Saturday, August 8, 2026

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌...

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...
HomeArticlesFace ID နည်းပညာတိုးတက်လာမှုနှင့်အနာဂတ်အလားအလာ

Face ID နည်းပညာတိုးတက်လာမှုနှင့်အနာဂတ်အလားအလာ

  ဇီဝဗေဒအချက်အလက်နည်းပညာ လျင်မြန်စွာတိုးတက်လာသည်နှင့်အတူ မျက်နှာသွင်ပြင် လက္ခဏာမှတ်သားသည့် Face ID နည်းပညာသည်လည်း သုံးစွဲသူများအတွက် ဘေးကင်းလုံခြုံ စိတ်ချရမှုကို ပိုမိုပေးစွမ်းလာနိုင်တော့မည်ဖြစ်သည်။ 

မျက်နှာသွင်ပြင်လက္ခဏာမှတ်သားသောနည်းပညာ ပါဝင်သည့် စမတ်ဖုန်းများ၊ လုံခြုံရေးကင်မရာများနှင့် လေဆိပ်များရှိ စစ်ဆေးရေးနေရာများတွင် တပ်ဆင်ထားသော စောင့်ကြည့်ရေးကင်မရာများကိုတွေ့မြင်လာရသည်နှင့်အမျှ Face ID နည်းပညာ သည် လူသားတို့၏ကြီးမားသောအစိတ်အပိုင်းတစ်ရပ်ဖြစ်လာပါသည်။ 

ယနေ့ခေတ် မျက်နှာသွင်ပြင် မှတ်သားသည့်နည်းပညာ (Face ID) သည် လူသားတို့၏ မျက်နှာသွင်ပြင်ကွဲပြားမှုများ၊ လူတစ်ဦးနှင့် တစ်ဦးတွင် မတူညီဘဲခြားနားနေသည့်ချက်အလက်များကိုထုတ်နှုတ်မှတ်သားခြင်းနှင့် လူတစ်ဦးတွင် ရှိသည့်ထူးခြားသောသွင်ပြင်လက္ခဏာအမှတ်အသားကိုရှာဖွေခြင်းစသည့် လုပ်ဆောင်မှုများအပေါ် အခြေခံထားပါသည်။

သင့်အနေဖြင့် လူတစ်ဦးကိုစိစစ်ခွဲခြားနိုင်ရန်အတွက် အဆိုပါလူ၏မျက်နှာသွင်ပြင်လက္ခဏာကို သိရှိထားရမည်ဖြစ်ပြီး အဆိုပါနည်းလမ်းအတိုင်းပင် Face ID နည်းပညာက ဆောင်ရွက်မည်ဖြစ်သည်။ မိမိရှာဖွေလိုသူ၏ဓာတ်ပုံကို စစ်ဆေးခြင်းဆောင်ရွက်မည့်စနစ်တစ်ခုသို့ ပေးပို့လိုက်မည်ဆိုပါက အဆိုပါစနစ်သည် ရိုက်ကူးထားသောဗွီဒီယိုရုပ်သံဖိုင်ထဲတွင်ပါရှိနေသူ၏ပုံရိပ်ကို တိုက်ဆိုင်စစ်ဆေး၍ ခြေရာခံပေးမည်ဖြစ်ပါသည်။ အဆိုပါခြေရာခံထားသောပုံရိပ်နှင့် စစ်ဆေးရေးစနစ်၏ Database အတွင်းရှိပုံရိပ်တို့ကို တိုက်ဆိုင်စစ်ဆေး၍ မိမိရှာဖွေနေသူဟုတ်မဟုတ်ကိုလည်း ပြန်လည်စိစစ်ခွဲခြား ပေးမည်ဖြစ်ပါသည်။ Face ID နည်းပညာကို လုံခြုံရေးကင်မရာများနှင့်ဆက်သွယ်ချိတ်ဆက်လိုက်ခြင်း ဖြင့် ကင်မရာများတွင် စွမ်းဆောင်ရည်သစ်များပိုမိုရရှိလာစေမည်ဖြစ်ပါသည်။ 

