(Unicode)
BTS အဖွဲ့ဝင် Suga ကိုဗစ်ကူးစက်ခံရ
BTS အဖွဲ့ဝင် Suga ဟာ ကိုဗစ်ကူးစက်ခံထားရကြောင်း Bit Hit Music က ဒီဇင်ဘာ ၂၄ရက်နေ့မှာ အတည်ပြုထားပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်အပြည့်အစုံမှာ-“ဟယ်လို ဒါကတော့ Bit Hit Music ပါ။
BTS အဖွဲ့ဝင် Suga ဟာ ဒီဇင်ဘာ ၂၃ရက်နေ့မှာ ကိုရီးယားကိုပြန်ရောက်လာပြီး ကွာရန်တင်းဝင်နေစဉ် ဒီဇင်ဘာ ၂၄ရက်နေ့မှာ ကိုဗစ်၁၉ ကူးစက်ခံထားရကြောင်း အဖြေထွက်လာခဲ့ပါတယ်။
Suga ဟာ ဒုတိယအကြိမ်မြောက် ကိုဗစ် ၁၉ ကာကွယ်ဆေးကို ဩဂုတ်လနှောင်းပိုင်းမှာ ထိုးထားခဲ့ပြီး ယနေ့အချိန်ထိ ကူးစက်ခံရတဲ့ လက္ခဏာတစ်ခုမှ မပြသေးပါဘူး။
လက်ရှိမှာတော့ Suga ဟာ ကျန်းမာရေးစောင့်ရှောက်မှုအာဏာပိုင်တွေရဲ့ လမ်းညွှန်ချက်နဲ့အညီ အိမ်မှာ ကိုယ့်ကိုယ်ကို ပြုစုစောင့်ရှောက်လျက် ရှိပါတယ်။
BTS ရဲ့တရားဝင်အားလပ်ချိန်အတွင်း အမေရိကမှာကိုယ်ရေးကိုယ်တာကိစ္စတွေရှိခဲ့တဲ့ Sugaဟာ အမေရိကန်မသွားခင် PCR စစ်ဆေးခဲ့ပြီး ပိုးကူးစက်ခံထားရခြင်းမရှိကြောင်း အဖြေထွက်ခဲ့ပါတယ်။
ကိုရီးယားကို ပြန်ရောက်ပြီးနောက် PCR စစ် ဆေးမှုကို ထပ်မံခံယူကာ ကွာရန်တင်းဝင်နေစဉ် ပိုးကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။ Suga ဟာ အမေရိကန်ကပြန်ရောက်ပြီးနောက် တခြားအဖွဲ့ဝင်တွေနဲ့ အဆက်အသွယ်လည်း မရှိခဲ့ပါဘူး။
ကုမ္ပဏီအနေနဲ့ အနုပညာရှင်တွေရဲ့ ကျန်းမာရေးဟာ ဦးစားပေးဖြစ်ပြီး Suga အမြန်ပြန်လည်ကောင်းမွန်လာဖို့ တတ်နိုင်သမျှ ကူညီပေးပါမယ်။
ကျန်းမာရေးစောင့်ရှောက်မှု အာဏာပိုင်တွေရဲ့ တောင်းဆိုချက်နဲ့ လမ်းညွှန်မှုတွေကိုလည်း ဝီရိယရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်။
ကျေးဇူးတင်ပါတယ်”
Suga အမြန်သက်သာလာဖို့ ပရိသတ်တွေ ဆုတောင်းပေးကြပါဦးနော်။
(Zawgyi)
BTS အဖြဲ႕ဝင္ Suga ကိုဗစ္ကူးစက္ခံရ
BTS အဖြဲ႕ဝင္ Suga ဟာ ကိုဗစ္ကူးစက္ခံထားရေၾကာင္း Bit Hit Music က ဒီဇင္ဘာ ၂၄ရက္ေန႔မွာ အတည္ျပဳထားၿပီး ေၾကညာခ်က္တစ္ေစာင္
ထုတ္ျပန္ခဲ့ပါတယ္။
ထုတ္ျပန္ခ်က္အျပည့္အစုံမွာ-“ဟယ္လို ဒါကေတာ့ Bit Hit Music ပါ။
BTS အဖြဲ႕ဝင္ Suga ဟာ ဒီဇင္ဘာ ၂၃ရက္ေန႔မွာ ကိုရီးယားကိုျပန္ေရာက္လာၿပီး ကြာရန္တင္းဝင္ေနစဥ္ ဒီဇင္ဘာ ၂၄ရက္ေန႔မွာ ကိုဗစ္၁၉ ကူးစက္ခံထားရေၾကာင္း အေျဖထြက္လာခဲ့ပါတယ္။
Suga ဟာ ဒုတိယအႀကိမ္ေျမာက္ ကိုဗစ္ ၁၉ ကာကြယ္ေဆးကို ဩဂုတ္လေႏွာင္းပိုင္းမွာ ထိုးထားခဲ့ၿပီး ယေန႔အခ်ိန္ထိ ကူးစက္ခံရတဲ့ လကၡဏာတစ္ခုမွ မျပေသးပါဘူး။
လက္ရွိမွာေတာ့ Suga ဟာ က်န္းမာေရးေစာင့္ေရွာက္မႈအာဏာပိုင္ေတြရဲ႕ လမ္းၫႊန္ခ်က္နဲ႔အညီ အိမ္မွာ ကိုယ့္ကိုယ္ကို ျပဳစုေစာင့္ေရွာက္လ်က္ ရွိပါတယ္။
BTS ရဲ႕တရားဝင္အားလပ္ခ်ိန္အတြင္း အေမရိကမွာကိုယ္ေရးကိုယ္တာကိစၥေတြရွိခဲ့တဲ့ Sugaဟာ အေမရိကန္မသြားခင္ PCR စစ္ေဆးခဲ့ၿပီး ပိုးကူးစက္ခံထားရျခင္းမရွိေၾကာင္း အေျဖထြက္ခဲ့ပါတယ္။
ကိုရီးယားကို ျပန္ေရာက္ၿပီးေနာက္ PCR စစ္ ေဆးမႈကို ထပ္မံခံယူကာ ကြာရန္တင္းဝင္ေနစဥ္ ပိုးကူးစက္ခံထားရေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ Suga ဟာ အေမရိကန္ကျပန္ေရာက္ၿပီးေနာက္ တျခားအဖြဲ႕ဝင္ေတြနဲ႔ အဆက္အသြယ္လည္း မရွိခဲ့ပါဘူး။
ကုမၸဏီအေနနဲ႔ အႏုပညာရွင္ေတြရဲ႕ က်န္းမာေရးဟာ ဦးစားေပးျဖစ္ၿပီး Suga အျမန္ျပန္လည္ေကာင္းမြန္လာဖို႔ တတ္ႏိုင္သမွ် ကူညီေပးပါမယ္။
က်န္းမာေရးေစာင့္ေရွာက္မႈ အာဏာပိုင္ေတြရဲ႕ ေတာင္းဆိုခ်က္နဲ႔ လမ္းၫႊန္မႈေတြကိုလည္း ဝီရိယရွိရွိနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားပါမယ္။
ေက်းဇူးတင္ပါတယ္”
Suga အျမန္သက္သာလာဖို႔ ပရိသတ္ေတြ ဆုေတာင္းေပးၾကပါဦးေနာ္။