Monday, February 2, 2026

အိန္ဒိယနိုင်ငံသံအမတ်ကြီး တာချီလိတ်ရှိ မြန်မာ-ထိုင်း-လာအိုနယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Shri Abhary Thakur သည် ဖေဖော်ဝါရီ ၁ ရက်က ရှမ်း...

ရက်ချိန်းယူထားသော နိုင်ငံကူးလက်မှတ် နှင့် ဗီဇာဝန်ဆော...

အမေရိကန်ပြည်ထောင်စုနှင့် ပြည်ပရှိအမေရိကန်သံရုံးများ၊ ကောင်စစ်ဝန်ရုံးများတွင် ရက်ချိန်းယူထားသော နိုင်ငံကူးလ က်မှတ် (passport)နှင့် ဗီဇာ (visa) ဝန်ဆောင်မှုများကို အ ခြေအနေခွင့်ပြုချက်အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြ...

ပေါင်းစည်းခြင်း အဓိပ္ပာယ်ဖြင့် “ပြည်ထောင်စုနေ့” အထိမ်းအမှတ်...

မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းတို့ ပူးပေါင်းကာ "ပြည်ထောင်စုနေ့" အထိမ်းအမှတ်အဖြစ် လက်ဖက်ပွဲတော်ကို စိမ်းလန်းစိုပြေ၌ ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၄ ရက်ထိ (၄)ရက်ကြာကျင်းပမည်။ အဆိုပါ...

ပဲခူးမြို့တော်ခန်းမ၌ (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ

မွန်တိုင်းရင်းသားမျာအနေဖြင့် မြန်မာနိုင်ငံတော်ကြီး ထာဝစဉ်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေးပူး ပေါင်းကြိုးစားကြစေလိုဟု ပဲခူးတိုင်းဝန်ကြီးချုပ်ပြော ယနေ့ ဖေဖော်ဝါရီ ၂ ရက်တွင်ကျရောက်သည့် (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ...
HomeEntertainmentပြည်တွင်းသတင်း EventCoca-Cola ရဲ့ ကမ္ဘာကျော်...

Coca-Cola ရဲ့ ကမ္ဘာကျော် ကမ်ပိန်း ‘Share a Coke’ နဲ့ ဖြတ်သန်းခဲ့ကြတဲ့ နေ့တစ်နေ့

Cola-1Coca-Cola မှ ‘Coke ကိုမျှဝေလိုက်ပါ’ ကမ်ပိန်းကို ၂၀၁၂ ခုနှစ်က သြစတြေးလျနိုင်ငံမှာ စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး နယူးဇီလန်၊ အာဂျင်တီးနား ၊ ဘရာဇီး ၊ တောင်အမေရိက ၊ ဗြိတိန် ၊ တူရကီ ၊ ဂျာမနီ ၊ စပိန် ၊ ချီလီ ၊ အမေရိကန် နဲ့ထိုင်းနိုင်ငံစတဲ့ နိုင်ငံပေါင်း ၇၀ကျော် ရှိ စားသုံးသူများအတွက် ပျော်ရွှင်ဖွယ်ရာ ဆုံစည်းချိန်များကို ဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Coca-Cola ရဲ့ ‘Share a Coke’ အစီအစဉ်နဲ့ အတူ မြန်မာနာမည် များကို Coca-Cola အချိုရည်ဘူး များမှာ ရိုက်နှိပ်ဖော်ပြ ရင်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြတဲ့နေ့လေး တစ်နေ့ကတော့ ဇူလိုင် ၉ ရက်နေ့ကပါ။ Junction City ဒုတိယထပ်မှာ မနက် ၁၁နာရီကနေ ည ၈နာရီ အချိန်အထိ ကျင်းပခဲ့တဲ့ Coca-Cola ရဲ့ ‘Share a Coke’ အစီအစဉ်မှာ Coca-Cola ပရိသတ်တွေ နဲ့အတူ နာမည်ကျော် Beauty Blogger နေခြည်ဦး၊ Project K Dancer အဖွဲ့၊ အဆိုတော် အမွန်း၊ အဆိုတော် Ar.T၊ The Four Music Band စတဲ့ အနုပညာရှင်တွေရဲ့ပူပေါင်းပါဝင်ဖျော်ဖြေ တင်ဆက်မှုတွေလည်းပါဝင်ခဲ့ပါတယ်။

