တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင်ကျင်းပသည့် CHINA-ASEAN Esports ပြိုင်ပွဲ၌ မြန်မာကိုယ်စားပြုအသင်းနှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲအား တရုတ်နိုင်ငံ နန်နင်းမြို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ သုံးရက် တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ Mobile Legends နှင့် Valorant တို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
CHINA – ASEAN Esports Competition: 2025 (CAEC) ပြိုင်ပွဲတွင် တရုတ်၊ အင်ဒိုနီးရှား၊ တီမော၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံမှ အသင်းများဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
CHINA – ASEAN Esports Competition: 2025 (CAEC): Mobile Legends နှင့် Valorant ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံကိုယ်စားပြု Ai Esports နှင့် Team Ferox အသင်းတို့သည် စက်တင်ဘာလ ၁၅ ရက် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
