Monday, August 3, 2026

အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science...

ရန်ကုန်၊ ဩဂုတ် ၃ တရုတ်နိုင်ငံ၊ ဟောင်ကောင်တက္ကသိုလ်၌ ဩဂုတ် ၂ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၁၆) ကြိမ်မြောက် အာရှသိပ္ပံစခန်းချနေထိုင်ခြင်း...

တပ်မတော်(လေ) တိုက်ခိုက်ရေးလေယာဉ် လေ့ကျင့်ပျံသန်းစဉ် ငှက်နှင့်တိုက်မိ၍...

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၏ အရှေ့တောင်ဘက် မီတာ ၈၅၀၀ ခန့်အကွာ ညောင်နှစ်ပင်ကျေးရွာအနီး၌တပ်မတော်(လေ) တိုက်ခိုက်ရေးလေယာဉ်သည် ငှက်တစ်ကောင်နှင့် တိုက်မိမှု (Bird Strike) ဖြစ်ပွါးခဲ့သည်ဟု...

လေးမျက်နှာမြို့နယ်၌ ဆက်သွယ်မှုမ ပြတ်တောက်စေရေးဆောင်ရွက်

ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေ ကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသော ဧရာဝတီတိုင်း၊ လေး မျက်နှာမြို့နယ်၌ ဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် ဒီဂျစ်တယ်ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း၏ဦးဆောင်မှုဖြင့်...

လေးမျက်နှာရေဘေးကူညီကယ်ဆယ်ရေးလာရောက်သူများကို စက်သုံးဆီများအခမဲ့ပေးဝေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေခြင်းအတွက် ကူညီကယ်ဆယ်ခြင်းများလုပ် ဆောင်ပေးလျက်ရှိသည့် ကယ်ဆယ်ရေးလာရောက်သူ များကို စက်သုံးဆီများအခမဲ့ပေးဝေလျက်ရှိကြောင်း သိရသည်။ လူမူကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကူ...
HomeNewsLocal NewsDenko မှလေယာဥ်ဆီတင်သွင်းရောင်းချခြင်းမရှိဟု ထုတ်ပြန်ရှင်းလင်း

Denko မှလေယာဥ်ဆီတင်သွင်းရောင်းချခြင်းမရှိဟု ထုတ်ပြန်ရှင်းလင်း

(Unicode)

Denko မှလေယာဥ်ဆီတင်သွင်းရောင်းချခြင်းမရှိဟု ထုတ်ပြန်ရှင်းလင်း

မြန်မာနိုင်ငံတွင် စက်သုံးဆီတင်သွင်းရောင်းချလျက်ရှိသည့် ကုမ္ပဏီများအနက် တစ်ခုအပါအ ဝင်ဖြစ်သည့် Denko မှလူမှုကွန်ယက်စာမျက်နှာများ၌ လေယာဥ်ဆီတင်သွင်းသည်ဟုရေးသားဖော်ပြမှုများနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ရှင်းလင်းခဲ့သည်။

ထုတ်ပြန်ချက်၌ Denko သည်နိုင်ငံ၏စက်သုံးဆီလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန် အရည်အသွေးပြည့်မီသည့် Octane 92, Octane 95, Premium Diesel နှင့် Regular Diesel စက်သုံးဆီတို့ကို စင်ကာပူနိုင်ငံမှတင်သွင်း၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူလူထု၊မိတ်ဖက်ဆီဆိုင်များ၊ Corporate Customer များသို့ဆယ်စုနှစ်ကျော်ကြာဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်ဟု ရေးသားထား သည်။

မကြာမီက သတင်းမီဒီယာအချို့နှင့် Social Media အချို့တွင် ဖော်ပြခဲ့သည့် Denko မှလေ ယာဉ်ဆီတင်သွင်းသည် ဆိုသည့်သတင်းမှာ လုံးဝမှန်ကန်မှုမရှိဘဲ Denko မှလုပ်ငန်းစတင်တည် ထောင်သည့် ၂၀၁၀ ပြည့်နှစ်မှစ၍ ယနေ့အချိန်အထိ မြန်မာနိုင်ငံအတွင်းသို့ လေယာဉ်ဆီတင်သွင်းခြင်းမရှိသကဲ့သို့ ဖြန့်ဖြူးရောင်းချခြင်းလည်း(လုံးဝ) မရှိခဲ့ဟု ထုတ်ပြန်ရေးသားထား သည်။

ထို့ပြင် လူပုဂ္ဂိုလ်အချို့နှင့်အဖွဲ့အစည်းအချို့သို့ စက်သုံးဆီ သီးသန့်တင်သွင်းထောက်ပံ့ပေးနေ သည်ဟု ဖော်ပြထားမှုများမှာလည်း မှန်ကန်မှုမရှိသဖြင့် ယင်းသို့ မမှန်မကန်စွပ်စွဲချက်များ၊ဖော်ပြချက်များအား ပြင်းထန်စွာကန့်ကွက်ရှုံ့ချကာ ရေး သားဖော်ပြနေကြသူများအနေဖြင့် မှန်ကန်သည့်သတင်းများကိုသာ “ခိုင်မာသည့် အထောက်အ ထားအချက်အလက်များ”ဖြင့်ရေးသားဖော်ပြရန် လည်း ထုတ်ပြန်ချက်၌ တိုက်တွန်းရေးသားထား သည်။

၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၂၇ ရက်တွင် သထုံမြို့၊သိမ်ဆိပ်ရှိ Denko စက်သုံးဆီဆိုင်မှ ငွေကျပ်သိန်း ၄၅၀ ကျော်နှင့်ကားတစ်စီး၊ဖေဖော်ဝါရီ ၇ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ စက်သုံးဆီဆိုင်မှစက်သုံးဆီရောင်းရငွေကျပ်သိန်း ၇၂၀ ကျော်အား ဘဏ်အပ်ရန်သွားစဥ် ကျန်စစ်သားလမ်းနှင့်မြဝတီမင်းကြီးလမ်းထောင့်နှင့် ဖေဖော်ဝါ ရီ ၁၉ ရက်တွင် သာမညရှိ စက်သုံးဆီအရောင်းဆိုင်မှ ငွေကျပ်သိန်း ၁၆၀ ကျော်၊ဝန်ထမ်းများ၏ ဖုန်းသုံးလုံးတို့အားယူဆောင်ကာ ဆိုင်အားဗုံးထောင်၍ မီးရှို့ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရမှုများဖြစ်ပေါ်ခဲ့သည်။

(Zawgyi)

Denko မွေလယာဥ္ဆီတင္သြင္းေရာင္းခ်ျခင္းမရွိဟု ထုတ္ျပန္ရွင္းလင္း

ျမန္မာႏိုင္ငံတြင္ စက္သုံးဆီတင္သြင္းေရာင္းခ်လ်က္ရွိသည့္ ကုမၸဏီမ်ားအနက္ တစ္ခုအပါအ ဝင္ျဖစ္သည့္ Denko မွလူမႈကြန္ယက္စာမ်က္ႏွာမ်ား၌ ေလယာဥ္ဆီတင္သြင္းသည္ဟုေရးသားေဖာ္ျပမႈမ်ားႏွင့္ပတ္သက္၍ ေဖေဖာ္ဝါရီ ၂၁ ရက္တြင္ ထုတ္ျပန္ရွင္းလင္းခဲ့သည္။

ထုတ္ျပန္ခ်က္၌ Denko သည္ႏိုင္ငံ၏စက္သုံးဆီလိုအပ္ခ်က္ကိုျဖည့္ဆည္းႏိုင္ရန္ အရည္အေသြးျပည့္မီသည့္ Octane 92, Octane 95, Premium Diesel ႏွင့္ Regular Diesel စက္သုံးဆီတို႔ကို စင္ကာပူႏိုင္ငံမွတင္သြင္း၍ ျမန္မာႏိုင္ငံတစ္ဝန္းလုံးရွိ ျပည္သူလူထု၊မိတ္ဖက္ဆီဆိုင္မ်ား၊ Corporate Customer မ်ားသို႔ဆယ္စုႏွစ္ေက်ာ္ၾကာျဖန႔္ျဖဴးေရာင္းခ်ေပးလ်က္ရွိသည္ဟု ေရးသားထား သည္။

မၾကာမီက သတင္းမီဒီယာအခ်ိဳ႕ႏွင့္ Social Media အခ်ိဳ႕တြင္ ေဖာ္ျပခဲ့သည့္ Denko မွေလ ယာဥ္ဆီတင္သြင္းသည္ ဆိုသည့္သတင္းမွာ လုံးဝမွန္ကန္မႈမရွိဘဲ Denko မွလုပ္ငန္းစတင္တည္ ေထာင္သည့္ ၂၀၁၀ ျပည့္ႏွစ္မွစ၍ ယေန႔အခ်ိန္အထိ ျမန္မာႏိုင္ငံအတြင္းသို႔ ေလယာဥ္ဆီတင္သြင္းျခင္းမရွိသကဲ့သို႔ ျဖန႔္ျဖဴးေရာင္းခ်ျခင္းလည္း(လုံးဝ) မရွိခဲ့ဟု ထုတ္ျပန္ေရးသားထား သည္။

ထို႔ျပင္ လူပုဂၢိဳလ္အခ်ိဳ႕ႏွင့္အဖြဲ႕အစည္းအခ်ိဳ႕သို႔ စက္သုံးဆီ သီးသန႔္တင္သြင္းေထာက္ပံ့ေပးေန သည္ဟု ေဖာ္ျပထားမႈမ်ားမွာလည္း မွန္ကန္မႈမရွိသျဖင့္ ယင္းသို႔ မမွန္မကန္စြပ္စြဲခ်က္မ်ား၊ေဖာ္ျပခ်က္မ်ားအား ျပင္းထန္စြာကန႔္ကြက္ရႈံ႕ခ်ကာ ေရး သားေဖာ္ျပေနၾကသူမ်ားအေနျဖင့္ မွန္ကန္သည့္သတင္းမ်ားကိုသာ “ခိုင္မာသည့္ အေထာက္အ ထားအခ်က္အလက္မ်ား”ျဖင့္ေရးသားေဖာ္ျပရန္ လည္း ထုတ္ျပန္ခ်က္၌ တိုက္တြန္းေရးသားထား သည္။