Cola2Coca-Cola Myanmar ရဲ့ General Manager ဖြစ်သူ Mr.Rehan Khan က ” မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်း ဟာ ကွဲပြား ခြားနားတဲ့ စရိုက် သဘာဝ ရှိသူတွေ နဲ့ ဖွဲ့စည်းထားတဲ့၊ တက်ကြွပြီး အားမာန် ပြည့်ဝတဲ့ လူ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် တို့ရဲ့ ‘Coke ကို မျှဝေလိုက်ပါ’ ကမ်ပိန်း နဲ့ အတူ သူငယ်ချင်း အသစ်တွေ နဲ့မိတ်ဖွဲ့တဲ့အခါမှာ မိမိတို့ ရဲ့ ခံစားချက်တွေ ကို ထုတ်ဖော် ပြသဖို့၊ စတင် ဦးဆောင်ပြီး မိတ်ဆက် စကားပြော ဆိုဖို့၊ သူငယ်ချင်း အဟောင်းတွေ ဆိုရင် လည်း ချစ်ခြင်းမေတ္တာတွေ ပြန်လည်နွေးထွေးဖို့၊ မိသားစုနဲ့ အရင်က ထက် ပိုမို နီးနီး ကပ်ကပ် ရှိစေဖို့ Coca-Cola အနေနဲ့ တိုက်တွန်း သွားလိုပါတယ်” လို့ပြောပြ ခဲ့ပါတယ်။ ပူးပေါင်း ပါဝင် ခဲ့တဲ့ အဆိုတော် အမွန်းက လည်း ” Coca-Cola ကတော့ အမြဲတမ်း ဆန်းသစ်ပြီးတော့ ပရိသတ်တွေကို သူတို့ရဲ့ Coke လေးတွေကို Share လေ့ ရှိတယ်။ အခုလည်း သူတို့ရဲ့နည်း အသစ်ဖြစ်တဲ့ အချိုရည်ဘူး မှာ ကိုယ်ချစ်တဲ့ သူတွေရဲ့ နာမည်လေးတွေ ထွင်းပြီးတော့ လက်ဆောင်ပေးတာ ဆိုတော့ ပျော်ဖို့ကောင်း ပါတယ်။ ဈေးကွက် မှာ လည်း မြန်မာ နာမည်တွေ ဖြစ်တဲ့ မောင်တို့၊ ကိုတို့ နာမည် အတိုလေးတွေ ကို ထွင်းပြီးတော့မှ ရောင်းမှာဆိုတော့ အားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ ရင်ခုန်စွာဖြတ်သန်းနိုင်မှာပါ” လို့ သူမရဲ့အမြင် ကိုပြောပါတယ်။

Coca-Cola အနေ နဲ့ စားသုံးသူများရဲ့ နာမည်နဲ့ မိမိတို့ ချစ်ခင်ရ သူများရဲ့ နာမည်များကို Coca-Cola အချိုရည်ဘူး များပေါ် မှာ တွေ့မြင်ရမယ့် အခွင့်အရေးကို ‘Coke ကိုမျှဝေလိုက်ပါ’ အမည်ရှိ Coca-Cola ရဲ့စိတ်လှုပ်ရှားဖွယ် ကမ္ဘာကျော် ကမ်ပိန်းအစီ အစဉ်နဲ့ အတူ မြန်မာနိုင်ငံသို့ ယူဆောင်လာခဲ့ခြင်းဖြစ်ပါတယ်။
#ShareACokeMM

ဓါတ်ပုံ – မင်းမင်းထွန်း

Cola3

Cola4

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071