Monday, December 15, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeNewsLocal NewsCNG ဂတ်စ် ဝယ်ယူရ...

CNG ဂတ်စ် ဝယ်ယူရ ခက်ခဲမှုကြောင့် အငှားယာဉ်များနှင့် YBS ယာဉ်အချို့ အခက်ကြုံနေရဟုဆို

လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် CNG ဆိုင်များတွင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရသည့်အပြင် ဂတ်စ်အလုံ
အလောက်မရရှိမှုတို့ကြောင့် အငှားယာဉ်မောင်းများနှင့် YBS ယာဉ်အချို့အနေဖြင့် အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ် အချို့တွင် လျှပ်စစ်မီးပြတ်တောက်မှုများ အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေခြင်းကြောင့် CNG အသုံးပြုသည့် ယာဉ်များ ဓာတ်ငွေ့ရရှိရန် အခက်ကြုံနေကြရခြင်းလည်း ဖြစ်သည်။

“ ဂတ်စ်က မရဘူး။ ဂတ်စ် တစ်ခါတစ်ခါ ရဖို့အရေးကို မနက် (၃) နာရီကတည်းက ထတန်းစီနေရတယ်။ ရတဲ့ဂတ်စ် ကျတော့လည်း pressure ကောင်းကောင်းမရဘူး။ အပြည့်မရဘူး။ တစ်ခေါက်နှစ်ခေါက်လောက် ပတ်မောင်းလိုက်ရင် ကုန်ပြီ။ ဂတ်စ်က ခဏခဏ တန်းစီနေရတယ်။ ကားမောင်းချိန်ကို မရှိဘူး။ တစ်ခါတန်းစီရင် (၄) နာရီလောက်ကြာတယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အငှားယာဉ်မောင်း ကိုအောင်ကျော်ဦးက ပြောသည်။

ယခင်က CNG က တစ်ခါဖြည့်ထားပြီးပါက နေ့တစ်ဝက်ဝန်းကျင်အထိ အမောင်းခံပြီး တစ်ရက်လျှင် နှစ်ကြိမ်သာဖြည့်ရကြောင်းလည်း ၎င်းက ရှင်းပြသည်။

ယခုလက်ရှိတွင် CNG ဂတ်စ်ဖြည့်ရန် အချိန်ကြာမြင့်စွာ တန်းစီရခြင်းနှင့် ဂတ်စ်အလုံအလောက် မရရှိခြင်းတို့ကြောင့် ကားပြေးဆွဲသည့် အချိန်နည်းသည့်အတွက် အုံနာခပြည့်မီရန်ပင် ကြိုးစားရှာဖွေနေကြရကြောင်း အငှားယာဉ်မောင်းများက ပြောသည်။

လက်ရှိတွင် CNG ဂတ်စ်ရရှိမှု အခက်အခဲကြောင့် အငှားယာဉ်မောင်းများ အခက်ကြုံနေသည့်အပြင် ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများပါ ယာဉ်အစီးရေပြည့်ဝစွာ မထွက်နိုင်ကြောင်း YBS ယာဉ်လိုင်း အချို့မှ စုံစမ်းသိရသည်။

” ကျွန်တော်တို့ လိုင်းက တချို့ယာဉ်တွေ မထွက်တော့ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သင်္ကြန်နား နီးတာလည်း ပါတယ်။ အဓိကကတော့ CNG မရတာကြောင့်လည်း ပါတယ် ” ဟု ရွှေပြည်သာမြို့နယ် အခြေပြုကာ ရန်ကုန်မြို့ တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်း တစ်ဦးက ပြောသည်။

လာမည့် သင်္ကြန်ရက်အတွင်း ရန်ကုန်အပါအဝင် မြို့ကြီး အချို့ရှိ CNG အရောင်းဆိုင် (၃၀) ကို ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးသွားမည်ဟု မော်တော်ယာဉ်သုံး သဘာဝ ဓာတ်ငွေ့ဌာန၏ ‌ထုတ်ပြန်‌ကြေညာချက်အရ သိရသ ည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော် ရောင်းချပေးခဲ့

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071