၂၀၂၁ ခုႏွစ္၊ဒီဇင္ဘာ ၂၇ ရက္တြင္ သထုံၿမိဳ႕၊သိမ္ဆိပ္ရွိ Denko စက္သုံးဆီဆိုင္မွ ေငြက်ပ္သိန္း ၄၅၀ ေက်ာ္ႏွင့္ကားတစ္စီး၊ေဖေဖာ္ဝါရီ ၇ ရက္တြင္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ရွိ စက္သုံးဆီဆိုင္မွစက္သုံးဆီေရာင္းရေငြက်ပ္သိန္း ၇၂၀ ေက်ာ္အား ဘဏ္အပ္ရန္သြားစဥ္ က်န္စစ္သားလမ္းႏွင့္ျမဝတီမင္းႀကီးလမ္းေထာင့္ႏွင့္ ေဖေဖာ္ဝါ ရီ ၁၉ ရက္တြင္ သာမညရွိ စက္သုံးဆီအေရာင္းဆိုင္မွ ေငြက်ပ္သိန္း ၁၆၀ ေက်ာ္၊ဝန္ထမ္းမ်ား၏ ဖုန္းသုံးလုံးတို႔အားယူေဆာင္ကာ ဆိုင္အားဗုံးေထာင္၍ မီးရႈိ႕ေဖာက္ခြဲ ဖ်က္ဆီးခံခဲ့ရမႈမ်ားျဖစ္ေပၚခဲ့သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science Camp 2026) သို့ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၅ ဦး တက်ရောက်ခွင့်ရရှိ

ရန်ကုန်၊ ဩဂုတ် ၃ တရုတ်နိုင်ငံ၊ ဟောင်ကောင်တက္ကသိုလ်၌ ဩဂုတ် ၂ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၁၆) ကြိမ်မြောက် အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science Camp 2026) သို့ မြန်မာနိုင်ငံမှ ကျောင်းသား ၂ ဦးနှင့် ကျောင်းသူ ၃ ဦး၊ စုစုပေါင်း ၅ ဦး တက်ရောက်ခွင့် ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ်ကို ၂၀၀၇ ခုနှစ်မှ စတင်၍ ဂျပန်၊ အိန္ဒိယ၊...

တပ်မတော်(လေ) တိုက်ခိုက်ရေးလေယာဉ် လေ့ကျင့်ပျံသန်းစဉ် ငှက်နှင့်တိုက်မိ၍ မတော်တဆမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၏ အရှေ့တောင်ဘက် မီတာ ၈၅၀၀ ခန့်အကွာ ညောင်နှစ်ပင်ကျေးရွာအနီး၌တပ်မတော်(လေ) တိုက်ခိုက်ရေးလေယာဉ်သည် ငှက်တစ်ကောင်နှင့် တိုက်မိမှု (Bird Strike) ဖြစ်ပွါးခဲ့သည်ဟု သိရသည်။ ယင်း တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် ယနေ့ နံနက် ၅ နာရီ ၁၆ မိနစ်ခန့်တွင် လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်နေခဲ့ခြင်း ဖြစ်သည်။ ငှက်တိုက်မိမှုကြောင့် လေယာဉ်၏ အင်ဂျင်ခန်းအတွင်းသို့ ဝင်ရောက်သွားပြီး အင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် လေယာဉ်မှူးအနေဖြင့် လေယာဉ်၏ အနေအထားကို လူနေအိမ်များမရှိသည့် အရပ်မျက်နှာဘက်သို့ ဦးတည်လှည့်ပြီး လေယာဉ်ပေါ်မှ စီးနင်းသူအား စက်ခလုတ်နှိပ်၍...

လေးမျက်နှာမြို့နယ်၌ ဆက်သွယ်မှုမ ပြတ်တောက်စေရေးဆောင်ရွက်

ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေ ကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသော ဧရာဝတီတိုင်း၊ လေး မျက်နှာမြို့နယ်၌ ဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် ဒီဂျစ်တယ်ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း၏ဦးဆောင်မှုဖြင့် ဧရာဝတီတိုင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတိုင်းမန် နေဂျာရုံးက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးချုပ်မှပေးပို့သော B2B satellite terminal (၂)စုံအား လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာအုပ်စု၊ စစ်ကွင်းဘုန်းကြီး ကျောင်းကယ်ဆယ်ရေးစခန်းတွင်(၁) စုံ၊ လေးမျက်နှာမြို့နယ်၊ သခွပ်ချောင်းကျေးရွာအုပ်စု၊ ဆိတ်နို့ကုန်းကျေးရွာတွင်(၁)စုံ၊ Cell on wheel COW ရွေ့ လျားမိုဘိုင်းကားတပ်ဆင်နိုင်ရေးတိုအ တွက်ဆောင်ရွက်လျက်ရှိကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071