China-Asean Cup 2025 ပိုက်ကျော်ခြင်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့သည်ယနေ့ မေလ(၃၀)ရက် နံနက်ပိုင်းအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ထံကသိရသည်။
အဆိုပါ ပြိုင်ပွဲအား ဇွန်လ (၁)ရက်နေ့မှ(၄)ရက်နေ့အထိ တရုတ်နိုင်ငံ Huishui မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ အမျိုး သားအသင်းနှင့် အမျိုးသမီးအသင်း (၂) သင်း ပါဝင်ယှဥ်ပြိုင်မည်ဖြစ်ကာပြိုင်ပွဲအမျိုးအစားအနေဖြင့်(၃)ယောက်တွဲနှင့်(၄)ယောက်တွဲပြိုင်ပွဲ နှစ်ရပ်ကိုယှဥ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် တရုတ်နိုင်ငံ စသည့် နိုင်ငံ(၈)နိုင်ငံရှိလက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်သည်။
အမျိုးသား အားကစားသမားများအနေဖြင့်ဇင်မင်းဦး (အာ းဒစ်)၊ အောင်အောင်(အောင်ကြီး)၊ ဇော်မင်းခန့် (Rကြီး)
ရဲထက်၊ သန့်ဇင်ထွန်း၊ ဟန်ဝင်းထွဋ် တို့ပါဝင်ကာ အမျိုး သမီးအသင်းတွင် ဖြူဖြူသန်း၊ နန့်မေသူထွေး၊
ယမုံဇင်သီရိအောင်၊ ဖူးဖူး၊ ချယ်ရီလင်းသစ်တို့ဝင်ရောက်ယှဥ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ခရီးစဉ်အတွင်း မြန်မာ့လက်ရွေး စင်အသင်း Teamle ader အဖြစ် တွဲဘက်အတွင်းရေးမှုး ဦးစိုင်းဇော်ထွန်းလင်း၊အသင်းအုပ်ချုပ်သူအဖြစ် အလုပ်အမှူဆောင်ဦးသန်းထွန်းနှင့် ဦးထက်ဇော်၊ နည်းပြများအဖြစ် ဦးအောင်မျိုးသွင် နှင့် ဦးအောင်မျိုးဆွေတို့ လိုက်ပါသွားကြကြောင်း သိရသည်။