Carabao Futsal Champion Cup 2025 ပြိုင်ပွဲတွင် Winner Generations အသင်း ဗိုလ်စွဲကာ ချန်ပီယံဆုဆွတ်ခူးရရှိခဲ့ကြောင်း ယနေ့ ဇူလိုင်လ (၂၇) ရက်တွင် မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်က အသိပေးထုတ်ပြန်သည်။
ဗိုလ်လုပွဲကို ယမန်နေ့ ဇူလိုင်လ (၂၆)ရက် မွန်းလွဲပိုင်းက MIUFC နှင့် Winner Generations FC တို့ ယှဉ်ပြိုင်ကစားခဲ့ရာ Winner Generations FC က ပင်နယ်တီ အဆုံးအဖြတ် (၄)ဂိုး (၂) ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲ၏ ချန်ပီယံဆု ရရှိခဲ့သော Winner Generations FC ကို အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ် (၇၅)သိန်းကို ပေးအပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က ချန်ပီယံ ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အလားတူ ပြိုင်ပွဲ၏ အသန့်ရှင်းဆုံးဆု ရရှိခဲ့သော YRG FC အသင်းကို Century Beverage Co.Ltd မှ Managing Di rector ဦးစိုင်းဝင်းအောင် က အမှတ်တရ ဆုဖလားနှင့် ဆု ကြေးငွေ ကျပ် (၅) သိန်းကို ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေက ပြိုင်ပွဲ၏ အကောင်းဆုံး ဂိုးသမားဆု ရရှိခဲ့သော Winner Gene rations အသင်းမှ ကျော်ရဲသွေးကို အမှတ်တရ ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် (၅) သိန်းကို ပေးအပ်ခဲ့သည်။
ထိုနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန် ကြီး ဦးဌေးအောင်က ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သော Winner Generations FC မှ ထွဋ်ထွဋ်လွင် ကို အမှတ်တရဆုနှင့် ဆုကြေးငွေ ကျပ် (၅) သိန်းကိုပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့ပြင် ပြိုင်ပွဲတွင် စတုတ္ထဆု ရရှိခဲ့သော TG United FC အသင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး က ဆုကြေးငွေကျပ် (၁၅) သိန်းကို ပေးအပ်ခဲ့သည်။
ပြိုင်ပွဲ၏ တတိယဆု ရရှိခဲ့သော YRG FC အသင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာ ဝန်ကြီးဦးဇော်ဝင်းက တစ်ဦးချင်း ဆုတံဆိပ်ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် ဆုကြေးငွေကျပ် (၂၅)သိန်းကိုလည်းကောင်း၊ ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော MIU FC အသင်းကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဘိုဌေး က တစ်ဦးချင်း ဆုတံဆိပ်ကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ဆုကြေးငွေ ကျပ်သိန်း (၅၀) ကိုလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။
