Wednesday, December 17, 2025

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း...
HomeNewsLocal NewsFacebook မှတဆင့် တရားမဝင်...

Facebook မှတဆင့် တရားမဝင် ဒေါ်လာရောင်းချသူကို ဖမ်းဆီးအရေးယူထား

တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သူများအား သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့များက အသွင်ယူ စစ်ဆေးမှုများနှင့်အတူ ဖော်ထုတ်အရေးယူလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။

Facebook အစရှိသည့် လူမှုကွန်ယက်စာမျက်နှာများဖြစ်သော “ဒေါ်လာ Dollar Buy/Sell Market and News” နှင့် “ယူရို၊ဒေါ်လာ ရောင်းဝယ်ပို့ဆောင်လိုသူများစုံစည်းရာ Euro Dollar Trading Group” စသည့် Facebook Page များမှတစ်ဆင့် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ နှင့်ညီမျှသော မြန်မာကျပ်ငွေအား တရားဝင်ပေါက်ဈေးထက်ကျော်လွန်၍ ဈေးနှုန်းအမျိုးမျိုးများ သတ်မှတ်၍ တရားမဝင် ရောင်းဝယ်မှုများပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း ကြေညာ ချက်တွင်ဖော်ပြထားသည်။

အဆိုပါရောင်းဝယ်မှုများသည် တရားမဝင်ရောင်းဝယ်မှုများဖြစ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့် ညီညွတ်ခြင်းမရှိသဖြင့် သက်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေးအဖွဲ့များက လိုအပ်သလို အသွင်ယူစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ဖော်ထုတ်အရေးယူလျက်ရှိကြောင်း သိရသည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၉ အရ နိုင်ငံတော်တွင် နိုင်ငံခြားသုံးငွေရောင်းဝယ်မှုလုပ်ငန်းများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများကသာ ဆောင်ရွက်ခွင့်ရှိပြီး နိုင်ငံခြားသုံးငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရရှိသူများသည် နိုင်ငံခြားငွေ ငွေသားနှင့် ခရီးသွားချက်လက်မှတ်များကိုသာ ရောင်းဝယ်ခွင့်ရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းအပိုဒ်  ၁၅ တွင် “ပြည်တွင်း၌ နေထိုင်သူတစ်ဦးသည် တရားဝင်နည်းလမ်းဖြင့် ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀/-အထိ သို့မဟုတ် ယင်းနှင့် ညီမျှသော ငွေထက်မပိုသော နိုင်ငံခြားငွေများကို လက်ခံရရှိသည့်နေ့မှ ၆ လအတွင်း ကိုင်ဆောင်ခွင့်ရှိပြီး ယင်း ၆ လကာလကျော်သည်အထိ အသုံးမပြုဘဲရှိနေသည့် နိုင်ငံခြားငွေများအား နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိသူများထံတွင် ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချ လဲလှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်းသို့ ထည့်သွင်းခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် အဆိုပါ Facebook Page မှတစ်ဆင့် အမေရိကန် ဒေါ်လာရောင်းချသူတစ်ဦးကို သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လိုအပ်သည်များ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အများပြည်သူများအနေဖြင့် နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့် အခါတွင် မိမိနှင့်အတူပါလာသည့် နိုင်ငံခြားသုံး ငွေများအား Declaration ပြုလုပ်ဆောင်ရွက်သွားရန် နှင့်တရားဝင်လိုင်စင်ခွင့်ပြုထားသော နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း လိုင်စင်ရရှိသူများနှင့် နိုင်ငံခြားသုံးငွေဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရရှိသူများထံတွင်သာ နိုင်ငံခြားသုံးငွေများ လဲလှယ် ဝယ်ယူရောင်းချသွားရန် အသိပေး ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း ရေလက်ကြားကို ပထမဆုံအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်သော ထိုင်ဝမ်သည် ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို နေ့စဉ်နီးပါး သတင်းထုတ်ပြန်လျက်ရှိသည်။ တရုတ်စစ်တပ်၏ အဆိုပါလှုပ်ရှားမှုများသည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရအပေါ် ဖိအားပေးသည့် အစီအမံတစ်ရပ်ဖြစ်သည်ဟု တိုင်ပေက ရှုမြင်သည်။ ယမန်နေ့က ဖူကျန်းသည် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းကို ထိုင်ဝမ်တပ်ဖွဲ့များက စောင့်ကြည့်နေခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များမဖြစ်ပေါ်စေရန် ဗဟိုဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရေးနှင့် အတုနှင့် အစစ်တို့၏ သိသာထင်ရှားစွာကွဲပြားခြားနားမှုကိုလည်း အသိပေးထားသည်။ ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ "A4" စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ကြောင်း သိရသည်။ ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071