ဩစတြီးယားနိုင်ငံ၊ဗီယင်နာမြို့ရှိ Vienna International Centre ၌ မတ် ၁၃ ရက်က အွန်လိုင်းနှင့်ကော လူကိုယ်တိုင်ပါ တက်ရောက်နိုင်သည့် ပေါင်းစပ်ပုံစံ အစည်းအဝေးဖြင့်နူစမ်းသပ်မှုကို တားမြစ်ရေးနှင့်ဆိုင်သောအစည်းအဝေးကျင်းပခဲ့သည်။
ဘက်စုံနျူကလီးယားစမ်းသပ်မူတားမြစ်ရေးစာချုပ်အဖွဲ့ (CTBTO) ပြင်ဆင်ရေးကော်မရှင် ၏အကြိမ် (၆၀)မြောက် Working Group B အစည်းအဝေး ဖွင့်ပွဲသို့ ဦးမင်းသိမ်းတက်ရောက်ခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးအား မတ် ၁၃ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုများအပေါ် စောင့်ကြည့်စစ်ဆေးရေးဆိုင်ရာအစီအစဉ်များ အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်သည့် အတွင်းရေးမှူးရုံး၏ အစီရင်ခံ စာအား ပြန်လည်သုံးသပ်အကဲဖြတ်သွားမည်ဖြစ်သည်။
၂၀၂၄-၂၅ ခုနှစ် အတွက်အစီစဥ်များနှင့်ဘတ်ဂျက်ငွေ အဆိုပြုချက်(မူကြမ်း)အပေါ် လမ်းညွှန်ချက်များပံ့ပိုးခြင်းနှင့် ၂၀၂၂-၂၃ ခုနှစ်၊ Working Group B ၏ လုပ်ငန်းအစီအစဉ်တွင်ပါဝင်သော နည်းပညာဆိုင်ရာအခက်အခဲများကို ဖြေရှင်းခြင်းတို့နှင့်ပတ်သက်၍ လည်း ဆွေးနွေးသွားမည်ဖြစ်သည်။
အစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူး ဒေါက်တာနိုင်ညီညီအောင်က အွန်လိုင်းစနစ်ဖြင့်တက်ရောက်ခဲ့ပြီး၊ဗီယင်နာမြို့၊မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ ဒု-အတွင်းဝန် ဒေါ်မြတ်မဉ္ဇူပြုံးကအစည်းဝေးသို့တက်ရောက်လျက်ရှိသည်။


