မြန်မာ့ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်ဖြစ်သည့် အခြေခံပညာ ကျောင်းများရှိ ကျောင်းသူ/ကျောင်းသားများ ဘောလုံးအားကစားကို ပိုမိုကစားခွင့်ရရှိရန် ရည်ရွယ်၍ FIF A Football for Schools (F4S) အစီအစဉ်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) နှင့် လူငယ်နှင့် အားကစားဝန် ကြီးဌာန နှင့် ပညာရေးဝန်ကြီး ဌာနတို့ (၃)ပွင့်ဆိုင် MOU လ က်မှတ်ရေးပွဲကို အောက်တိုဘာ (၈) ရက်က Hotel Max Nay Pyi Taw တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီး ဌာနညွှန်ကြားရေး မှူးချုပ် ဦးကျော်စွာသွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
FIFA Football for Schools အစီအစဉ်နှင့် ပတ်သက်၍ ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကျော်စွာသွင်၊ အားကစားနှင့် ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချူပ် ဦးဉာဏ်ဇော်ဦးတို့မှ လမ်းညွှန် အမှာစကား အသီးသီးပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်မှ FIFA Football for Schools အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
