Monday, July 13, 2026

တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့တို့တွင် ဆေးရုံများ...

တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့တို့တွင် မြို့နယ်ပြည်သူ့ဆေးရုံများ ဖွင့်လှစ်ပြီဖြစ်ရာ မြို့ပေါ်သာမက ကျေးရွာများမှ ဒေသခံပြည်သူများပါလာရောက်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ အဆိုပါဆေးရုံများတွင် ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်း (၂၈၅)ဦးဖြင့် လူနာပေါင်း...

မြန်မာအမျိုးသမီးအသင်း ပါဝင်မည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ...

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ -Aichi-Nagoya 2026 Asian Games အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ အုပ်စုမဲခွဲပွဲကို ဇူလိုင် ၂၃...

ဂျပန် U12 Junior Soccer...

ဂျပန်နိုင်ငံတွင် ကျင်းပမည့် U12 Junior Soccer World Challenge 2026 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၂ ဘောလုံးအသင်းအတွက်...

မဂ္ဂနီကျူ့(၄)အဆင့်ရှိ ငလျင်တစ်ခု စဥ့်ကူးမြို့ကိုဗဟိုပြုလှုပ်ခတ်

စဥ့်ကူးမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ ဇူလိုင် ၁၂ ရက်နံနက်အစောပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ မန္တလေးမြေငလျင်စခန်းမှ တိုင်းထွာရရှိချက်အရ စဥ့်ကူးမြို့၏ မြောက်ဘက်(၁၁)မိုင်ခန့်အကွာ၊...
HomeNewsLocal NewsFATF မှ ထုတ်ပြန်ချက်တွင်...

FATF မှ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွက် အကြံပြုချက် တစ်ချက် လျော့သွားပြီဖြစ်

FATF မှ ထုတ်ပြန်သည့် ဆုံးရှုံးနိုင်ခြေမြင့်မားခြင်း နှင့် အခြား စောင့်ကြည့်ရမည့် နိုင်ငံနှင့် ဒေသများအနက် မြန်မာနိုင်ငံသည် အကြံပြချက် (၄) ချက်အနက် တစ်ချက်လျော့သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

FATF ၏ အကြံပြုချက်များအပေါ် မြန်မာနိုင်ငံအနေဖြင့် လိုက်နာအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအား ပြင်ဆင်ခြင်း၊ ယုံမှတ်အပ်နှံမှုဥပဒေအား ပြင်ဆင်ခြင်း၊ သက်သေခံ ပစ္စည်းများ စီမံရေးထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပဒေ အား အသစ်ပြင်ဆင်ပြဋ္ဌာန်းခြင်းတို့အပါ အဝင် သိသာ ထင်ရှားသော တိုးတက်ဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) ၏ မျက်နှာစုံညီအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးကို FATF ဥက္ကဋ္ဌ မက္ကဆီကို နိုင်ငံသူ Ms. Elisa de Anda Madrazo ဦးဆောင်မှုအောက်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မျက်နှာစုံညီအစည်းအဝေးမတိုင်ခင် အောက်တိုဘာလ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင် လုပ်ငန်းအဖွဲ့အစည်းအဝေးများ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးများသို့ နိုင်ငံနှင့် ဒေသပေါင်း ၂၀၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ငွေကြေးခဝါချမှုတို-က်ဖျ-က်ရေး (Anti Money Laundering-AML)၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို-က်ဖျ-က်ရေး( Countering the Financing of Terrorism-CFT) လူအများအပြားသေကျေစေသည့်လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တို-က်ဖျ-က်ရေး (Countering the Proliferation of Financing of Weapon of Mass Destruction-CPF ) ဆိုင်ရာ အဓိကကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးများအပြီးတွင် ဆုံးရှုံးနိုင်ခြေမြင့်မားခြင်းနှင့် အခြား စောင့်ကြည့်ရမည့် နိုင်ငံနှင့် ဒေသများ (High-risk and other monitored jurisdictions) စာရင်းအား ထုတ်ပြန်မည်ဖြစ်သည်ဟုဆိုသည်။

မြန်မာနိုင်ငံအနေဖြင့်၂၀၂၅ ခုနှစ်၊ ဇွန်လတွင် FATF မှ ထုတ်ပြန်သည့် High-risk and other monitored jurisdictions စာရင်း (High-Risk Jurisdictions subject to a Call for Action – 13 June 2025) တွင် ပါရှိပြီး (၅) ချက်အား အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖော်ပြထားသည်။

