ဟန်ကျိုး၊ ဒီဇင်ဘာ ၂
တရုတ် ဉာဏ်ရည်တု နည်းပညာကုမ္ပဏီ DeepSeek သည် တနင်္လာနေ့ညနေပိုင်းတွင် မော်ဒယ်အသစ်နှစ်ခုဖြစ်သည့် DeepSeek-V3.2 နှင့် ၎င်း၏တွက်ချက်မှု စွမ်းရည်မြင့်ဗားရှင်း DeepSeek-V3.2-Speciale တို့ကို တရားဝင်ထုတ်ပြန်ခဲ့သည်။
DeepSeek-V3.2 သည် GPT-5 နှင့် ယှဉ်နိုင်သည်ဟု သိရသည်။ ဉာဏ်ရည်တု မိုဒယ်သည် ပိုမို၍ကျိုးကြောင်းဆီလျော်စွာ ဆင်ခြင်တွေးခေါ်နိုင်သကဲ့သို့ တွက်ချက်မှုတွင်လည်း ပိုမိုမြန်ဆန်သည်။
ဉာဏ်ရည်တုမိုဒယ်နယ်ပယ်ရှိ ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီများအကြား ပြိုင်ဆိုင်မှုသည် ပြင်းထန်လာသည်။ ဩဂုတ်လတွင် OpenAI သည် ၎င်း၏ အထင်ကရ မိုဒယ် GPT-5 ကို ယနေ့အထိ ၎င်း၏ စမတ်အကျဆုံးနှင့် အမြန်ဆန်ဆုံး မိုဒယ်အဖြစ် ဖော်ပြခဲ့သည်။ နိုဝင်ဘာလတွင် Google သည် ၎င်း၏နောက်ဆုံးပေါ် AI စနစ် Gemini-3.0-Pro ကို ထုတ်ပြန်ခဲ့သည်။
တွက်ချက်မှုမြန်ဆန်သော DeepSeek-V3.2-Speciale သည် GPT-5 ကို ကျော်လွန်ပြီး Gemini-3.0-Pro နှင့် ယှဉ်နိုင်သည်။ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားနိုင်စွမ်းတွင်ယှဉ်နိုင်သည်ဟု ကုမ္ပဏီကထုတ်ပြန်သည့် စာတစ်ပုဒ်အရ သိရသည်။
၂၀၂၃ ခုနှစ် ဇူလိုင်လတွင် စတင်တည်ထောင်ခဲ့သော DeepSeek သည် ဘာသာစကားမိုဒယ်များနှင့် ဘက်စုံဉာဏ်ရည်တု နည်းပညာများကို သုတေသနပြုခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အာရုံစိုက်ထားသည်။
Ref: ရှင်းဟွာ