မတော်တဆဖြစ်စဉ်များ ကိုကာကွယ်ခြင်း၊ အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ခြင်းနှင့် အခြားသော နယ်ပယ်များတွင်လည်း ထိရောက်စွာအသုံးပြုနိုင်မည့်အကျိုးကျေးဇူးများကို Face ID နည်းပညာသုံး လုံခြုံရေးကင်မရာများက ပေးစွမ်းနိုင်တော့မည်ဖြစ်ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် လူသားတို့အနေဖြင့် မျက်နှာဖုံးများဝတ်ဆင်လာရသည့် အတွက် မျက်နှာသွင်ပြင်ကိုမှတ်သားရသည့်နည်းပညာမှာလည်း ပညာရှင်တို့ ယခင်ကထင်ထားသည်ထက် ပိုမိုရှုပ်ထွေးကြောင်းတွေ့မြင်လာရသည်။

 မျက်နှာဖုံးများကိုတွင်ကျယ်စွာ တပ်ဆင်လာခြင်းက ယခင်ကဆောင်ရွက်ခဲ့သည့် Face ID သုတေသနယူဆက်ချက်များကို ရပ်တန့်သွားစေခဲ့ပြီး နည်းလမ်း အသစ်ထပ်မံရှာဖွေရန်အတွက် ပညာရှင်များကို တွန်းအားဖြစ်စေခဲ့ပါသည်။

အလင်းရောင်အလွန်နည်းပါးသည့် မှောင်နေသောနေရာများ၊ သို့မဟုတ် နောက်ခံအလင်း အလွန်များနေခြင်းစသော ဆိုးရွားလှသည့်အခြေအနေများတွင်လည်း မိမိရှာဖွေထောက်လှမ်းလိုသူအား Face ID နည်းပညာဖြင့် စိစစ်ထောက်လှမ်းနိုင်ရန် အဆင့်မြှင့်တင်မှုများကို ဆက်လက်ဆောင်ရွက်ရဦး မည်ဖြစ်ပါသည်။ အခြားသော နည်းပညာစိန်ခေါ်မှုများအနေဖြင့် ကင်မရာ၏ ၄၅ ဒီဂရီထောင့်ချိုးရှိ လူတစ်ဦး၏ မျက်နှာသွင်ပြင်ကို စစ်ဆေးခြင်းနှင့် အရည်အသွေးအလွန်ညံ့သောဗွီဒီယိုဖိုင်တွင်ပါရှိသူတို့၏ မျက်နှာသွင်ပြင်တို့ကို စစ်ဆေးနိုင်စွမ်းရှိရန်လိုအပ်ခြင်းများရှိနေပါသေးသည်။ 

မျက်နှာသွင်ပြင်မှတ်သား သည့်နည်းပညာကိုအသုံးပြုသူများအတွက် တိကျမှန်ကန်သောအချက်အလက်များပေးစွမ်းနိုင်ရန် တီထွင်ရဦးမည်ဖြစ်ပါသည်။ ထိုသို့သောနည်းပညာကိုရရှိရန် လွယ်ကူလှသည်တော့မဟုတ်ချေ။ Face ID နည်းပညာအတွက် နောက်ထပ်ကြုံတွေ့ရမည့် အခြားသောအဓိကစိန်ခေါ်မှုတစ်ရပ်မှာ လူမျိုးရေးနှင့် လူသားမျိုးနွယ်အားလုံးကိုခွဲခြားဘက်လိုက်မှုမရှိစေဘဲ မှတ်သားနိုင်စွမ်းရှိရေးပင် ဖြစ်ပါသည်။

မျက်နှာသွင်ပြင်လက္ခဏာမှတ်သားသည့်နည်းပညာသည် သက်ဆိုင်သောအချက်အလက်များကို သာသိမ်းဆည်းစေခြင်း၊ အချက်အလက်သိမ်းဆည်းရာတွင် လိုအပ်သောအတိုင်းအတာကိုသာ သိမ်းဆည်းစေခြင်းနှင့် စောင့်ကြည့်ထိန်းသိမ်းသူအနေဖြင့် ၎င်းအတွက်လိုအပ်သည့်အချက်အလက် ကိုသာရရှိစေရန်ကန့်သတ်နိုင်ခြင်းစသည့် စံချိန်စံညွှန်းများနှင့်လည်းကိုက်ညီရန်လိုအပ်ပါသည်။

