Sunday, July 13, 2025

မြစ်ရေများ စိုးရိမ်ရေမှတ်နားရောက်ရှိနေ

ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းမြစ်ရေများသည် စိုးရိမ်ရေမှတ်နား ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မကြာခဏ ထုတ်ပြန်နေသည်။ ထိုနည်းတူလူမှုအဖွဲ့အစည်းများကလည်း ရေဘေးအတွက်ကြိုတင်ပြင်ဆင်နေပြီး ရေဘေးကြုံတွေ့ရပါက ဘေးကင်းခိူလှူံရာနေရာများကြိုတင်ပြင်ဆင်နိုင်ရန်လည်း...

တောင်ငူမြို့ စစ်‌တောင်းမြစ်ရေတက်လာပါက ဘေးကင်းခိုလှုံရာနေရာများ ကြိုတင်ပြင်ဆင်ထား

တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ် ၆၀၀ မှ ၆၅၀ အတွင်းရောက်ရှိပါကဘေးကင်းခိုလှုံရာနေရာများကို ဦးစားပေးအဆင့် ၁ အနေဖြင့် ကြိုတင်သတ်မှတ်ပြင်ဆင်ထားနေကြသည်။ ထိုသို့ ပြင်ဆင်မှုများပြုလုပ်ရာ၌ရပ်ကွက်အလိုက် ပြောင်းရွှေ့ရမည့်...

MAEX မှကလောတွင် Whole Sale...

ရှမ်းပြည်နယ်တောင်ပိုင်းရှိ တညင်းကုန်းလက်ကားဈေးကြီးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် Whole Sale Market တစ်ခုကိုတည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)မှ သိရသည်။ အဆိုပါ Whole...

ပြည်တွင်း၌စက်မှုဇုန်(၂၈)ဇုန်တည်ထောင်ထားပြီး လုပ်သားပေါင်း(၅)သိန်းခွဲကျော် အလုပ်အကိုင်ရရှိနေ

ပြည်တွင်း၌စက်မှုဇုန်(၂၈)ဇုန် စက်မှုရပ်ကွက်(၅)ခု နှင့်ဆောင်ရွက်ဆဲ စက်မှုဇုန် စီမံကိန်း(၂)ခုရှိပြီး တည်ထောင်ပြီး စက်မှုဇုန်(၂၈)ဇုန်တွင် လုပ်သားပေါင်း(၅၅၆ ၀၀၉) ဦးကို အလုပ်အကိုင် အခွင့်လမ်းများ ဖန်တီးပေးထားကြောင်း...
HomeNewsLocal NewsCarsDB Showroom တွင်...

CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့် ၀ယ်ယူနိုင်မည့် ကားအရောင်းပြပွဲ

EV ကားများအပါအဝင် Brand New Cars Models အမျိုးအစားပေါင်းများစွာကို CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့် ၀ယ်ယူနိုင်မည့် ကားအရောင်းပြပွဲကို ရတနာလမ်း နှင့် ဆိပ်ကမ်းသာလမ်းထောင့်၊ ရတနာအိမ်ရာ၊ဒဂုံဆိပ်ကမ်းမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် (စနေနေ့) မှ ၁၆ ရက် (တနင်္ဂနွေနေ့) အထိ မနက် (၉) နာရီမှ ညနေ (၅)နာရီ အတွင်း အဆိုပါ အရောင်းပြခန်း၌ လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။

” အရစ်ကျစနစ် များဖြင့် ၀ယ်ယူနိုင်မည့် ကားအရောင်းပြပွဲကြီးတွင် Brand New Cars Models အမျိုးအစားပေါင်းများစွာ ၊ နောက်ဆုံးပေါ် EV ကားများစွာကို CarsDB Showroom တွင် အတန်ဆုံး နှင့် အသက်သာဆုံး ဈေးနှုန်းများ ၊ နှစ်ရှည် အရစ်ကျ ငွေပေးချေမှုများဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၀ယ်ယူသူများအတွက် အကောင်းမွန်ဆုံး ၀န်ဆောင်မှုများကိုလည်း ပေးသွားနိုင်ဖို့အတွက် ရည်ရွယ်ပြီး CarsDB Showroom အသစ် ဖွင့်ပွဲ နှင့် ကားအရောင်းပြပွဲကြီးအား ကျင်းပရခြင်းဖြစ်ပါတယ်” ဟု iMyanmarHouse, CarsDB နှင့် iMyanmarMarket တို့၏ Group of CEO ဦးနေမင်းသူ မှ ပြောကြားခဲ့သည်။

