကို လုပ်ငန်းစဥ်များ ချမှတ်ဆောင်ရွက်ရာတွင်ငွေလွှဲလုပ်ငန်းနှင့် ပတ်သက်၍ အဆင့်တိုးမြှင့်ရရှိခဲ့ပြီးဖြစ်ကြောင်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကဦးဆောင်၍ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit FIU) နှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ ပူးပေါင်းကျင်းပသော ဆုံးရှုံးနိုင်ခြေမြင့်မားသည့် မှုခင်းများနှင့်ဆက်နွယ်သည့် ငွေကြေးခဝါချမှုအန္တရာယ်များ ဖော်ထုတ်ခြင်း ဆွေးနွေးပွဲ ကို ​ဖေ​ဖော်ဝါရီ ၁၇ရက် ကရန်ကုန်တွင်ပြုလုပ်ရာ ဒေါ်သန်းသန်းဆွေက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ငွေရေးကြေးရေးကဏ္ဍကို အသုံးပြု၍ ငွေကြေးခဝါချမှုအန္တရာယ်တွင်တိုင်းပြည်၏စီးပွားရေးသာမက ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကိုပါထိခိုက်စေမည်​ဖြစ်ကြောင်း၊ Reporting Agencies များနှင့် ငွေကြေးအာဏာပိုင်အဖွဲ့အစည်း(Competent Authorities) သည် ငွေကြေးခဝါချမှု အန္တရာယ်များကိုနားလည်သိရှိပြီး သံသယဖြစ်ဖွယ်အချက်အလက်များကို သတင်းပေးပို့ရန်လိုအပ်ကြောင်း၊နိုင်ငံ၏ပုံရိပ်​ဖော်​ဆောင်ရာတွင် အစိုးရပိုင်းသာမက ပုဂ္ဂလိကဏ္ဍမှလည်းပူး​​ပေါင်းဆောင်ရွက်မှု ပိုမိုအရေးကြီး​ကြောင်း၊ Public – Private အားလုံးအတူတကွ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်ကောင်းမွန်သည့်အကျိုးရလာဒ်များရှိနိုင်မည်ဖြစ်ကြောင်း၊​FATF ကစောင့်ကြည့် ​နေသည့် အချိန်အကန့်အသတ်ရှိခြင်း​နေသဖြင်း အမြန်ဝိုင်းလုပ်ကြရမည်ဖြစ်​ကြောင်းယင်းကပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တားဆီးနှိမ်နင်းရေးဌာန၊ မြန်မာနိုင်ငံဘဏ်များအသင်း ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စာရင်းကိုင်များအသင်း၊ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း၊ ရှေ့နေများအသင်း၊ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းများ၊ အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ရေးလုပ်ငန်းများက ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ (DNFBPs) က ဖော်ထုတ်ရရှိသည့် ငွေကြေးခဝါချမှု အန္တရာယ်များနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံအနေ​ဖြင့် APG အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အား​လျော်စွာ အဖွဲ့ဝင်နိုင်ငံအချင်းချင်းအပြန်အလှန်အကဲဖြတ်ရေးလုပ်ငန်းဆောင်ရွက်စဥ်ကာလအတွင်း အကြံပြုချက် ၄၀ တွင် စံနှုန်းသတ်မှတ်ချက်  ထက်ဝက်ကျော်မကောင်းသည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီတွင် FATF က မြန်မာကို   တိုးတက်မှုများစောင့်ကြည့်မည့်နိုင်ငံနှင့် ဒေသများစာရင်းတွင် ထည့်သွင်းခဲ့ ပြီး အောက်တိုဘာ ၂၁ ရက်တွင် စံနူန်းသတ်မှတ်ချက်မပြည့်မှီ​​သည့်စာရင်းသို့ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ယခုအခါတွင် စံနူန်းသတ်မှတ်ချက် ၂၄ ချက်ပြည့်မှီလာပြီး၊ တရုတ်နိုင်ငံသည်ပင် စံနူန်း ၂၇ ချက်ပဲ ​ကောင်း​နေ​သေးသည်ဟုသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သဘာဝဘေးကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော

သဘာဝဘေအန္တရာယ်ကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မှာကြားသည်။ ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက သဘာဝဘေးအန္တ ရာယ်ကြောင့်ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများလျော့ နည်းသက်သာစေရေး၊ ဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေး၊ ဘေးကျရောက်သည့်အခါ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ကျရောက်ပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့အတွက် ကရင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့(၁၂)ဖွဲ့တို့၏ (၁/၂၀၂၅)လုပ် ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။ ကရင်ပြည်နယ်အတွင်း ရေကြီး/ရေလျှံမှုနှင့်ကမ်းပြို၊ မြေပြိုမှုများနှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်စီမံထားကြရမည်ဖြစ်ကာ သဘာဝဘေးကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ယာဉ်၊ယန္တရားနှင့်အရေးပေါ်ရှာဖွေကယ် ဆယ်ရေးသုံးပစ္စည်းကိရိယာများကို...

ငလျင်ဘေးသင့်ပြည်သူများအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဆက်လက်ရောင်းချပေးနေ

ငလျင်ဘေးသင့် ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက် လက်ရောင်းချပေးနေသည်။ ယနေ့ မေလ (၁၄)ရက် နံနက်ပိုင်းတွင် ဘိလပ်မြေထုတ်လုပ်သူများအသင်း အရောင်းပြခန်း၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း အရောင်းပြခန်း၊ မြန်မာနိုင်ငံသံနှင့် သံမဏိအသင်းအရောင်းပြခန်း၊ အိမ်ဆောက်လုပ်ရေးနှင့် အိမ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုး အရောင်းပြခန်း၊ နိုင်ငံတကာမှ အရည်အသွေးမြင့် မီးဖိုချောင်သုံးပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ အရောင်းပြခန်း၊ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံးဆောက်လုပ်ရေးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ အရောင်းစင်တာ၊ သံထည်နှင့် စတီးများ အရောင်းပြခန်း၊ ပရိဘောဂအရောင်းပြခန်း၊ အိမ်သုတ်ဆေးအရောင်းပြခန်း၊...

ဆီးရီးယားကိုအရေးယူမှုရုပ်သိမ်းမည်၊ ဆော်ဒီနှင့် ဒေါ်လာ ၆၀၀ ဘီလျံဖိုး သဘောတူညီချက် ရရှိ–ထရမ့်ပ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် အင်္ဂါနေ့က သူ၏ ပင်လယ်ကွေ့ခရီးစဉ်ကို အံ့အားသင့်ဖွယ် ကြေညာချက်ဖြင့် စတင်ခဲ့ရာတွင် အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယားနိုင်ငံအပေါ် ကာလကြာရှည် ပိတ်ဆို့အရေးယူထားမှုကို ရုပ်သိမ်းကာ ဆော်ဒီအာရေဗျက အမေရိကတွင် ဒေါ်လာ ၆၀၀ ဘီလျံဖိုး ရင်းနှီးမြှုပ်နှံသွားမည်ဆိုသည့် ကတိကဝတ်ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ အိမ်ဖြူတော်၏ အဆိုအရ ဝါရှင်တန်၏ အကြီးဆုံး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တွင် အမေရိကသည် ဆော်ဒီသို့ ဒေါ်လာ ၁၄၂ ဘီလျံနီးပါး တန်ဖိုးရှိ စစ်လက်နက်များ ရောင်းချပေးမည်ဟု ဆိုသည်။ ဆီးရီးယားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူများ အဆုံးသတ်ခြင်းသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071