ဧပြီ ၂၁
ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Cato Networks က ChatGPT ၏ ဓါတ်ပုံများကိုထုတ်လုပ်နိုင်သော AI စွမ်းရည်ကြောင့် ယခုအခါ စက္ကန့်ပိုင်းအတွင်း ပတ်စပို့အတုများ၊ လူမှုဖူလုံရေးကတ်အတုများနှင့် ယာဉ်မောင်းလိုင်စင်အတုများကို အလွယ်တကူ ဖန်တီးထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း မကြာသေးမီက တွေ့ရှိခဲ့သည်။ Cato ကုမ္ပဏီ၏ ဆိုက်ဘာလုံခြုံရေးအကြံပေး အီတေးမာအော် က အဆိုပါစာရွက်စာတမ်းများကို မည်သူမဆို ယခုကဲ့သို့ လွယ်ကူစွာ ဖန်တီးနိုင်ခြင်းသည် အရေးကြီးသော ပြဿနာတစ်ခုဖြစ်ပြီး ကြောက်စရာကောင်းသော အရာတစ်ခုဖြစ်ကြောင်း၊ ၎င်းကို ကျွန်ုပ်အနေဖြင့် အမှန်တကယ်စိုးရိမ်မိကြောင်း၊ မည်သူမည်ဝါဖြစ်ကြောင်း ကို လိမ်လည် နိုင်ခြင်းသည် စိုးရိမ်ဖွယ်ရာ အမြင့်ဆုံးသို့ ရောက်ရှိနေကြောင်းပြောကြားခဲ့သည်။ ကိုယ်ရေးအချက်အလက်များကို ခိုးယူမှု ဖြစ်နိုင်ခြေကို ChatGPT က ပိုမိုကြီးမားအောင် မြှင့်တင်ပေးနေခြင်းဖြစ်ကြောင်း ကိုလည်းသူက ပြောကြားခဲ့သည်။
ဤအတောအတွင်း Google ၏ ဉာဏ်ရည်တု AI ကလည်း လင်းပိုင်များနှင့် ဆက်သွယ်ရန် ကြိုးပမ်းနေသည်၊ Nvidia သည် အမေရိကန်လုပ် စူပါကွန်ပြူတာများကို အခွန်စည်းကြပ်မှု အမိန့်အာဏာ မသက်ရောက်မီပြီးမြောက်အောင် တည်ဆောက်ရန် အပြိုင်အဆိုင် လုပ်ဆောင်နေပြီး စတင်လုပ်ဆောင်သည့် ဉာဏ်ရည်တု AI နည်းပညာသည် သင့်ဝန်ထုပ်ဝန်ပိုးကို သက်သာစေရန် သင့်အဖွားကိုပင် ဖုန်းခေါ်ဆိုနိုင်စွမ်းရှိသည်။ မျှော်လင့်ထားသည်ထက် မြန်ဆန်စွာ ပြောင်းလဲလာသော ဉာဏ်ရည်တု AI နည်းပညာလောကပင်ဖြစ်သည်။
Ref:အေအိုင်ပို့စ်