လူသားတို့၏အခြေခံအဆောက်အအုံများကို ထိရောက်စွာ လုံခြုံမှုပေးစွမ်းနိုင်ရေးနှင့် ရာဇဝတ်မှု များကိုလျှော့ချနိုင်ရန်အတွက် မျက်နှာသွင်ပြင်လက္ခဏာမှတ်သားသည့်နည်းပညာတွင် အဆင့်မြင့် အသိဉာဏ်တု နည်းပညာ (AI) ကိုအသုံးပြုရမည်ဖြစ်ပါသည်။

 အဆိုပါ AI သည် လူတစ်ဦး တစ်ယောက်ခြင်းစီကို တိကျစွာခွဲခြားစိစစ်နိုင်စွမ်းရှိပြီး ထောက်လှမ်းရရှိထားသည့် အချက်အလက်ကို လည်း သက်ဆိုင်ရာသို့တစ်ပြိုင်နက်အသိပေးနိုင်စွမ်းရှိမည်ဖြစ်ပါသည်။

မျက်နှာသွင်ပြင်လက္ခဏာမှတ်သားသည့် Face ID နည်းပညာတွင် ထပ်မံအဆင့်မြှင့်တင်ရန် လိုအပ်ချက်များရှိနေသေးသော်လည်း မကြာသောအနာဂတ်ကာလတွင် ယင်းနည်းပညာကိုအသုံးပြု၍ ရာဇဝတ်မှုကျူးလွန်သူများ၊ ဥပဒေချိုးဖောက်သူများနှင့် ပျောက်ဆုံးနေသူများကိုပြန်လည်ရှာဖွေခြင်းများ ဆောင်ရွက်နိုင်တော့မည်ဖြစ်ပြီး လူသားတို့၏ဘေးကင်းလုံခြုံမှုကို ပိုမိုပေးစွမ်းသွားနိုင်တော့မည် ဖြစ်ပါသည်။

ဥာဏ်​ဝေ

https://i-hls.com/archives/117947

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ သံရုံးသို့ စာရွက်စာ တမ်းအထောက်အထားဆိုင်ရာများလာရောက်ပြုလုပ်နေကြသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား နှုတ်ဆက်အားပေးစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေကြပြီး လုပ်ငန်းများဆောင်ရွက်နေကြခြင်းဖြစ်၍ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက မည်သည့်အခက်အခဲပင်ဖြစ်စေ သံရုံး၊ စစ်သံရုံးများသို့ အချိန်မရွေးအကူအညီတောင်းခံကြရန်၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်း ကမ်းများနှင့်အညီဖြစ်စေရေးအတွက် စနစ်တကျနေ ထိုင်လုပ်ကိုင်ကြရန် ပြောကြားသည်။ " မြန်မာနိုင်ငံအနေနဲ့ မိမိတို့နိုင်ငံသားတွေရဲ့ အခွင့်အ ရေးတွေ နစ်နာဆုံးရှုံးမှုမရှိစေဖို့...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ မြန်မာသံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအားတွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံအချင်းချင်းဆက်ဆံရာမှာ သံတမန်ဆက်ဆံရေးက များစွာအရေးပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာခွဲခြားမရနိုင်သည့် အိမ်နီးချင်း၊ မိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပါတယ်။ နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံပြည်သူတွေကြား၊ တပ်မတော်နှစ်ရပ်ကြားတွေမှာ ခိုင်မာတဲ့ချစ်ကြည်ရေးနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးသမိုင်းကြောင်းတွေရှိခဲ့တယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ နိုင်ငံတော်တွင် လက်နက်ကိုင်အကြမ်းဖက်မှုများကြုံ...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ ဆွေးနွေးပြောဆို

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ်(Official Visit)ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် ထိုင်းအမျိုးသားလွှတ်တော်အားကြည့်ရှုလေ့လာစဥ် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌမှ ဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံကြား တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘ ဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွလက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ကိုယုံကြည်ကာ လွှတ်တော်နှစ်ရပ်ကြားပူးပေါင်းဆောင် ရွက်မှုများနှင့် ဆက်ဆံမှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ဆွေးနွေးပြောဆိုသည်။ ထို့အတူ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071