Thursday, April 30, 2026

ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံရသည့် အနုပညာရှင်လေးဦး လွတ်ငြိမ်းဖြင့်...

ရွေးကောက်ပွဲကိုဝေဖန်မှုဖြင့် ဖမ်းဆီးခံထားရသည့်အနုပညာရှင်လေးဦးသည် လွတ်ငြိမ်းဖြင့် ယနေ့တွင် လွတ်မြောက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ၎င်တို့မှာ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာအောင်ချမ်းလူ၊ လူရွှင်တော်အုန်းဒိုင်း၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်တို့ဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့် ၂၀၂၅...

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ...

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာသက်ခိုင်ဝင်း ကပြောကြားသည်။ ​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Eastin Grand...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းကတိုက်ခတ်ခဲ့သည့်လေပြင်းကြောင်း...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းက ရန်ကုန်တိုင်းအ တွင်း၌ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်အ ချို့တွင် သစ်ပင်လဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရန်ကင်းမြို့နယ်၊...

ငလျင်ဒဏ်ကြောင့် ပြန်လည်ပြုပြင်ပြီးနောက် မန္တလေး ဂျက်ဖာဆင်စင်တာ...

၂၀၂၅ ခုနှစ် မန္တလေးငလျင် လှုပ်ခတ်ပြီးနောက် ပြန်လည်ပြုပြင်မွမ်းမံပြီး ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်တွင် မန္တလေး ဂျက်ဖာဆင်စင်တာ တရားဝင်...
HomeNewsLocal NewsDENKO ဆီဘောက်ဆာကား ခေါ်ယူထိန်းသိမ်းခြင်းနှင့်ဆီဖောက်ယူခြင်းသည်...

DENKO ဆီဘောက်ဆာကား ခေါ်ယူထိန်းသိမ်းခြင်းနှင့်ဆီဖောက်ယူခြင်းသည် KNU ၊ KNLA အဖွဲ့အစည်းမှလုံးဝပါဝင်ပါတ်သက်ခြင်းမရှိဟု ထုတ်ပြန်

DENKO ဆီဘောက်ဆာကား ခေါ်ယူထိန်းသိမ်းခြင်းနှင့်ဆီဖောက်ယူခြင်းသည် KNU ၊ KNLA အဖွဲ့အစည်းမှလုံးဝပါဝင်ပါတ်သက်ခြင်းမရှိဟု ထုတ်ပြန်

ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)အဖွဲ့မှ ယာဥ်အမှတ် YGN-4Q-5627 DENKO ဆီဘောက်ဆာကားအား စက်တင်ဘာ ၅ ရက်က ခေါ်ယူထိန်းသိမ်းခြင်းနှင့်ဆီဖောက်ယူခြင်းတို့၌ KNU ၊ KNLA အဖွဲ့အစည်းတို့မှ လုံးဝပါဝင်ပါတ်သက်ခြင်းမရှိကြောင်း စက်တင်ဘာ ၂၆ ရက်က ကေအဲန်ယူ-သထုံခရိုင်၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁)ခရိုင်အလုပ်မှုဆောင်ကော်မတီက ထုတ်ပြန်ခဲ့သည်။

ကေအဲန်ယူ-သထုံခရိုင်၊ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁) သည် ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟို ကွန်ကရက်တွင်ချမှတ်ထားသည့် မူဝါဒ၊လမ်းစဥ်၊ လုပ်ငန်းစဥ်နှင့်အညီ ရပ်တည်နေသည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

စက်တင်ဘာ ၅ ရက်က မိတ်ဖက်ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)အဖွဲ့မှ ယာဥ်အမှတ် YGN-4Q-5627 DENKO ဆီဘောက်ဆာကားအား တော်လှန်ရေးအထောက်အကူပြုပစ်မှတ်အဖြစ်သတ်မှတ်၍ ခေါ်ယူထိန်းသိမ်းခြင်းအား ခရိုင်၊တပ်မဟာစစ်ဆေးရေးနှင့်ဖြေရှင်းရေးအဖွဲ့မှ ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ စစ်ဆေးရာ၌ ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်တို့ကို ရိုက်နှက်နှိပ်စက်ခြင်းမရှိဘဲ ဘေးကင်းလုံခြုံစွာထိန်းသိမ်းထားပြီး DENKO ဆီဘောက်ဆာကားတွင်ပါသည့် ပရီမီယံဂါလံ ၃၀၀၀၊ ဒီဇယ်ဂါလံ ၂၀၀၀ ၊ အောက်တိန်းဂါလံ ၄၀၀၀ တို့အားဖောက်ယူရောင်းချ၍ ကားကို ဂုံညှင်းနွယ်နှင့်ကျောက်ပုံကြားလမ်းဘေးတွင် ရပ်ထားခဲ့သည်ဟု သိရသည်။

ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး(KNU)မြို့ နယ်၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(KNLA)တပ်ရင်းအဖွဲ့အစည်းအား အသိပေးတင်ပြခြင်းမရှိဘဲ ကရင်အမျိုးသားအစည်းအရုံး (KNU)ချမှတ်ထားသည့် တော်လှန်ရေးလမ်းစဥ်၊ လုပ်ငန်းစဥ် စည်းမျဥ်းစည်းကမ်းများကို လိုက်နာခြင်းမရှိကြောင်း စစ်ဆေးသိရှိခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ထို့ကြောင့် စက်တင်ဘာ ၁၅ ရက်တွင် ထိန်းသိမ်းခံထားရသည့် DENKO ဆီဘောက်ဆာကားအား ကရင်အမျိုးသားအစည်းအရုံး(KNU)ခရိုင်၊တပ်မဟာဖြေရှင်းရေးအဖွဲ့မှ ပြန်ထုတ်၍ ယာဥ်မောင်း လက်ထဲသို့ပြန်လည်အပ်နှံခဲ့ပြီး ပြန်လွှတ်ပေးလိုက်သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့အတူ DENKO ဆီဘောက်ဆာကား ခေါ်ယူထိန်း သိမ်းခြင်းနှင့်ဆီဖောက်ယူခြင်းသည် ကရင်အမျိုး သားအစည်းအရုံး(KNU)၊ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA)အဖွဲ့အစည်းမှ လုံးဝပါဝင်ပါတ်သက်ခြင်းမရှိဘဲ ကားအားပြန်လွှတ်စဥ်တွင် ဘေးကင်းလုံခြုံမှုရှိသည့် နေရာအထိ လုံခြုံရေးယူထားပေးခဲ့သည်ဟု ထုတ်ပြန်ရေးသားခဲ့သည်။

စည်းမျဥ်းစည်းကမ်းလိုက်နာခြင်းမရှိသည့် မိတ်ဖက်ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF အဖွဲ့ခေါင်းဆောင်အား သက်ဆိုင်ရာ PDF တာဝန်ခံမှ အရေးယူဆောင်ရွက်ပြီးဖြစ်သည်ဟု ထုက်ပြန်ကြေညာခဲ့သည်။

Photo – DENKO TRADING CO., LTD.

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံရသည့် အနုပညာရှင်လေးဦး လွတ်ငြိမ်းဖြင့် လွတ်မြောက်လာ

ရွေးကောက်ပွဲကိုဝေဖန်မှုဖြင့် ဖမ်းဆီးခံထားရသည့်အနုပညာရှင်လေးဦးသည် လွတ်ငြိမ်းဖြင့် ယနေ့တွင် လွတ်မြောက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ၎င်တို့မှာ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာအောင်ချမ်းလူ၊ လူရွှင်တော်အုန်းဒိုင်း၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်တို့ဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလကရွေးကောက်ပွဲနှင့်ပတ်သတ်ပြီး ပုဒ်မ ၂၃ (က) နှင့် အမိန့်ချခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အနေဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ပြန်လည်ပါဝင်နိုင်စေရန် ရည်ရွယ်၍ ယနေ့တွင် အကျဥ်းသား/သူ ၁၅၀၈ ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့ပြီးနောက်၎င်းတို့လေးဦး ပါဝင်လာခဲ့ခြင်းဖြစ်သည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားဟု ဒေါက်တာသက်ခိုင်ဝင်းပြော

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာသက်ခိုင်ဝင်း ကပြောကြားသည်။ ​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Eastin Grand Hotel Phayathai ၌ ဧပြီလ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိ ကျင်းပပြု လုပ်နေသည့် “၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ အ သည်းရောင်ရောဂါဆိုင်ရာညီလာခံ” သို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတက်ရောက်စဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ် သည်။ အဆိုပါ ညီလာခံကို "မည်သူမျှ နောက် ကျမကျန်စေရ" (Elimination...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းကတိုက်ခတ်ခဲ့သည့်လေပြင်းကြောင်း ရန်ကုန်တိုင်းရှိမြို့နယ်အချို့တွင် သစ်ပင်လဲကျမှုများဖြစ်ပေါ်

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းက ရန်ကုန်တိုင်းအ တွင်း၌ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်အ ချို့တွင် သစ်ပင်လဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊ ဓမ္မာရုံလမ်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးခနောင်တို(အရှေ့)ရပ် ကွက်၊ ရေတမာလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်၊ ဦးဖိုးကျားလမ်း၊ ရထားသံလမ်းပေါ်တို့တွင် သစ်ပင်များလဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒဂုံမြို့နယ်၊ ပြည်လမ်းမပေါ်၊ တော်ဝင်စင်တာရှေ့၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ ထီးတန်းအိမ်ရာရှေ့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၀)ရပ် ကွက်၊ ပုဏ္ဏမီလမ်းမပေါ်၊ ရန်ကင်းမြို့နယ်၊ (၁၆)ရပ် ကွက်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071