Monday, June 23, 2025

ဖနောင်ပင်က ထိုင်းနှင့်နယ်စပ်ဂိတ်နှစ်ခုကို ထပ်ပိ-တ်ပြီ

ဖနောင်ပင်၊ဇွန် ၂၂ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က အာဆီယံအဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် နယ်နိမိတ်အငြင်းပွားမှုအတွင်း ထိုင်းနှင့်ဆက်‌နေသည့် နောက်ထပ်နယ်စပ်ဂိတ်နှစ်ခုကို လုံးဝပိ-တ်ပ-စ်လိုက်ပြီဖြစ်ကြောင်းပြောကြားခဲ့သည်။ ထိုင်းစစ်တပ်သည် ချေက်ဘ်ကော်ကီ နယ်စပ်စစ်ဆေးရေးဂိတ်ကို တနင်္ဂနွေနေ့မှစ၍ပိတ်ရန် တစ်ဖက်သတ်ဆုံးဖြတ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ...

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀...

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက...

မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် UNOPS မှ အမှု...

မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်သည် ယနေ့ ဇွန် ၂၂ ရက်မွန်းလွဲပိုင်းက ကုလသမဂ္ဂ Under-Secretary- General နှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး(UNOPS)မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr.Jorge...

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀...

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက...
HomeCelebrities' NewsExamplez အဖွဲ့ အခွေထွက်ဖို့၊...

Examplez အဖွဲ့ အခွေထွက်ဖို့၊ ရှိုးပွဲလုပ်ဖို့ အခက်အခဲတချို့ ရှိနေသေးတယ်ထွန်းထွန်း

ထွန်းထွန်းက သူငယ်ချင်းဖြစ်သူ မိုးယံဇွန်နဲ့ Body Challenge ပြုလုပ် ပြီး တစ်လအတွင်း ဝိတ်ချခဲ့ပါတယ်။ အဲဒါကြောင့် ထွန်းထွန်းလည်း တော် တော်လေး ပိန်ကျသွားခဲ့ပါတယ်။ လေ့ကျင့်ခန်းက ပြင်းထန်တယ်လို့ ကြိုသိ ထားပေမယ့် သူငယ်ချင်းတွေနဲ့ စိန်ခေါ်ဖြစ်ပုံကိုတော့ ထွန်းထွန်းက …

”Training က တော်တော်ပြင်းတယ်။ ဆန်လုံးညိုလောက်ပဲ ထမင်းစားရ တယ်။ ဒါတောင်မှ နေ့တိုင်းမဟုတ်ဘူး။ အစားအသောက် အဓိက ဆင်ခြင် လိုက်တယ်။ Training ကို တော်တော်လေး ပြင်းပြင်းထန် ထန်လုပ်လိုက်တဲ့ အချိန်မှာ ပြောင်းလဲသွားတာ တွေ့ရပါတယ်။ လူလည်း တော်တော်ပိန်သွားတယ်။ အရပ် ၅ ပေ ၆၊ ၅ပေ ၇ တွေက ပေါင်ချိန် ၁၄ဝ နဲ့ ၁၅ဝ ကြား၊ ၁၄၅ ပဲ ရှိသင့်တာ။ ကျွန်တော်ဆို Over Weight ဖြစ်နေတယ်။ စကစားတုန်းက ပေါင်ချိန် ၁၅၈၊ ၁၅၉ ဖြစ်နေတယ်။ အခုဆို ၁၄၂ ပေါင်ပါ။ ဒါ တစ်လအတွင်း ပြောင်းလဲသွားတဲ့အရာပေါ့။ ကျန်တာကတော့ ကြွက်သားတည်ဆောက်ပုံတွေက ဖြည်းဖြည်းချင်းပဲ ကစားသွားရတယ်။ ကျွန်တော် ပိန်သွားတယ်။ ကျွန်တော့် ကြွက်သားကြီးတွေက တအား ကြီးမနေဘူး။ အစားအသောက် ဆင်ခြင် လိုက်တဲ့အတွက် အဆီပိုတွေ ရှိမနေဘူး” လို့ ပြောပါတယ်။

ထွန်းထွန်းက အခု ဆို အသက် ၃၄ နှစ်ကျော်လာပေမယ့် အရင်လို နုပျိုနေဆဲပါ။ အခုလိုနုပျိုတာ အားကစားပြုလုပ်ခြင်းနဲ့ဆိုင်မလားဆိုတာကိုတော့ …

”ဆိုင်ပါတယ်။ အဓိကက ကျွန်တော်အရက်၊ ဆေးလိပ်မသောက်ဘူး။ ကွမ်းမစားဘူး။ အဲဒါတွေက ကျွန်တော့်အတွက် တော်တော်အထောက် အကူပြု တယ်။ ကျွန်တော် လွန်ခဲ့တဲ့ ၁ဝ နှစ်၊ ၁၅ နှစ်ကတည်းက ဘောလုံးပဲ ကန်ခဲ့တယ်။ အခုဒီနှစ်ထဲမှာ ဘော လုံးလည်း ကန်တယ်။ Gym လည်း တွဲကစား တယ်။ အားကစားတော့ တော်တော်လုပ်ဖြစ်ပါ တယ်” လို့ ပြောပါတယ်။