သို့သော် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်တွင် FATF မှ ထုတ်ပြန်သည့် ဆုံးရှုံးနိုင်ခြေမြင့်မားခြင်း နှင့် အခြား စောင့်ကြည့်ရမည့် နိုင်ငံနှင့် ဒေသများတွင် မြန်မာနိုင်ငံအနေဖြင့် အကြံပြုချက်တစ်ချက် လျော့သွားခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့တို့တွင် ဆေးရုံများ ဖွင့်လှစ်

တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့တို့တွင် မြို့နယ်ပြည်သူ့ဆေးရုံများ ဖွင့်လှစ်ပြီဖြစ်ရာ မြို့ပေါ်သာမက ကျေးရွာများမှ ဒေသခံပြည်သူများပါလာရောက်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ အဆိုပါဆေးရုံများတွင် ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်း (၂၈၅)ဦးဖြင့် လူနာပေါင်း (၁၃၆၇၇)ဦးအား ဆေးကုသမှုပေးနိုင်ခဲ့ပြီး ကုသရေးပစ္စည်းများနှင့်ဆေးဝါးများလည်း ရောက်ရှိနေပြီဖြစ်သည်။ ဖလမ်းမြို့ပြည်သူ့ဆေးရုံသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင်လ ၁၀ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ဖလမ်းမြို့၊ ယာယီပြည်သူ့ဆေးရုံတွင် ဆေးရုံ ပြင်ဆင်စီမံထားရှိမှုအခြေအနေ၊ (Mobile)ခွဲစိပ်ခန်း တပ်ဆင်ထားရှိမှုအခြေအနေ၊ ရေရရှိမှုအခြေအနေ၊ မီးရရှိမှုအခြေအနေ၊ ဆေးရုံထပ်မံတိုးချဲ့ နိုင်မည့်အခြေအနေ၊ ဓါတ်ခွဲခန်းသုံးပစ္စည်းများ၊ ဆေးဝါးများရရှိမှု အခြေအနေနှင့် ဆေးကုသပေးနေမှုအခြေအနေတို့ကို...

မြန်မာအမျိုးသမီးအသင်း ပါဝင်မည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အုပ်စုမဲခွဲပွဲ ဇူလိုင် ၂၃ ရက်တွင် ဂျပန်၌ ကျင်းပမည်

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ -Aichi-Nagoya 2026 Asian Games အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ အုပ်စုမဲခွဲပွဲကို ဇူလိုင် ၂၃ ရက်တွင် ဂျပန်နိုင်ငံရှိ Hilton Nagoya ဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အုပ်စုမဲခွဲပွဲအပြီးတွင် မြန်မာအသင်း၏ အုပ်စုနှင့် ပြိုင်ဘက်အသင်းများကို တရားဝင် သိရှိရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ဂျပန်နိုင်ငံ၌ စက်တင်ဘာလအတွင်းကျင်းပမည့် (၂၀)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသည်။ အမျိုးသမီးဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁၄ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ဂျပန်နိုင်ငံရှိ...

ဂျပန် U12 Junior Soccer World Chall enge 2026 အတွက် မြန်မာ ယူ-၁၂ အသင်းကစားသမားရွေးချယ်ပွဲ စတင်

ဂျပန်နိုင်ငံတွင် ကျင်းပမည့် U12 Junior Soccer World Challenge 2026 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၂ ဘောလုံးအသင်းအတွက် ကစား သမားရွေးချယ်ပွဲကိုယနေ့ ဇူလိုင် ၁၁ရက် တွင် ရန်ကုန်နှင့်မန္တလေးမြို့တို့၌ တစ်ပြိုင်နက် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရွေးချယ်ပွဲ ပထမနေ့တွင် ရန်ကုန် အမျိုး သားဘောလုံးအကယ်ဒမီ၌လူငယ်ကစား သမား ၄၂ ဦး၊ မန္တလေး မြန်မာဘောလုံးအကယ်ဒမီ၌ ၂၀ ဦး လာရောက်အစမ်းရွေးချယ်ခံခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က နိုင်ငံတစ်ဝန်းရှိ အသက်အရွယ်သတ်မှတ်ချက်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071