ကားအရောင်းပြပွဲကြီးတွင် Sino Truk VGV U75Plus ၊ EV အမျိုးအစားဖြစ်သည့် JMEV αρος EV EASY & EV 31 Compact SUV : BYD Model Song Plus 2024, HYUNDAI HYUNDAI ACCENT & HYUNDAI CRETA, JAC EV Taxi Brand New နာမည်ကြီး Brand ပေါင်းများစွာ ၊ နောက်ဆုံးပေါ် EV ကားများစွာ ပါဝင်ကြောင်း၊ အဆိုပါ အရောင်းပြပွဲကြီးအတွင်း ၀ယ်ယူပါက အထူးဈေးနှုန်းများ ၊ အရစ်ကျ ငွေပေးချေမှုစနစ်များ ရရှိမည်ဖြစ်သည့်အပြင် တစ်ခါတည်း Test Drive ပါ စမ်းသပ် နိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ရေများ စိုးရိမ်ရေမှတ်နားရောက်ရှိနေ

ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းမြစ်ရေများသည် စိုးရိမ်ရေမှတ်နား ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မကြာခဏ ထုတ်ပြန်နေသည်။ ထိုနည်းတူလူမှုအဖွဲ့အစည်းများကလည်း ရေဘေးအတွက်ကြိုတင်ပြင်ဆင်နေပြီး ရေဘေးကြုံတွေ့ရပါက ဘေးကင်းခိူလှူံရာနေရာများကြိုတင်ပြင်ဆင်နိုင်ရန်လည်း ဆောင်ရွက်နေသည်။ လတ်တလောတွင် ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့နယ်၏ စိုးရိမ်ရေမှတ်အောက်၌ ရှိနေ‌သေးသော်လည်း နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။ စစ်တောင်းမြစ်ရေသည်လည်း တောင်ငူမြို့၌ စိုးရိမ်ရေမှတ်အောက်ရှိနေသေးသော်လည်း တောင်ငူမြို့ အနောက်ဆင်ရွာ ရေတက်လာသည့် အတွက် ဒေသတွင်းပရဟိတပူးပေါင်းအဖွဲ့များက လိုအပ်သည့် သက်ကယ်လှေများနှင့်အတူ အဆိုပါ ရွာသို့ရောက်ရှိကာ အသင့်ပြင်ဆင်ထားလျက်ရှိသည်ဟုဆိုသည်။ သို့သော် စစ်တောင်းမြစ်ရေသည်မဒေါက်မြို့တွင်မူ စိုးရိမ်ရေမှတ်၏ အထက်ကို ကျော်လွန်ရောက်ရှိလာနေသည်။ ထိုနည်းတူ ချင်းတွင်းမြစ်ရေသည်လည်း...

တောင်ငူမြို့ စစ်‌တောင်းမြစ်ရေတက်လာပါက ဘေးကင်းခိုလှုံရာနေရာများ ကြိုတင်ပြင်ဆင်ထား

တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ် ၆၀၀ မှ ၆၅၀ အတွင်းရောက်ရှိပါကဘေးကင်းခိုလှုံရာနေရာများကို ဦးစားပေးအဆင့် ၁ အနေဖြင့် ကြိုတင်သတ်မှတ်ပြင်ဆင်ထားနေကြသည်။ ထိုသို့ ပြင်ဆင်မှုများပြုလုပ်ရာ၌ရပ်ကွက်အလိုက် ပြောင်းရွှေ့ရမည့် ကယ်ဆယ်ရေးစခန်း ၂၄ ခုပြင်ဆင်ထားကာ စခန်းအလိုက်လူဦးရေ ၅၀၀မှ၂၀၀၀ နီးပါးခိုလှုံနိုင်မည့် စခန်းများပါဝင်သည်။ ထို့အပြင် စခန်းအလိုက် ကူညီဆောင် ရွက်ပေးရမည့် ပရဟိအဖွဲ့အစည်းများကိုလည်း စခန်းများအလိုက် သတ်မှတ်ထားပြီး အင်အားအနည်းဆုံး ၁၀ ဦးမှ ၃၀ ဦးအထိ သတ်မှတ်ထားကြောင်း သိရသည်။ ယနေ့ နံနက် ၆နာရီအချိန်၌ တောင်ငူမြို့ အနောက်ဆင်ရွာ ရေတက်လာသည့် အတွက်...

MAEX မှကလောတွင် Whole Sale Market တစ်ခုတည်ဆောက်မည်

ရှမ်းပြည်နယ်တောင်ပိုင်းရှိ တညင်းကုန်းလက်ကားဈေးကြီးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် Whole Sale Market တစ်ခုကိုတည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)မှ သိရသည်။ အဆိုပါ Whole Sale Market ကို ယခုခုနှစ်ကုန်ပိုင်းအတွင်း ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း သိရသည်။ " ရှမ်းပြည်နယ်တောင်ပိုင်း မှာ Whole Sale Market ကိုတည်ဆောက်သွားဖို့ရှိပါတယ်။ဒါလေးကို ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရင်းနှီးမြုပ်နှံလိုတဲ့ ကုန်သည်လက်လီ လက်ကားသမားကြီးတွေရော ၊ တစ်ဆင့်ပြန်ရောင်းချလိုသူတွေကို သတင်းစကားပါးလိုပါတယ်။၁၀ နှစ်ပြည့်အထိမ့်အမှတ်အနေနဲ့ ဖွင့်လှစ်သွားမှာပါ" ဟုမြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071