ထွန်းထွန်းက သူ့ရဲ့ သူငယ်ချင်းတွေနဲ့ Examplezရှိုးပွဲကို ပြန် လုပ်ချင်ပေမယ့် အခုထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။ ဒီအဖွဲ့မှာ တော့ ထွန်းထွန်းတစ်ယောက်ပဲ အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတာပါ။ ကျန်တဲ့ သူငယ်ချင်းတွေကတော့ အပြင် စီးပွားရေးလုပ်ငန်းတွေ လုပ် ကိုင်နေတာကြောင့် လုပ်ငန်း ချင်းမတူတဲ့အတွက် ပြန်လည် ပေါင်းစည်းပြီး အနုပညာ အလုပ်တွေ လုပ်ဖို့ အခက် အခဲ တချို့ ရှိနေသေးတယ်လို့ ထွန်းထွန်းက ပြောပါတယ်။

ခိုင်ဝေလွင်

Ads Space Available


Continue reading

ဖနောင်ပင်က ထိုင်းနှင့်နယ်စပ်ဂိတ်နှစ်ခုကို ထပ်ပိ-တ်ပြီ

ဖနောင်ပင်၊ဇွန် ၂၂ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က အာဆီယံအဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် နယ်နိမိတ်အငြင်းပွားမှုအတွင်း ထိုင်းနှင့်ဆက်‌နေသည့် နောက်ထပ်နယ်စပ်ဂိတ်နှစ်ခုကို လုံးဝပိ-တ်ပ-စ်လိုက်ပြီဖြစ်ကြောင်းပြောကြားခဲ့သည်။ ထိုင်းစစ်တပ်သည် ချေက်ဘ်ကော်ကီ နယ်စပ်စစ်ဆေးရေးဂိတ်ကို တနင်္ဂနွေနေ့မှစ၍ပိတ်ရန် တစ်ဖက်သတ်ဆုံးဖြတ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ အော့ဒါ မီယန်ချေ ပြည်နယ်အုပ်ချုပ်ရေးမှူးထံ စနေနေ့ညက အကြောင်းကြားခဲ့သည်ဟုလည်း၎င်းကပြောကြားခဲ့သည်။ "အဲဒီနယ်စပ်ဂိတ်ကို ကျွန်တော်တို့ဘက်ကလည်း အပြီးတိုင်ပိတ်ပစ်မယ်ဆိုတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့တုန့်ပြန်မှုကို ကျွန်တော်လည်းသဘောတူပါတယ်” ဟု ဟွန်မာနက်က ၎င်း၏ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်ပို့စ်တွင်ရေးသားခဲ့သည်။ "ဆက်လက်ပြီးကမ္ဘောဒီးယားဘက်ကလည်း ချိုအမ်း မှာရှိတဲ့ နောက်ထပ်စစ်ဆေးရေးဂိတ်တစ်ခုကိုပါ ချောက်ဘ် ကော်ကီ စစ်ဆေးရေးဂိတ်နဲ့အတူ ဒီနေ့ကစပြီး ပိတ်ဖို့ဆုံးဖြတ်ထားပါတယ်၊အဲ့ဒါကိုလည်းထိုင်းအုပ်ချုပ်ရေးမှူးကို အကြောင်းကြားဖို့ညွှန်ကြားထားပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ဇွန်လ ၇ ရက် နေ့မှစပြီး...

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့လှူဒါန်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ပိုင်ရှင်မဲ့ဆေးဝါးနှင့်ဆက်ဆပ်ပစ္စည်းများအား ပြည်သူ့ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်လှူဒါန်းရခြင်းဖြစ်ခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်ဝင်းလှိုင်ကရှင်းလင်းပြောကြားခဲ့ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ဇင်ထွန်းက ဆေးဝါးနှင့် ဆက်ဆပ်ပစ္စည်းများကို သူနာပြုဆရာမကြီးဒေါ်မိုးသီတာဝင်းထံ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရေဦးမြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပေးအပ်လှူဒါန်းသည့် ပိုင်ရှင်မဲ့သိမ်းဆည်းရမိသော(လူသုံး)အင်္ဂလိပ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများသည် ငွေကျပ်သိန်း(၂၀၀)ခန့်ရှိကြောင်း သိရသည်။ Photo- Lin Lin , Yangon Sport

မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် UNOPS မှ အမှု ဆောင်ညွှန်ကြားရေးမှူးတို့တွေ့ဆုံ

မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်သည် ယနေ့ ဇွန် ၂၂ ရက်မွန်းလွဲပိုင်းက ကုလသမဂ္ဂ Under-Secretary- General နှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး(UNOPS)မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr.Jorge Manuel Lopes Moreira Da Silva အားလက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂကြား လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများ၊ UNOPS မှစီမံခန့်ခွဲလျက်ရှိသည့်ရန်ပုံငွေများဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုများနှင့်ဆက်လက်ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071